ပေါ်လင်းနဲ့ ရိပေါ် ဆောက်လုပ်ရေးလုပ်ငန်းခွင်နဲ့ ခပ်လှမ်းလှမ်းက အုတ်ခုံမှာထိုင်ရင်း ဆေးလိပ်ဖွာနေကြသည်။ ပေါ်လင်းဆီက ဈေးကြီးကြီးဆေးလိပ် အရသာက ရိပေါ် ကုန်စုံဆိုင်တွေမှာဝယ်နေကျ အပေါစားဆေးလိပ်တွေထက် သောက်ကောင်းတာတော့အမှန်ပဲ။"ပြောပါဦး ဘာလို့လိုက်ရှာနေတယ်ဆိုတာ"
ရိပေါ်က စကားစေတာ့မှ ပေါ်လင်းက သူ့ဆံပင်တိုတိုတွေကို တချက်သပ်ပြီး နှုတ်ခမ်းနီရဲရဲဆိုးထားတဲ့ နှုတ်ခမ်းနှစ်လွှာကြားက ဆေးလိပ်တိုကိုအဆုံးထိရှိုက်ပြီး လွှင့်ပစ်လိုက်သည်။
"အလကားနေရင်းတော့ လာရှာမလားကောင်လေးရဲ့။ အရေးကြီးတာရှိလို့ပေါ့"
"ကျွန်တော်ဘယ်မှာရှိတယ်ဆိုတာ ဘိုးတော်သိတာပဲ"
ပေါ်လင်းက ပုခုံးတွန့်ရင်းနောက်ထပ် ဆေးလိပ်တလိပ်ကိုထပ်မီးညှိသည်။ သူမီးညှိတဲ့ပုံစံက အတော်ကြည့်လို့ကောင်းသည်။ ရိပေါ် ငယ်ငယ်ကတည်းက ပေါ်လင်းပုံစံက သည်လိုပဲ သိပ်မပြောင်းလဲလို့ထင်ရသည်။
"ရိဝေကို မေးမယ့်အစား ငါ့ဘာသာလိုက်ရှာလိုက်တာက ပိုမြန်ပါတယ်။ တိုတိုပဲပြောမယ် ကျိရှန့်ခုံးပေကျင်းကိုရောက်နေတယ်။ မင်းနဲ့တွေ့ပြီးပြီလား"
"ဘယ်ခေတ်က သတင်းတွေသယ်လာတာလဲ။ သူက အခု ကျွန်တော်တက်နေတဲ့ကျောင်းမှာတောင် လာတက်နေပြီ"
ပေါ်လင်းပုံစံက ချက်ချင်းလှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ အမြဲတမ်း မော်ချီပြီးချေနေတဲ့မျက်နှာပေးက အခုလို ထိတ်လန့်တဲ့အမူအယာနဲ့သိပ်တော့မလိုက်ဖက်။
"မင်းသိပြီးပြီလားရိပေါ်။ ရှန့်ခုံး ဒီကိုမလာခင် အေမရိကားမှာ လူသတ်မှုဖြစ်ခဲ့တာ"
ပေါ်လင်းက သူ့ထုံးစံအတိုင်း စကားကိုကွေ့ဝိုက်မနေပဲ လိုရင်းကိုဒဲ့ဒိုးပြောချလိုက်သည်။ ဆွံ့အသွားရသူမှာ ဝမ်ရိပေါ်သာ။
သူနားကြားများမှားတာလား။ ဒါမှမဟုတ် ပေါ်လင်းပြောတာကို အဓိပ္ပါယ်ကောက်လွဲတာလားရယ်လို့ မသေချာမရေရာတဲ့ အကြည့်နဲ့ ပြန်ကြည့်တော့ ပေါ်လင်းက လက်ထဲက တစ်ဝက်မကျိုးသေးတဲ့ စီးကရက်ကို တောက်ထုတ်ပစ်လိုက်ပြီး ရိပေါ် လက်ဖဝါးတွေကိုတင်းတင်းဆုပ်ကိုင်လာသည်။
YOU ARE READING
MARS
Fanfictionတချို့လူတွေက နူးညံ့တယ် ထင်ရပေမယ့် တကယ်တမ်းကျ ကြံ့ခိုင်တယ်။ တချို့တွေကတော့ ကြံ့ခိုင်တယ် ထင်ရပေမယ့် တကယ်တမ်းကျ မူးညံ့လွန်းလှတယ်။ တချို့လူတွေက နူးည့ံတယ် ထင်ရပေမယ့် တကယ်တမ်းကျ ကြံ့ခိုင်တယ်။ တချို့တွေကတော့ ကြ့ံခိုင်တယ် ထင်ရပေမယ့် တကယ်တမ်းကျ မူးည့ံလွန်းလှ...