MARS 19 (Unicode)

Start from the beginning
                                    

"ခဏလေး ခဏလေးရိပေါ်. .   "

ရိပေါ်က သူနမ်းနေတာကို ရပ်လိုက်ပြီး ရှောင်းကျန့်ပြောမယ့်စကားကိုစောင့်နေလိုက်သည်။ ရှောင်းကျန့်က သူ့လက်ထဲက ကွန်ဒုံးအထုပ်တွေနဲ့ ချောဆီဗူးကိုတလှည့် သူ့ရှေ့က ရိပေါ်ကိုတလှည့်ကြည့်ရင်း ပြောရခက်နေသလို စကားစထွက်မလာခဲ့။

"ကော. .တကယ်လို့အဆင်သင့်မဖြစ်သေးဘူးဆိုရတယ်။ ကျွန်တော်က စောင့်နိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုအရမ်း ဖိအားမပေးနဲ့. . . "

"မဟုတ်ဘူး. .ရိပေါ်.  မဟုတ်ဘူး"

ရှောင်းကျန့်က ချက်ချင်းငြင်းပြီး စကားဆက်ဖို့ကို သုံးလေးခါ တံတွေးမြိုချနေရသည်။ ပြီးမှ လုံးဝယတိပြတ် ဆုံးဖြတ်လိုက်ဟန်နဲ့

"ကောက ရိပေါ်ကို အပေါ်မှာပဲနေစေချင်တယ်. . ကော အမြဲတွေးထားတာလဲ အဲ့လိုပဲမို့. . "

ရိပေါ်ခဏကြောင်သွားသည်။ ရှောင်းကျန့်တကယ်ပြောနေတာလား သူပဲနားကြားမှားတာလား. .

"ကော အဆင်ပြေပါ့မလား။ ကျွန်တော်က ကောကို ဖိအားတွေမခံစားရစေချင်ဘူး"

ရှောင်းကျန့်က သူ့လက်ထဲက ကွန်ဒုံးထုတ်တွေနဲ့ ချောဆီဘူးကို ရိပေါ်လက်ထဲ ပြန်ထည့်ပေးလိုက်ပြီး

"ငါတကယ်ပြောတာပါ။ တကယ် အဲ့အတွက် နည်းနည်းလေ့လာထားတယ်။ စိတ်လဲ ပြင်ဆင်ထားပြီးသား"

"ကော တကယ်သေချာလို့လား"

သူမယုံရသေး။ တော်ကြာမှ တခုခုဖြစ်သွားမှာကိုလဲ သူ့အတွေ့အကြုံတွေအရ စိတ်ပူနေသည်။ ရှောင်းကျန့်က သူ့နှုတ်ခမ်းကို တချက်နမ်းလိုက်ရင်း

"မင်းသိပ်စကားများတာပဲ။ ငါတကယ်သေချာတယ်"

သူ့ကိုထပ်နမ်းမယ်ပြင်တဲ့ ရှောင်းကျန့်အနမ်းကိုရှောင်လိုက်ပြီး ပုခုံးကနေ ခပ်ဖွဖွတွန်းထားကာ

"ကော. . ခဏလေး ကျွန်တော်ပြောတာနားထောင်"

ရှောင်းကျန့်က သူ့စကားကို မေးခွန်းထုတ်တဲ့ဟန်ရှိပေမယ့် သူဆက်ပြောမှာကိုစောင့်နေပေးသည်။

"ချစ်တင်းနှီးနှောတယ်ဆိုတာ ချစ်သူတွေဖြစ်လာရင် ကြုံတတ်ရတဲ့အရာမျိုးပဲ။ ရိုးရိုးသာမာန်ဘာမှမပတ်သတ်တဲ့လူတွေကြားမှာလဲ ရှိနိုင်ပါတယ်။ ဒါပေမယ့် လူတိုင်းက ဒါကို ချစ်သူတွေကြားမှာကျမှ အထူးအရေးပါတဲ့အရာလို့သတ်မှတ်ထားတာဘာလို့လဲဆိုတော့ နှစ်ဦးနှစ်ဖက် ချစ်နှစ်သက်လို့ ပေါင်းဖက်တာနဲ့ အချစ်မပါတဲ့ ဆက်ဆံမှုမျိုးနဲ့က ကွာခြားလို့။ အဲ့ဒါ တန်ဖိုးခြင်းရော ခံစားချက်ခြင်းရော ကွာတယ်။ ဒါပေမယ့် ဒီလိုနှီးနှောမှ ချစ်တယ်ပြောတာမဟုတ်ဘူး။ အဲ့လို မဖြစ်ရလဲ ကောကို ကျွန်တော်က ချစ်နေမှာပဲ။"

MARSWhere stories live. Discover now