MARS 14 (Unicode)

7.1K 898 50
                                    

ရှန့်ခုံးပို့တဲ့ မတ်ဆေ့ချ်ကြောင့် ရှောင်းကျန့်အိမ်ကို ရောက်တဲ့အချိန် မြင်လိုက်ရတဲ့ မြင်ကွင်းက ရိပေါ်ကို ပြာဝေသွားစေသည်။ ကြမ်းပြင်ပေါ်မှာလဲနေတဲ့ ရှောင်းကျန့်အပေါ် အုပ်မိုးကာ အင်္ကျီတွေ ဆွဲချွတ်နေတဲ့ ရှန့်ခုံးကို ဂုတ်က ဆောင့်ဆွဲခွာလိုက်ပြီး လက်သီးနှစ်ချက်လောက် ပစ်ကျွေးလိုက်သည်။

"မင်းဘာလုပ်တာလဲ။ မင်းဘာလို့ ဒီလိုလုပ်ရတာလဲ"

ရှန့်ခုံးကို နံရံနဲ့ ပစ်ဆောင့်လိုက်ပြီး ရုန်းမရအောင် အင်္ကျီကော်လာကို တင်းတင်းဆုပ်ထားရင်း အော်မေးမိသည်။ ရှန့်ခုံးက သူ့ကိုတမင် ခေါ်လိုက်တယ်ဆိုတာ သိပေမယ့် အခုလိုမျိုး လုပ်ရပ်ကိုမျှော်လင့်မထားမိ။ မြင်လိုက်ရတဲ့ အနေအထားက မေးစရာမလိုအောင် ဘာတွေဖြစ်နေလဲ သိသာလှသည်။

ရှန့်ခုံးက ရိပေါ်လက်ထဲမှာ အရုပ်လေးတစ်ရုပ်လို သူလုပ်သမျှ ဘာမှမတုံ့ပြန်ပဲ နေနေရာကနေ နှုတ်ခမ်းထောင့်က တွန့်ကွေးလို့ နာနာကျည်းကျည်းအပြုံးတစ်ပွင့် ဖြစ်လာသည်။

"သူသာ မင်းအပေါ် ရိုးရိုးသားသားရှိတယ်ဆို ငါက ဒီလိုလုပ်စရာလား။ သူက မင်းကို လိမ်နေတာ။ တောက်လျှောက်လိမ်နေတာ။ ရှောင်းကျန့်က မုဒိန်းကျင့်ခံရဖူးတယ်ဆိုတာ မင်းသိလား"

ရိပေါ် ခေါင်းပေါ် မိုးကြိုးပစ်ချလိုက်သလို ခံစားလိုက်ရသည်။ ရှန့်ခုံးသူ့ကိုလိမ်နေတာလို့ ထင်ချင်ပေမယ့် သူနဲ့တုန်းကလဲ ခါးခါးသီးသီးဖြစ်နေခဲ့တဲ့ ရှောင်းကျန့်ပုံစံကို ပြန်သတိရလာသည်။

"မင်းမသိဘူးမလား။ ဘယ်သိမလဲ မင်းကို သူမှမယုံတာ။ မင်းက သူ့ကိုယုံသလို မင်းကို သူကမယုံဘူး"

"မပြောနဲ့"

ရိပေါ် အော်ပြီး ရှန့်ခုံးမျက်နှာကို နောက်တစ်ချက်ထပ်ထိုးချလိုက်သည်။ ရှန့်ခုံးက ပါးစပ်ထဲစိမ့်လာသည့် သွေးတွေကို ထွေးထုတ်ရင်း အဆက်မပြတ်ရယ်နေသည်။

"ရှောင်းကျန့်ကို မုဒိန်းကျင့်တာ ဘယ်သူလဲသိလား။ သူအခုအတူူတူပြန်သွားနေမယ့် သူ့ဦးလေးတဲ့။ ငါက သူ့ကို အဲ့ဒီလူနဲ့ ဘယ်လိုအခြေအနေကြုံခဲ့ဖူးတယ်ဆိုတဲ့ မှတ်ဉာဏ်ကိုပြန်ခေါ်ပေးတာ။ မင်းကိုပြောဖို့ မေ့နေမှာစိုးလို့"

MARSWhere stories live. Discover now