MARS 20 (Unicode)

8K 957 46
                                    

ရှောင်းကျန့်ဆေးရုံဆင်းတဲ့နေ့မှာ ဆေးရုံမှာစောင့်အိပ်တဲ့ ရိပေါ်နဲ့ သူ့ကို ရိပေါ်ပါပါးက ကားလွှတ်ပြီးကြိုပေးသည်။ ရိပေါ်က ကြိုပြောထားတာကြောင့် သူတို့အရင်တိုက်ခန်းလေးကနေ ရိပေါ်ပါပါးအိမ်ကို ပြောင်းနေရမည်ဆိုတာကို သိထားရတာမို့ သူတို့ကို လာခေါ်တာကို သိပ်တော့မအံ့သြမိ။

အာရီးကတော့ ဆေးရုံမှာ လာတွေ့ပြီး မျက်နှာသိပ်မကောင်း။ တမြို့ထဲမှာ မကြာခဏလာတွေ့ပါ့မယ်လို့ ရှောင်းကျန့်က ကတိအထပ်ထပ်ပေးပေမယ့် အာရီးက သူ့ကိုစိတ်မချနိုင်တာကို နားလည်ပါသည်။ တဖက်မှာလဲ သူဆေးရုံတက်နေတုန်းတောက်လျှောက် ရိပေါ်က အနားကနေ တဖဝါးမခွာပဲ စောင့်ရှောက်နေတာမြင်တော့ ရိပေါ်အပေါ် အာရီးအမြင်က အရင်ကထက် အများကြီးပျော့ပြောင်းလာသည်။

ရိပေါ်တို့အိမ်က ချမ်းသာတယ်ဆိုတာ ရှောင်းကျန့်သိပေမယ့် တကယ်တမ်း ရောက်သွားတဲ့အခါ ရှောင်းကျန့်မျှော်မှန်းထားတာထက် အဆများစွာပိုနေသည်။ ကြီးမားသည့် ခြံဂိတ်တံခါးဝကနေ အိမ်ကိုတောင်လှမ်းမမြင်ရ။ အိမ်ပုံစံကလည်းအဝင်ဘက် အပြင်က ကြည့်ရင် နှစ်ထပ်လောက်သာရှိသယောင်ထင်ရပေမယ့် ရိပေါ်အပြောဆို အနောက်ဘက်က ကြည့်ရင် လေးထပ်ရှိသည်တဲ့။

ဒါပေမယ့် အနက်ရောင် စကျင်ကျောက်တွေနှင့် အိမ်ပုံစံက ခေတ်ပေါ်လက်ရာပေမယ့် ရှောင်းကျန့်မျက်စိထဲ တက်ကြွလန်းဆန်းမှုမရှိပဲ မှိုင်းနေသည်။ ဒီလိုတိတ်ဆိတ်ပြီး အေးစက် မှုန်မှိုင်းနေသည့် နေရာမှာ ရိပေါ်မနေချင်တာလဲ အဆန်းတော့မဟုတ်။

"သူဌေးဝမ်က အပေါ်ထပ်ဧည့်ခန်းမှာ ရှိပါတယ်"

ရှောင်းကျန့်နဲ့ ရိပေါ်ကို ကြိုပေးတဲ့ အိမ်ထိန်းအဖိုးကြီးကို ရိပေါ်က အသိအမှတ်ပြုတယ်ဆိုရုံနှုတ်ဆက်သည်။

"ကျွန်တော်က သူတို့ကို သိပ်မသိဘူး"

ဒီဟာက ရိပေါ်ဒီအိမ်မှာ မနေတာများလို့ကြောင့်ဟုထင်သည်။ "လောင်ပိုင် က ကျွန်တော်ငယ်ငယ်တုန်းကတော့ သူထိန်းပေးတာပဲ။ ဒါပေမယ့် သူက ပါပါးပြောသမျှ အကုန်လိုက်လုပ်ပေးတဲ့လူ"

MARSWhere stories live. Discover now