MARS 15 (Unicode)

7.8K 930 40
                                    

ရိပေါ်က တကယ်ပဲ သူထင်ထားသလို အလေးအနက်မဟုတ်ခဲ့ဘူးလား။ သူ့ကိုလူတိုင်းရှေ့မှာ ကျွန်တော့်ကောင်လေးလို့ ရဲရဲဝံ့ဝံ့ လက်ဆွဲပြီးမိတ်ဆက်ပေးခဲ့တာတွေ။ ပွေပါတယ် ရှုပ်ပါတယ်လို့ နာမည်ကြီးလှတဲ့ကောင်လေးက သူ့ဘက်က သဘောတူညီမှုမပါရင် လက်ဖျားနဲ့တောင် မတို့မထိ နဲ့ တန်ဖိုးထားပြတာတွေ။ အမြဲတမ်းလိုလို သူ့အတွက် ရှောင်းကျန့်က ကံကောင်းခြင်း ဆုလာဘ်တခုလို ပြောခဲ့တာတွေ။ ဒါတွေ ဘယ်နေရာကမှ အပျော်သဘောလို့ သက်ရောက်မနေခဲ့တာ။

အခုလို အစိမ်းသက်သက်ဖြတ်လိုက်ဖို့ဆိုတာ ရိပေါ်ဘက်က အကြောင်းမရှိပဲနဲ့လို့ လက်မခံနိုင်။ သူရိပေါ်နဲ့ နှစ်ယောက်ထဲစကားပြောချင်သည်။ တကယ်လို့ ဆွန်းယွန်းက သူ့အကြောင်း ရိပေါ်ကို ပြောပြခဲ့တယ်ဆိုရင်တောင် သူကိုယ်တိုင် ဖြစ်သမျှ အကြောင်းစုံ ရိပေါ်ကို ရှင်းပြပြီး ရိပေါ်ဆုံးဖြတ်ချက်ကို ခံယူချင်သည်။

ဒါပေမယ့် ရိပေါ်က အခုဘယ်မှာလဲ. . .

စန်းလီထွမ်လမ်းထဲက ကော်ဖီဆိုင်မှာ ဟို ပိန်ပိန်သေးသေးကောင်မလေးနဲ့ ပြုံးရယ်ပြီး စကားတွေပြောနေမလား။ ဒါက ရိပေါ်ပုံစံမဟုတ်။ သူသိခဲ့တဲ့ အရင်ရိပေါ်ဆိုရင် ကောင်မလေးနဲ့ လူရှင်းရာ တစ်နေရာရာကို သွားပြီး. . . . 

ရှောင်းကျန့် ဆက်မတွေးရဲတော့။ ရိပေါ်ကို ယုံကြည်ချင်နေသေးသည်။

သူသိတဲ့ ဝမ်ရိပေါ်

သူချစ်တဲ့ ဝမ်ရိပေါ်

သူ့ကိုချစ်တဲ့ ဝမ်ရိပေါ်က ဒီအိမ်ကို ပြန်လာမယ်မလား။ သော့ခတ်ထားတဲ့ ရိပေါ်အခန်းတံခါးက ကွာကျနေတဲ့ ဆေးသားတွေကို လက်နဲ့ထိုင်ခွာနေမိသည်။ အောက်ခံ ဆေးသားက တစ်ရောင်။ နောက်မှ ထပ်သုတ်ထားဟန်ရှိတဲ့ အပြာတောက်တောက်က တစ်ရောင်။

ရိပေါ်ရယ် ပြန်လာခဲ့ပါ။ ငါ့ရဲ့ အကြောင်းတွေအကုန် မင်းကို ဖွင့်ဟပြောပြပါ့မယ်လို့ သူ စာပို့ထားပေမယ့် ရိပေါ်က သူ့ မတ်ဆေ့ချ်ကို ဖွင့်တောင်မကြည့်ခဲ့ပါ။

"ရှောင်းကျန့်မလား"

သူ့ကိုနှုတ်ဆက်သံကြားလို့ လှည့်ကြည့်တော့ ရိပေါ်ဘေးအခန်းက ကျိုးချန်ဆိုတဲ့ကောင်လေး။ လက်ထဲမှာ အထုပ်တွေနဲ့ အလုပ်က ပြန်လာဟန် တူသည်။

MARSWhere stories live. Discover now