Chapter 150 Demon activity (Z & U)

Start from the beginning
                                    

Unicode
C-150 Demon activity.

အခန်း၁၅၀ မိစ္ဆာလှုပ်ရှားမှု
You XiaoMo ကို အထင်သေးတဲ့ကောဟဟာလတွေ ကြားနေရသည်။ အဆင့်နှစ်မှော်ဆရာကနေ နှစ်လအတွင် အဆင့်သုံးမှော်ဆရာဖြစ်ချင်တယ်?  စိတ်ကူးယဉ်နေတာ အသိသာကြီး!
သို့သော် အဆင့်ချိုးဖောက်ဖို့အတွက် သီးသန့်ပြင်ဆင်နေတဲ့ You XiaoMo ကတော့ ဘာမှမသိပေ။ သူက Billboard ဇယားမှာ နံပါတ်တစ်ဖြစ်နေကို အလွယ်အကူပဲ ဘာမှကိုမသိ။ သူက မကောင်းဘက်မှာ ရှိနေရုံလေးသာ။ အဲဒိ Billboard ဇယားထဲက အကြောင်းအရာ ဆိုတာကလည်း လူတိုင်းနဲ့အတင်းအဖျင်းတွေရဲ့ခေါင်းစည်းတွေစုထားခြင်းဖြစ်သည်။
ကမ္ဘာမြေပဲဖြစ်ဖြစ် အခြားကမ္ဘာပဲ ဖြစ်ဖြစ် လူလားတွေကတော့ သူ့တို့တွေရဲ့ သူတပါးကို ၀င်ရောက်စွက်ဖက်တတ်တဲ့ သဘာဝကတော့ မပြောင်းလဲပေ။ အထူးသဖြင့် သူတို့၏ နေ့ရက်တိုင်းလေ့ကျင့်ခြင်းဖြင့်သာ အချိန်ကုန်တဲ့ လူသားတွေက ပိုဆိုးသည်။ ကျင့်ကြံခြင်းက နှိုင်းယှဉ်မရအောင် ခက်ခဲ ကြမ်းတမ်းသော လမ်းဖြစ်တော့ လူတိုင်း၏ အတင်းအဖျင်းပြောချင်တဲ့ ဆန္ဒက ပိုတိုးပွားလာသည်။
ဒီတော့ မြက်ပင်လေးတွေကို လေညင်းလေးဖြတ်တိုက်သွားလျှင်တောင် ပျံနှံတာ အလွန်မြန်သည်။ ဒီလိုကိစ္စမျိုး TianXinဂိုဏ်းတစ်ခုတည်းမှာပဲဖြစ်တာမဟုတ်ပေ။ အခြားသောဂိုဏ်းကြီးတိုင်းမှာလဲ အလားတူဖြစ်ပျက်တတ်သည်။
You XiaoMo လို Billboardဇယားမှာ နံပါတ်တစ်ဖြစ်နေတဲ့လူအတွက်တော့ မနာလိုခြင်း ၀န်တိုခြင်း နှင့် မုန်းတီးခြင်း၏ အကြောင်းရင်းမကြာခဏဖြစ်နေလ့ရှိသည်။ ဒီတော့ သူနဲ့ဆက်စပ်နေတဲ့အရာတိုင်းက အလွန်လျင်မြန်စွာ ပျံနှံသွားလိမ့်မယ်။ TianXinဂိုဏ်းတစ်ခုလုံးကို မပျံနှံပေမယ့် မြေကမ္ဘာတောင်ထွတ်တစ်ခုလုံးပျံနှံသွားတာတော့ သေချာသည်။
ဒီလိုကိစ္စလိုမျိုးက ဘယ်သူကပဲစပါစေအရေးမကြီးဘူး You XiaoMoနာမည်ပါနေသရွေ့ အဆင့်ရှစ်နှင့် အထက်တိုင်ဖွန်းမုန်တိုင်းဝင်သလိုပဲ သေချာပေါက် ဖြစ်မှာပင်။ မနှိုင်းယှဉ်အောင် ကြမ်းတမ်း လျင်မြန် ကာ မြေကမ္ဘာတောင်ထွတ် တခွင် ပျံနှံသွားသည်။
သို့သော် You XiaoMo ကတော့ အဲဒါတွေအားလုံးကို မသိပေ။ သူပိုပြီး မသိနားမလည်နိုင်တာတော့ သူ့ကို သဘောမကျတဲ့သူအများအပြားကတော့ သူကျရှုံးမှာကိုစိတ်အားထက်သန်စွာ စောင့်မျှော်နေကြတာဖြစ်သည်။ ခက်ခဲလှတာကို အခွင့်အရေးရမှတော့ အဆိုပါလူများက သူ့နာမည်ပျက်သွားစေရန် ဆီများ ရှာလကာရည်များလောင်းထည့်ရန်ကိုတောင် မစောင့်နိုင်ဘူးဖြစ်နေကြသည်။ (မီးလောင်ရာလေပင့်ပြီး ကလေးကို နာမည်ဖျတ်ချင်တာပါ)
အမှန်တရားက ဒီလိုဖြစ်နေတာ။ အရင်က သူLing Xiao နှင့် ဟိုကိစ္စ ဒီကိစ္စလုပ်တာတွေရယ် ဆေးဝိဇ္ဇာခန်းမ မှာ သူ့ရဲ့ထူးချွန်သောလုပ်ဆောင်ချက်များရယ်ကို ဆက်တိုက်ကြားနေရတော့ လူအများက သူ့ကို အဲဒိကိစ္စများကြောင့် အလင်းတန်းအသစ်တစ်ခုလို စမြင်ကာ မနာလိုဖြစ်ရန်လွယ်ကူသွားသည်။ သူ့တို့၏ အမုန်းများကို  လူတိုင်းက စိတ်သဘောထားကြီးကြတာ မဟုတ်တော့ သူ့ကိုမုန်းတီးသူအဖြစ်ကနေ သူ့ရဲ့ပရိတ်သတ်အဖြစ်သို့ ပြောင်းလဲဖို့ခက်ခဲလှသည်။
ဒီတော့ You XiaoMo က အဆင့်ချိုးဖောက်ရန်အတွက် သီးသန့်ကျင့်ကြံနေတော့ သူရဲ့အနေအထားက တစ်ဆင့်ပြီးတစ်ဆင့် မလိုမုန်းထားများနှင့် တန်ဆာဆင်ကူးပြောင်းပြီးဖြစ်ကာ လူအများက သူ့ရဲ့ကိုယ်ပိုင်စွမ်းရည်ကို ပိုတွက်တဲ့သူလို့ပြောဆိုနေကြသည်။
သို့သော် You XiaoMo သီးသန့်လေ့ကျင့်ရာက ထွက်လာတော့ လူအများ၏ ဦးတည်ရာက ပြောင်းသွားပြီးဖြစ်သည်။
ဇာတ်လိုက်က အနားမှာ မရှိမှာတော့ သူ့မျက်နှာကို ကြည့်ပြီး မပြောရသဖြင့် စိတ်ကျေနပ်မှုမရကြ။ အရေးအကြီးဆုံးကတော့ မိစ္ဆာများနှင့် ပတ်သတ်သောကိစ္စများဖြစ်ပျက်နေတာမို့ သူ့အခြေအနေကို ဘယ်သူကမှ ထပ်မပြောတော့။
You XiaoMo က ပြီးခဲ့တဲ့ရက်တွေက သူ့အပေါ်မှာ အားကောင်းပြင်းထန်သော လှိုင်းများ လေပြင်းများတိုက်ခတ်သွားတာ ကို လုံးဝကို မသိရှိလိုက်။
အပြင်ထွက်လာတော့ မိစ္ဆာများသတင်းကြားရသည်။ Ling Xiao နှင့် Luo ShuHe တို့ မိစ္ဆာများ၏အမှောင်ထဲမှ ပုန်အောင်းရာနေရာ ကို လူအများကိုဦးဆောင်ကာ သွားတိုက်ခဲ့တာနဲ့တောင် လပေါင်းအနည်းငယ်ကြာမြင့်နေပြီးဖြစ်သည်။ တိတ်ဆိတ်နေသောမိစ္ဆာများက လွန်ခဲ့သောါ ရက်အနည်းငယ်ကမှ ဆူဆူပူပူထလုပ်ခြင်းဖြစ်သည်။
သုခဘုံနယ်မြေပွင့်ဖို့ကလည်းမျက်စိတစ်မှိတ်သာလိုချိန်မှာ မိစ္ဆာများ အငိုက်တိုက်ခိုက်တဲ့သတင်းထွက်လာသည်။ လျို့ဝှက်ပြီးတိုက်ခိုက်ခဲ့တာကြောင့် လူတိုင်းရဲ့အာရုံကလည်း သုခဘုံနယ်မြေဆီမှာပဲ ရှိနေတာမို့ အထိတ်တလန့်ဖြစ်ခြင်းက တော့ အရင်ကလောက် မမြင့်မားပေ။
တိုက်ခိုက်ခံရတာကလည်း မြို့အတော်များသည်။ အချို့မြို့တွေက QingChenဂိုဏ်းဘက်က အချို့မြို့တွေက TianXinဂိုဏ်းဘက်က ဒုတိယအဆင့်အဖွဲ့အချို့တောင် အတိုက်ခိုက်ခံရသည်။ ပြောကြတာတော့ XingLuo အဖွဲ့တောင် အတိုက်ခံရတာ ဂိုဏ်းသားအတော်များများ ဒဏ်ရာရသွားကာ အသေအပျောက်တောင်ရှိသည်။
လူအများကတော့ မိစ္ဆာများ အခုတလောလှုပ်ရှားတာက သူတို့က သုခဘုံနယ်မြေကို ပစ်မှတ်ထားနေသောကြောင့်လို့ ပြောဆိုကြသည်။
သုခဘုံနယ်မြေက တကယ်တော့ အရမ်းကြီးသည်။ အကာအကွယ်တွေမတည်ငြိမ်မှုကလည်း တစ်နေရာတည်းမှာပဲ ဖြစ်နေတာမဟုတ်။ သုခဘုံနယ်မြေထဲက ရတနာအမြောက်အမြားကလည်း မိစ္ဆာများကို အလွန်ဆွဲဆောင်သည်ဟုဆိုရမှာ ပင်။ ဒီတော့ တစ်လအကြာမှာ မိစ္ဆာများကလည်း သုခဘုံနယ်မြေကို လူတွေလွှတ်မှာသေချာသည်။ သုခဘုံနယ်မြေထဲက အန္တရာယ်တွေက အထဲမှာတွေ့ရမယ့် မှော်ဝင်သားရဲများနှင့် ထောင်ချောက်များပဲလို့ အပြောနိုင်တော့တဲ့ အဓိပ္ပါယ်ဖြစ်သည်။ မိစ္ဆာလှိုင်းကလဲပဲ ဖုံးကွယ်နေတဲ့ အန္တရာယ်အရင်းအမြစ်ကြီးလို့ဆိုနိုင်သည်။
သို့သော်………လွန်ခဲ့သော နှစ်ငါးဆယ်က မိစ္ဆာများက သူတို့အခုတလောလုပ်နေသလို လူသားတွေကို အပြင်းအထန်တိုက်ခိုက်ခြင်းများ မလုပ်ခဲ့တာ သေချာသည်။
အခုတလောက မိစ္ဆာများ၏လှုပ်ရှားမှုများက ထက်မြက်တဲ့လူအများ၏အမြင်မှာတော့ ကိစ္စကြီးတစ်ခုက သေချာပေါက်ဖြစ်ပျက်တော့မှာ သေချာသည်။ စိတ်လှုပ်ရှားဖွယ်အကောင်းဆုံးဖြစ်စေမယ့် နောက်မှလာသည့် ကိစ္စကြီးက သုခဘုံနယ်မြေဖြစ်သည်။
ဘယ်သူကမှ မိစ္ဆာတွေရည်မှန်းနေတဲ့အရာကို မသိပေမယ့် သုခဘုံနဲ့ တစ်နည်းနည်းပတ်သတ်တာ ကျိန်းသေသည်။ ဒီအဓိပ္ပါယ်က သုခဘုံနယ်မြေခရီး၏ အန္တရာယ်က နှစ်ဆဖြစ်သွားပြီကို ဖော်ပြနေသည်။
ဒီလိုကောက်ချက်ချခြင်း၏ရလာဒ်က လူတိုင်းကို အုတ်အော်သောင်းနင်းဖြစ်စေသည်။ သုခဘုံနယ်မြေကို သွားခွင့်ရဖို့ပြိုင်ဆိုင်တိုက်ခိုက်နေသူများက ရုတ်တရက်ကြီး တုန့်ဆိုင်းသွားကြသည်။
မသေချာတဲ့ မိစ္ဆာဆိုတာကို ပေါင်းထည့်လိုက်လျှင် သေနိုင်ချေက အရမ်းကို မြင့်တက်သွားလိမ့်မည်။ သို့သော် အဲဒါကလည်း သတ္တိမရှိသော လူများ လူနည်းစုတွေးတာသာဖြစ်သည်။ ထက်မြက်သည့်လူအများကတော့ တစ်ခုခုလာတော့မည်ကို ကြိုသိနေကြသည်။
You XiaoMoက လျှို့ဝှက်အကြံအစည်များကို စိတ်မ၀င်စား။ Ling Xiao ပြောသလိုဆိုလျှင် သူက ဥာဏ်ရည်နိမ့်ကျတဲ့သူ ဆိုတာ့ လျှို့ဝှက်ကြံစည်တာမျိုးလိုအရာတွေကို မလုပ်နိုင်။ သူ့ကို တော်သည့်လူအဖွဲထဲ ထည့်မည်ဆိုလျှင် သူကအရင်အမြောက်စာမိမည့်သူဖြစ်သည်။ ဒီတော့ သူက သူ့ရဲ့ဆေးလုံးဖော်စပ်ခြင်းမှာပဲ ၀ိရိယထားကာ သူကအင်အားကိုတိုးမြင့်ဖို့လုပ်သည်။
ပြောရမယ်ဆိုလျှင် သူနှင့် Ling Xiao နောက်ဆုံးတွေ့ခဲ့တာ တစ်လနည်းပါးဖြစ်နေပြီ။
Ling Xiao က အလုပ်များနေပြီးသားဖြစ်သည်။ မိစ္ဆာများ၏ အလစ်ဝင်တိုက်ခိုက်မှုများကြောင့် Tang Fan က အဝေးကို ပို့လိုက်ပြန်သည်။ ကြည့်ရတာ သူကို အချိန်အနည်းငယ်တော့ မတွေ့နိုင်လောက်သေးဘူး။
ဒီကိစ္စကလည်း လျှို့ဝှက်ကိစ္စမဟုတ်ရာ You XiaoMO အပြင်မှာ နည်းနည်းလောက်ပတ်မေးလိုက်တာနဲ့ အလွယ်တကူ သိနိုင်သည်။ သူက Ling Xiao ကို သွားရှာဖို့ ရည်ရွယ်ချက်ကို စွန့်လွှတ်လိုကသည်။ သို့သော် သူ့မှော်အိတ်ထဲမှာ ဒီနှစ်လမှာ သူဖော်ထားသော ဆေးလုံးတွေက အံ့အားသင့်လောက်အောင်များပြားတဲ့ ပမာဏဖြစ်နေပြီ။ ပြီးတော့ သူ့ကို ဦးလေးZhao လွန်ခဲ့တဲ့နှစ်လက ပေးထားတဲ့ မှော်ဆေးပင်တစ်သောင်းကလည်း သူဆေးလုံးဖော်လို့ကုန်ပြီ။
မှော်ဆေးလုံးပမာဏက မနည်း ပြီးတော့ အမျိုးအစားအများကြီးဖြစ်သည်။ သူ နောက်ဆုံးအခေါက်က တောင်အောက်ဆင်းတုန်းက ကျောက်စိမ်းပုလင်း ရာဂဏန်းအနည်းငယ် ၀ယ်ထားမိလို့ ကံကောင်းသွားသည်။ ကျောက်စိမ်းပုလင်းတိုင်းက မှော်ဆေးလုံးဆယ်လုံးကနေ အလုံးနှစ်ဆယ်အထိ ထဲ့ထားသည်။ ဒီနည်းနဲ့ သူ ကျောက်စိမ်းပုလင်းနှစ်ဆယ် သုံးပြီးပြီ။ အဲဒါတွေက Ling Xiao အတွက်နဲ့ အပိုဆောင်ထားရန် သူဖော်ထားတာဖြစ်သည်။ တစ်ကြိမ်တည်းနဲ့ တစ်ရာလောက်သုံးပြီးပြီ။
သူ့ဘေးခန်းက ဂိုဏ်းသားဆီကနေ အတင်းအဖျင်းတွေ နားထောင်ပြီးတော့  ဆေးဝိဇ္ဇာခန်းမ ကို ကျောက်စိမ်းပုလင်းနှစ်ဆယ် ယူပြီး သွားလိုက်သည်။
ဒီရက်တွေမှာ  ဆေးဝိဇ္ဇာခန်းမကို သွားလာနေကြသော လူအတော်များသည်။ ဒါက ပထမဆုံးအကြိမ်အဖြစ် ပစ္စည်းတွေကို ပေးအပ်ဖို့ တန်းစီရတာဖြစ်သည်။
သူအထဲကို ၀င်လိုက်တာနဲ့ ဘေးမှာ ထိုင်နေကြသော ဂိုဏ်းသားအနည်းငယ်က ရုတ်တရက်ထကာ သူကအရှေ့မှာ တန်းစီကြသည်။ သူတို့တွေက ပျင်းရိတာကြောင့်လဲဖြစ်နိုင်သလို အခြားဘယ်သူမှ လာတာမတွေ့လို့ကြောင့်လဲ ဖြစ်မည်ထင်သည်။
You XiaoMo ကတော့ ဂရုမစိုက်ပေ။ သူက ဥပဒေကို လိုက်နာသူတစ်ယောက်ဆိုတော့ သူကနောက်ဆုံးနေရာကနေပဲ သာမာန်ဝင်တန်းစီလိုက်သည်
သို့သော် အချို့သော ဂိုဏ်းသားများကတော့ အဲလိုမတွေးပေ။ သူ့ရှေ့မှာ ကဗျာကယာ မတ်တပ်ရပ်ပြီးတော့ အနည်းငယ်က သူကကို ခိုးချောင်ခိုးဝှက်လှည့်ကြည့်ပြီးတော့ ငါ မင်းရှေ့မျာ ဖြတ်ဝင်တယ် ဒီတော့ ဘာဖြစ်လဲ? ဆိုတဲ့ စကားဆိုနေသလိုပင်။
You XiaoMo ရင်ထဲကနေတော့ သူတို့နှဖူးတွေပေါ်မှာ အသုံးမကျဘူး ဆိုပြီး တံဆိပ်ကပ်ပြီးသွားပြီ။ ဘယ်လိုတောင် နုံချာတဲ့ ရန်စမှုလည်း သူတို့က ဘယ်လိုတုန့်ပြန်တာကို လိုချင်နေတာလဲ? ဒီလိုရန်စတဲ့အဆင့်က သူ့ကို ဒီလောက်နဲ့ မျှားခေါ်လို့မယ့် ဦးနှောက်မရှိတဲ့သူ လို့ ထင်နေတာတော့ မဟုတ်ဘူးမလား?
You XiaoMo က သူတို့ရန်စတာကို လျစ်လျှူရှုလိုက်တော့ သူတို့ထဲက အချို့ရဲ့မျက်လုံးထဲမှာ ဖျတ်ခနဲ တောက်ပသွားသည်။
အဲဒိအချိန်မှာပဲ ၀င်ပေါက်ကနေ လူတစ်ယောက် ရုတ်တရက်ဝင်လာသည်။ သူ You XiaoMo ကို မြင်လိုက်တဲ့ခဏမှာပဲ သူ့ရဲ့ ကြော့ရှင်းတဲ့မျက်နှာက လင်းလက်သွားသည်။ အဲဒိကို အမြန်ပြေးသွားကာ You XiaoMo ပခုံးကို ဆတ်ခနဲ ရိုက်ချလိုက်သည်။
'ညီလေးခုနစ် မင်းနောက်ဆုံးတော့ ထွက်လာပြီပေါ့´
You XiaoMo လန့်ပြီးထခုန်လိုက်သည်။ ညီလေးခုနစ်ဆိုတဲ့အသံကြားမှ သူ့ကို ဆတ်ခနဲရိုက်သူကို သိသွားသည်။ အဲဒါ အစ်ကိုငါး Zhao DaZhouပဲ ဘာ့လို့လဲ ဆိုတော့ Zhao DaZhou တစ်ယောက်ပဲ သူ့ကို ညီလေးခုနစ်လို့ခေါ်တာ။ ကျန်တဲ့သူတွေက သူ့ကို ညီငယ်လေးပဲ ခေါ်သည်။
Zhao DaZhouအကြောင်းပြောမယ်ဆိုလျှင် သူတို့ပထမဆုံးစတင်ခင်မင်ထဲကနေ အခုချိန်ထိ ထူးဆန်းတဲ့ အရိပ်အယောင်တစ်ခုမှ မရှိတော့။ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက Fang ChenLeနှင့် ထက်တောင် ပိုကောင်းသေးသည်။ တစ်ခါတစ်လေ သူက တွေ့ဖို့သက်သက်နဲ့ သွားတာရှိသလို မှော်ဆေးလုံးဖော်တာနဲ့ပတ်သတ်ပြီး အကြံပေးတာတောင် ရှိသည်။
You XiaoMo က သူ့ရဲ့ ရုတ်တရက်ကြီး အပြုအမူတွေ ပြောင်းလဲလိုက်လို့ အဲဒိအပေါ်မှာကူရာကာရာမဲ့သွားပေမယ့် သူကရင်ထဲမှာတော့ အရမ်းပျော်ရွှင်နေသေးသည်။ မှော်ဆေးလုံးဖော်တာနဲ့ဆိုင်တဲ့ သူတို့အတွေ့အကြုံတွေကို ပြောဆိုလို့ရတဲ့ တစ်ယောက်ယောက်ရှိတာက တစ်ယောက်ထဲနေရတာထက်စာရင် သေချာပေါက် ပိုကောင်းသည်။ ထို့အပြင် အဲဒိကနေလည်း တစ်ယောက်နဲ့တစ်ယောက်ပိုသိနိုင်သည်။
သို့သော် အဲဒိအကျိုးရလဒ်တွေက Zhao DaZhou ၏ တိုးတက်မှုတွေကို အများကြီ တိုးတက်စေတာကြောင့်ထင်သည် သူ့ကို မြင်လိုက်တိုင်းမှာ သူ့ကို ဆွဲကာ သူတို့ရဲ့အတွေ့အကြုံတွေကို စိတ်အားထက်သန်စွာ ဆွေးနွေးလေ့ရှိသည်။
သူ့ကိုမြင်လိုက်တိုင်း အဲသလိုလုပ်တာကြောင့် သူ့ကပဲ ပုန်းအောင်းနေသလိုပဲ။
You XiaoMo က ယောက်ျားတစ်ယောက်က ဒီလောက်လေပေါမယ်လိုက ဘယ်တုန်းကမှ မသိခဲ့ပပေ။ သူ ရေတံခါးဖွင့်လိုက်တာနဲ့ သူပြန်မရပ်နိုင်သလိုမျိုးပဲ။ ပြီးတော့ သူတစ်ယောက်တည်း ပြောဆိုနေတာ အသက်မရှုပဲတောင် တစ်နာရီဆက်တိုက် ပြောဆိုနိုင်သည်။
ကံကောင်းစွာနဲ့ ဒီအကြိမ်တော့ Zhao DaZhouက အတွေ့အကြုံတွေ ဆွေးနွေးချင်ပုံမရ။
သူ့အာရုံက သူ့ရှေ့မှာ တန်းစီနေကြသော ဂိုဏ်သားများကို ကြည့်ပေမယ့် လျစ်လျှူရှုလိုက်သည်။ သူလဲ တန်းစီနေပြီး နောက်ဆုံးကဖြစ်နေတာကို ကြည့်ပြီးတော့ သူကို အသာလေးဆွဲကာ 'ညီလေးခုနစ် မင်းသာတန်းစီနေရင် အနည်းဆုံးနာရီဝက် တစ်နာရီလောက်ကြာမှာ။ ငါနဲ့လိုက်ခဲ့´
ပြောပြီးတာနဲ့ ကောင်တာဆီတန်းလျှောက်သွားသည်။
You XiaoMo က ခဏတော့ ရပ်သွားကာ ပြန်စဉ်းစားပြီးမှ သူ့နောက်ကိုလိုက်သွားသည်။ သူလဲ နာရီဝက်လောက်တော့ မစောင့်ချင်ပါ။ သူ့မှာအချိန်ရှိပေမယ့် တန်းစီတာကို ဖျတ်ရတာမကြိုက်တဲ့သူမရှိဘူး ဟုတ်တယ်မလား?
သူလျှောက်သွားတာနဲ့ အခြားသူတွေလည်းသူ့ကို သတိပြုမိသည်။ အထူးသဖြင့် သူကကို ရန်စတဲ့ ဂိုဏ်းသားအနည်းငယ်ပေါ့ သူတို့ တစ်ယောက်ချင်းစီရဲ့ မျက်နှာက မည်းသွားသည်။ သို့သော် အခြားတစ်ယောက်သာဆိုလျှင် သူတို့ အလွန်စိတ်မချမ်းမသာဖြစ်လိမ့်မည်။
You XiaoMo တန်းစီတာကနေခုန်ထွက်သွားလို့ လူတိုင်းက မပျော်မရွှင်ဖြစ်သွားပေမယ့် သူ့ကို ဦးဆောင်ကူညီသွားသူက Zhao DaZhou ဖြစ်နေသည်။ သူတို့ ဘယ်လောက် မနာလိုဖြစ်ဖြစ် ဘယ်လောက်ပဲမပျော်ရွှင်ရွှင် သူတို့ သူ့ကို လုပ်လို့ရတာ မရှိဘူး။
မှော်ဆေးလုံးများ နှင့် မှော်ဆေးပင်များကို မှတ်တာက စာအုပ်မတူတာကြောင့် Zhao DaZhou က သူ့အဖေ မှော်ဆေးပင်စာအုပ်ကို ကောက်ကိုင်တာကိုစောင့်နေပြီးတော့မှ မှော်ဆေးလုံးစာအုပ်ကို ယူကာ ချက်ချင်း မှတ်လိုက်သည်။

သို့သော် You XiaoMo သူ့ကို လှမ်းလိုက်တဲ့ မှော်ဆေးလုံးပုလင်းနှစ်ဆယ်ကို ယူလိုက်ချိန်မှာတော့ မအံ့သြပဲ မနေတော့ ထုတ်ဖော်ကာ 'ညီလေးခုနစ် ဒီမှာ မှော်ဆေးလုံးသုံးရာရှိနေပုံရတယ်။ မင်းဘာလို့ အကုန်လုံးအပ်တာလဲ?´
သူကအဖေက တစ်လစာ မှော်ဆေးပင်တွေ တိတ်တိတ်လေး ကြိုပေးထားတာ သူမသိဘူး။
သူအဲဒိစကားတွေ ပြောလိုက်ချိန်မှာ လူတိုင်းကသူတို့ကို ကြည့်ကုန်သည်။ Zhao Zhen ကလဲ အဲဒိကိစ္စကို အခုမှ သတိရသည်။ သူ့သားကို အဲဒိကိစ္စ မပြောပြမိပဲ ဒီလိုအကျပ်အတည်းဖြစ်လာလိမ့်မယ်လို့လဲ မမျှော်လင့်ခဲ့ပေ။
You XiaoMo ကလဲ အဲဒိကိစ္စကို အခုမှ ရှင်းရှင်းလင်းလင်း သတိရသွားသည်။ အခြားသူတွေဆီက သံသယအကြည့်တွေ မြင်တော့ ချက်ချင်းရှင်းပြလိုက်သည် 'ကျွန်တော် ပြီးခဲ့တဲ့လက မှော်ဆေးပင်တွေ သုံးတာ မကုန်သေးဘူး။ ဒီတော့ ကျွန်တော်က နှစ်လစာပမာဏကို တစ်ခါတည်း ပေးတာ´
ဒီအကြောင်းပြချက်က အလွန်သဘာဝကျသည်။ အချို့လူတွေလဲ အဲဒိနည်းအတိုင်းလုပ်တာဆိုတော့ ဘယ်သူကမှ သံသယမ၀င်တော့ ။ Zhao DaZhou လည်းပဲ သူကစကားတွေ ယုံကြည့်သွားပြီးတော့ သူ့ကျောက်စိမ်းပုလင်းထဲက မှော်ဆေးလုံးတွေကို အခြားကျောက်စိမ်းပုလင်းများနှင့် ပြောင်းထည့်ကာ သူ့ကို ပြန်ပေးလိုက်သည်။
You XiaoMo က Zhao DaZhou တစ်ခုခုကို လွှတ်ခနဲပြောမိမှာ စိုးရိမ်တာကြောင့် ဆင်ခြေတစ်ခုရှာက ဆေးဝိဇ္ဇာခန်းမ အပြင်ကို ဆွဲခေါ်သွားတော့သည်။
သို့သော် ယိုစိမ့်သွားတာကတော့ ယိုစိမ့်သွားပြီးပြီ အဲဒါကတော့You XiaoMo၏ မှော်ဆေးလုံးဖော်စပ်မှု တစ်ရာ ရာခိုင်နှုန်းအောင်မြင်မှုနှုန်းဖြစ်သည်ဆိုတာပင်။ လူအချို့က ကသာ ဆေးဝိဇ္ဇာခန်းမအပြင်ရောက်သွားမှ သဘောပေါက်တာမို့ သူတို့ကို အထိတ်တလန့်အခြေအနေတစ်ခု ဖြစ်ကျန်ခဲ့စေသည်။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)On viuen les histories. Descobreix ara