Chapter 147Won't let go (Z &U)

Börja om från början
                                    

အခန်း ၁၄၇ လက်မလွတ်ဘူး
TianXin ဂိုဏ်းက ဂိုဏ်းသားအများအပြားရှိပေမယ့် တောင်အောက်ဆင်းတဲ့သူက နေ့တိုင်းတော့ လူအုပ်လိုက်ကြီး မရှိပေ။ ထို့ကြောင့် တောင်ပံငှက် ကွင်းပြင် မှာ လူအများကြီး ရှိမနေ။
သို့သော် တောင်ပံငှက် ကွင်းပြင်က မန်နေဂျာကတော့ အလွန်စီးပွားရေးဆန်သော သူဖြစ်သည်။ သူက တောင်ပံငှက် ကွင်းပြင်ကို နှစ်ပိုင်း ခွဲထားသည်။ ညာဘက်အခြမ်းမှာ TianXinဂိုဏ်းသားများအတွက် အကြီးဆုံးအကောင် နှစ်ဆယ်လောက်ဖယ်ထားသည်။ အခြားတစ်ဖက်က ဘယ်ဘက်အခြမ်းက တောင်ပံငှက်တွေကတော့ HePingမြို့လေးက စိတ်တန်ခိုးရှင်များအတွက်ဖြစ်သည်။ သို့သော် အခကြေးငွေကတော့ ခရီးစဉ်ပေါ်မူတည်ပြီး ပေးရသည်။
Ling Xiaoနှင့် You XiaoMo ရောက်သွားချိန်မှာတော့ ညာဘက်က ကွင်းပြင် လူလဲ အရမ်းများမနေသလို ခြောက်ပပ်ပြီးလဲ မနေပေ။ လူအချို့က တောင်ပံငှက်တွေသုံးပြီးတော့ HePingမြို့လေးက ထွက်ခွာဖို့လုပ်နေသည်။ အခြားသူတွေက တော့ ခရီးတစ်ခုစီက အကွာအဝေးပေါ်မူတည်ပြီးတော့အနည်းဆုံး ရွှေပြား တစ်ပြား ကျသင့်သောကြောင့် ညှိနှိုင်းနေတုန်းဖြစ်သည်။ သို့သော် အကွာအဝေးက သတ်မှတ်ထားသောကန့်သတ်ချက်ထက် ကျော်လွန်နေလျှင် အဖိုးအခထပ်တိုးပေးရမည်ဖြစ်သည်။ လူအချို့က အဲဒါကို မမျှတဘူးလို့ ခံစားကြသည်။
You XiaoMo ထိုလူစုကို စူးစမ်းစ်ိတ်နဲ့ ဖျတ်ခနဲကြည့်လိုက်ပြီးတော့ ဘယ်ဘက်က ကွင်းပြင်ကို Ling Xiao နှင့် အတူဦးတည်လိုက်သည်။ မမျှော်လင့်စွာနဲ့ သူတို့က ထပ်ပြီး ရင်းနှီးစရာမလိုအောင်ကို  ရင်းနှီးကျွမ်းဝင်သော လူတစ်ယောက်နှင့် သွားဆုံမိသည်။ အဲလောက်တောင်မက သူတို့ကြားမှာ မပြေလည်မှုတွေ ကလည်းရှိသေးသည်။ အဲဒိလူကတော့ Bill  မဟုတ် အဆိုပါ တစ်ယောက်က သူတို့ အချိန်အတော်ကြာမတွေ့တာ ကြာသော Tang YunQi ဖြစ်သည်။ သူ့ဘေးမှာလဲ နောက်ပါဂိုဏ်းသားက ဆယ်ယောက်ကျော်လောက်ပါသည်။ ကံဆိုးစွာနဲ့ သူတို့ထဲမှာ You XiaoMo မှတ်မိနေသော သူအများအပြားလဲ ပါသည်။
Xiao Long က Lei Ji ၏ဆရာဖြစ်သည်။ သူက ဒီခရီးအတွက် သူတို့ကို ဦးဆောင်လာသော အကြီးအကဲဖြစ်သည်။
You XiaoMo သူ့ကိုတွေ့တော့ သူရုတ်တရက်ကြီး တစ်ခုကို သွားသတိရပြီး သတိလက်လွတ်ကျုံဝင်သွားသည်။ ကြည့်ရတာ သူနဲ့ အကြီးအကဲXiao ကြားမှာလဲ မပြေလည်မှုတွေရှိသေးသည် သွယ်ဝိုက်ပြီးတော့ပေ့ါ။ သူ့ကို မြင်တာနဲ့   စာကြည့်တိုက်မှာ ဖြစ်ခဲ့တဲ့မတော်တဆမှုနှစ်ခုကို ချက်ချင်းသတိရသွားသည်။ အကြီးအကဲXiao ရဲ့ တပည့်နှစ်ယောက်ဖြစ်တဲ့Li Jun နဲ့ Wang YuFei က သူ့ရဲ့ ရန်သူတွေဖြစ်နေပြီးပြီ။
သူ့ကို ဒီလို囧 ဖြစ်သွားစေတာကတော့ အဲဒိလူစုထဲမှာ Li Jun Wangကော YuFeiပါ ရှိနေတာဖြစ်သည်။ ဖောက်ထွင်းမတတ်ကြည့်နေတဲ့ မျက်လုံးနှစ်စုံကနေ ချွန်ထက်နေတဲ့ဓါးတွေထွက်ကာ ချွင် ချွင်နဲ့မြည်ပြီး သူ့နဖူးကို ဦးတည်နေသလိုပဲ။
'အကြီးအကဲXiao ဆရာနဲ့ ဒီမှာ တွေ့လိမ့်မယ်လို့ မထင်ထားဘူး ကံဆုံတာပဲ´
မျှော်လင့်ထားတာရဲ့ ပြောင်းပြန်ပဲ ပထမဆုံးပါးစပ်ဖွင့်လိုက်သူက Ling Xiao ဖြစ်သည်။ သို့သော် You XiaoMoရဲ့ နားထဲမှာတော့ သူ့စကားလုံးတွေက ပျက်ရယ်ပြုနေသလိုပဲ။
Ling Xiao ကတော့ သူခံစားရတဲ့ ပျော်ရွှင်မှုကို ဖုံးကွယ်မထားပဲ သူ့ရဲ့ခန့်ညားတဲ့မျက်နှာရဲ့အပြုံးက ပုံမှန်လိုပဲ ။ ဘာမှမဟုတ်သလိုပဲ ဒါပေမယ့် အဲဒါက ဟန်ဆောင်မှုသာ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ  You XiaoMo တစ်ယောက်ကတော့ အဲဒါကို သိရှိသည်။
Tang YunQiက သူ့ကို မြင်တော့ သူ့ရဲ့လှပတဲ့မျက်နှာမှာ အံ့သြကျေနပ်သွားတဲ့ ပျော်ရွှင်တဲ့ အပြုံးက ချက်ချင်းဖူးပွင့်လာသည်။ သို့သသော်You XiaoMo ကို မြင်လိုက်တာနဲ့ သူ့မျက်နှာက ချက်ချင်းပြိုကျသွားကာ You XiaoMo ပေါ်မှာ ရှိတဲ့သူ့ရဲ့အမုန်းကို အနည်းလေးတောင် ဖုံးကွယ်မထားနိုင်ပေ။
အကြီးအကဲXiao ကတော့ အကြီးအကဲသာဖြစ်သည် သူ့ရဲ့နှစ်ပေါင်းများစွာမှာ အတွေ့အကြုံတွေအများကြီးရှိခဲ့သည်။ ဒါပေ့ါ သူက သူ့ရဲ့အေးဆေးတည်ငြိမ်မှုကို အငယ်တွေရှေ့မှာ ဘယ်အဆုံးရှုံးခံမလဲ။ သူ့ရဲ့ Ling Xiaoရဲ့You XiaoMo အပေါ်မနှစ်သက်မှုကိုတော့ အဆုံးထိ ဖိနှိပ်ထားနိုင်သည်။ အပေါ်ယံပြုံးလိုက်ကာ ' မင်းရဲ့ဦးလေးXiao ကတော့ ငယ်ရွယ်တဲ့Lin လိုမျိုး ဘယ်လိုလုပ်အားနေနိုင်ပါ့မလဲ။ အငယ်တန်းမှော်ဆရာလေးနဲ့ တစ်နေကုန် ဟိုလျှောက်ပြေး ဒီလျှောက်ပြေးလုပ်နေတာလား။ မင်းဆရာ သိသွားရင် မင်းကို ထပ်ပြီး စကားတွေပြောနေဦးမယ်နော်´
သူ က အငယ်တန်းမှော်ဆရာလေးလို့ညွှန်းဆိုချိန်မှာ အကြီးအကဲXiao ၏ စူးစိုက်တဲ့အကြည့်တွေက ဘေးရောက်ကာ You XiaoMoကို ရိုက်ချလိုက်သလိုပဲ။ အကြည့်တစ်ခုထဲမှာ ရွံရှာမှု အထင်သေးမှုတွေနဲ့ပြည့်နေသည်။
You XiaoMo က သူ့နှာခေါင်းကို ပွတ်ကာ အဝေးကိုလှည့်ကြည့်ပြီး သူ့ကို လျစ်လျူရှုလိုက်သည်။
Ling Xiao က ရယ်ကာ 'အကြီးအကဲXiao က အဲဒိကိစ္စနဲ့ပတ်သတ်ပြီးတော့ စိုးရိမ်ပူပန်စရာ မလိုပါဘူး´
ဟွန့် အနဲ နှာမှုတ်ကာ Xiao Long ကအေးတိအေးစက်နဲ့ 'အခုအတော မိစ္ဆာတွေရဲ့ လှုပ်ရှားမှုက ပိုပိုထင်ရှားလာပြီ ငယ်ရွယ်တဲ့Lin လဲ လိုတဲ့အချိန်မရှိတာ မဖြစ်အောင်လို့ အလွယ်အတကူ အပြင်ထွက်နေတာမျိုး မလုပ်သင့်တော့ဘူး´
Ling Xiao က ရယ်ကာ ဘာမှပြန်မပြောပေ။
Xiao Long တို့လူစုကလည်း သုခဘုံနယ်မြေသွားဖို့အတွက် လိုအပ်တဲ့ အရာတွေ ၀ယ်ဖို့ ဆင်းလာကြတာဖြစ်သည်။ သူတို့က လွန်ခဲ့သော ဆယ့်ငါးမိနစ်မတိုင်ခင်ကမှ ပြီးတာဖြစ်သည်။ မမျှော်လင့်စွာနဲ့ပဲ သူတို့က အပြန်မှာ ဆုံမိသွားကြသည်။
Ling Xiao ကတော့ သူတို့နဲ့ တောင်ပံငှက်တစ်ကောင်ကို အတူစီးသွားဖို့ မရည်ရွယ်ပါဘူး။ သူက You XiaoMo ကို အနီးဆုံး တောင်ပံငှက်ဆီ ဆွဲခေါ်သွားသည်။
ကွင်းပြင်တာဝန်ခံက Ling Xiao နှင့် အလွန်ရင်းနှီးသည်။ သူက တစ်ယောက်ကို ခေါ်လာတာတွေ့တာနဲ့ သူ့လက်အောက်က လူကို လေးယောက်စီး တောင်ပံငှက်တစ်ကောင်ခေါ်ခဲ့ဖို့ ပြောပြီးပြီ ဖြစ်သည်။
Ling Xiao က You XiaoMo ကို သူမတက်ခင်မှာ အရင်တက်စေသည်။
သို့သော် သူထွက်ခွာခါနီးမှ Tang YunQi ရဲ့အသံက အနောက်ကနေ ထွက်လာသည်။
'အစ်ကိုXiao ညီမကို စောင့်ဦး ညီမလဲ အစ်ကိုနဲ့လိုက်မယ်´
အခြားသူတွေ မတုန့်ပြန်ရသေးခင်မှာ Tang YunQi က တောင်ပံငှက်အပေါ်ကနေ အောက်ကို အသာလေးခုန်ချသွားကာ Ling Xiao ဆီ ပြေးသွားသည်။ Ling Xiao ရဲ့ အဖြေကို တောင်မစောင့်ပဲ သူ့က Xiao Long နဲ့အဖော်တွေကို 'ဦးလေးXiao ဦးလေးတို့အရင်သွားလို့ရတယ် ကျွန်မ အစ်ကိုXiao နဲ့ ပြန်လာခဲ့မယ်´
TianXinဂိုဏ်းက သူတို့သုံးရန်အတွက်ပိုကြီးတဲ့ အတောင်ပံငှက်ကို သီးသန့်မှာထားတာကြောင့် အငယ်ဆုံးတစ်ကောင်က လေးယောက်စီးနိုင်သည်။ ထို့ကြောင့် Ling Xiao၏အတောင်ပံငှက်က နောက်ထပ်နှစ်ယောက် စီးနိုင်သေးသည်။ ဒါ့ကြောင့် Tang YunQi က အဲလိုပြောရဲတာဖြစ်သည်။ သို့သော် သူမထင်ထားတာကတော့  Ling Xiao လက်မခံတာကိုပင်။
Xiao Long က ကြမ်းတမ်းတဲ့သူဖြစ်ပေမယ့် သူ့အာရုံခံစားမှုကတော့ သေချာပေါက်မတုံးဘူး။ Tang YunQi ဘာကို ဆုပ်ကိုင်ဖို့အတွက် မအောင်မြင်နေလဲဆိုတာကို သူတွေးမိသည်    သူ့စကားကြားတာနဲ့ သူချက်ချင်း ပြန်ခေါ်ဖို့တွေးလိုက်သေးသည်။ ရုတ်တရက် တစ်ခုခုကို တွေးမိသည့်နောက်တော့ သူ့မျက်လုံးထဲက ဖမ်းမမိနိုင်တဲ့ ငွေရောင်အလင်းတန်းလေး လက်ခနဲဖြစ်သွားသည်။ အဲဒါက ချက်ချင်းပျောက်ကွယ်သွားသည်။ သူက မျက်ခုံးပင့်နေ့သည့် Ling Xiao ကို ပဲ 'ဒီလိုဖြစ်နေတယ်ဆိုလဲ ငယ်ရွယ်တဲကLin လေးကိုပဲ ညီမYunQiကို ဂရုစိုက်ပေးဖို့ ဒုက္ခပေးရတော့မှာပဲ။ သွားနှင့်မယ်နော်´
ဒီစကားတွေပြောပြီးတာနှင့် အခြားသူတွေနဲ့ချက်ချင်းထွက်ခွာသွားတော့သည်။
အရွယ်အစားအလွန်ကြီးမားလှတဲ့တောင်ပံငှက်ကြီးတွေ အတောင်ပံရိုက်ခတ်ကာ မြင့်တက်သွားတာကြောင့် လေအပြင်းတိုက်သွားသလို့ဝေ့သွားတော့သည်။ ပြီးတော့သူတို့က အလွယ်တကူပဲ အဝေးကို ပျံသန်းသွားကြကာ သူတို့အမြင်ကနေ တဖြည်းဖြည်းချင်းပျောက်ကွယ်သွားကြသည်။
အခြားတစ်ဖက်မှာတော့ Tang YunQiက သူ့လက်ကို ၀မ်းသာအားရနဲ့ Ling Xiao ဘက်ကိုဆန့်ကာ 'အစ်ကိုXiao ကူပါဦး´
Ling Xiao ရုတ်တရက် မျက်လုံးတွေ ကျဉ်းမြောင်းသွားသည်။ သူ အဲဒိတစ်ယောက်ကို ထားခဲ့မှာ မဟုတ်ဘူးဆိုတာ သေချာပြီးတော့များ တစ်ဖက်သတ်ဆုံးဖြတ်ချက် ချရဲတယ်လား။ သူတို့တွေ ဘာကိုတွေးနေသလဲဆိုတာကို သူ့မခန့်မှန်းနိုင်ဘူးများထင်နေတာလား
အကယ်လို့သူသာ Tang YunQi ကထားခဲ့လျှင် Tang YunQi နဲ့ Xiao Long က သေချာပေါက်ကို Tang Fan ကိုသွားပြောမှာဖြစ်သည်။ ဒေါင်လိုက်ပဲကြည့်ကြည့် အလျားလိုက်ပဲကြည့်ကြည့် သူ့ဘာသာ ဘယ်လိုမှ ရှင်းပြနိုင်မှာမဟုတ်ပဲ Tang Fan ကို သာ ဒေါသထွက်စေပြီးတော့ သူ့ကိုပြစ်ဒဏ်တောင် ထိစေဦးမည်။ အဲဒါက You  XiaoMo ကိုလဲ ဆက်နွယ်စေနိုင်သည်။
သို့သော် အခုချိန်မတိုင်ခင်အထိ သူ့ကို ဘယ်သူမှ ဒီလိုမျိုး မခြိမ်းခြောက်ရဲပေ။
'အစ်ကိုကြီးLing သူ့ကို ပေးတက်ခိုင်းဦးလေ´
အဲဒိအချိန်မှာပဲ တောင်ပံငှက်ပေါ်မှာ ထိုင်နေတဲ့ You XiaoMo က သူ့လက်မောင်းကို ဆုပ်ကိုင်ကာ တိုးတိုးလေးပြောလိုက်သည်။
Ling Xiao က ခေါင်းလေးငဲ့ပြီး You XiaoMo မျက်လုံးထဲက စိတ်အားထက်သန်မှုကို ကြည့်လိုက်သည်။ သူ့မျက်လုံးထဲမှာ အမှောင်မုန်တိုင်းတွေက ဇက်ကြိုးလွတ်လိုက်သလို ဝေ့၀ိုက်ကုတ်သည်။ Tang YunQi ကို ပြန်ကြည့်ကာ ထူးမခြားနားသော လေသံနဲ့ စကားလုံးတွေပစ်လွှတ်ထဲ့လိုက်တော့သည် 'ကိုယ့်ဘာသာကိုယ်တက်´
ပြောပြီးတာနဲ့ အတောင်ပံငှက်ရဲ့ကျောပေါ်ခြေချလိုက်ကာ You XiaoMo ဘေးမှာ ထိုင်ချလိုက်သည်။
You XiaoMoက Tang YunQi ဖြည်းဖြည်းချင်းကုတ်ဖက်တက်လာတာကို ကြည့်နေသည်။ ဒီငယ်ရွယ်တဲ့ ညီမလေးက သူစံနမူနာထားသော အသွင်အပြင်နှင့် နူးညံ့သိမ်မွေ့တဲ့ မိန်းမပျိုလေးဖြစ်ပေမယ့် သူ့စရိုက်ကတော့ အများကြီးလိုအပ်နေသေးသည်။ သူက ဒီလိုမျိုး အမျိုးအစားအတွကို သူရဲ့ ယောက်ျားပီသတဲ့ အပြုအမူပြဖို့တော့ သုံးမှာမဟုတ်ပေ။ ထို့ကြောင့် သူက အရေထူထူပဲနေကာ Ling Xiao လုပ်သလိုမျိုး လျစ်လျူသာရှုထားလိုက်တော့သည်။
အရှေ့ဘက် ထိုင်ခုံနှစ်ခုံလုံးက သူတို့နှစ်ယောက်ထိုင်ထားတော့ Tang YunQi က အနောက်ကထိုင်ခုံမှာပဲ ထိုင်ဖို့ရှိတော့သည်။
You XiaoMo က အဲဒိတစ်ယောက်က Ling Xiaoရဲ့အနောက်မှာပဲ ထိုင်လိမ့်မည်ဟု ထင်ထားသည်။ မမျှော်လင့်စွာနဲ့ပဲ Tang YunQi က တကယ်ကြီး သူ့အနောက်မှာ ထိုင်ဖို့ ရွေးလိုက်သည်….
Tang YunQi ထိုင်လိုက်တာနဲ့ You XiaoMo ချက်ချင်းလေးအေးတွေ တိုက်ခတ်သွားသလိုခံစားရသည်။ Tang YunQiရဲ့အကြည့်က သူ့ကိုပဲ စိုက်ကြည့်နေတာကို သိဖို့အတွက် နောက်လှည့်ကြည့်ဖို့တောင် မလိုအပ်ဘူး။ သူ့အကြည့်တွေထဲက အမုန်းတရားများကို ခံစားမိတာနဲ့တင် သူ့ကိုယ်ကို လန့်ဖြန့်သွားစေသည်။
ဒီလို ရူးကြောင်ကြောင်အရာတွေကို စဉ်းစားနေချိန်မှာပဲ တောင်ပံငှက်က ထွက်ခွာနေပြီဖြစ်သည်။
ဂရုမစိုက်လိုက်တဲ့ ခဏမှာပဲ You XiaoMoရဲ့ကိုယ်က အနောက်ကို ယိုင်သွားသည်။ သိုိ့သော် ချက်ချင်းကို သူကဘေးက Ling Xiaoက မျက်စိလျင်ကာ ကျင်လည်တဲ့လက်တစ်စုံနဲ့ သူ့ခါးကို ဆွဲပတ်လိုက်ပြီး သူ့ရင်ခွင်ထဲ ဆွဲယူပွေ့ဖက်လိုက်သည်။
မမျှော်လင့်ထားတဲ့အပိုင်းကြောင့် You XiaoMoက Ling Xiaoရဲ့ ပေါင်ပေါ် ရောက်သွားသည်။ သူ့ဘာသာ ဟန်ချက်ပြန်ထိန်းလိုက်သော်လည်း Ling Xiao က သူ့ခုံကို ပြန်ထိုင်စေမည့် အစီအစဉ်ရှိသေးပုံမရ။ သူ့ခါးကို လက်တစ်ဖက်နဲ့ရစ်ပတ်ထားပြီတော့ သူ့ကို တင်းကြပ်စွာ အကျဉ်းချထားတော့သည်။
You XiaoMo က ထိတ်လန့်ပြီးတောင့်တင်းနေသည်။ အထူးသဖြင့် Ling Xiao ကို အလွန်တက်ကြွစွာပိုးပန်းနေသူက သူ့နောက်မှာ ထိုင်နေချိန်ထဲကဖြစ်သည်။
အဲဒါကြောင့်မို့လို့ မနာလိုဖြစ်နေတဲ့မိန်းမတွေကအရမ်းကြောက်ဖို့ကောင်းတယ်လို့ ပြောကြတာဖြစ်မည်။ အထူးသဖြင့် ဒီငယ်ရွယ်တဲ့ညီမလေးTangပေါ့။ ထပ်ပြီးတော့ သူအရေထူရပါလိမ့်ဦးမယ်။ သူက အခြားသူတွေရှေ့မှာ Ling Xiao နှင့် ကလူကျီဆယ်ရတာကို သဘောမကျဘူး။ ပြီးတော့ ဒီလို ကလူကျီဆယ်တယ်ဆိုတဲ့အမူအကျင့်က ……. သီးသန့်လေးရှိနေချိန်မှာ လုပ်ရတာ ပိုကောင်းသည်။
သို့သော် သူ့အားအကုန်သုံးပြီးတာတောင် Ling Xiao ရဲ့လက်အောက်က လွတ်မြောက်ဖို့အတွက် ကျဆုံးနေဆဲပင်။ ကြေးနဲ့သံနဲ့လုပ်ထားတဲ့ နံရံကြီးတွေလိုပဲ နည်းနည်းလေးတောင် လှုပ်ရှားသွားပုံမရဘူး။ အဲဒိအစား You XiaoMo အသက်ရှုမှားလောက်အောင် မောဟိုက်လာသည်။
'နဲနဲလောက် ကောင်းကောင်းနေ´Ling Xiao က သူ့နား နားမှာ တိုးတိုးလေး အသက်ရှုထုတ်လိုက်သည်။
You XiaoMo နားရွက်တွေက ချက်ချင်းကို နီရဲတက်သွားသည် ။ 'အရင်သွားခွင့်ပေးလေ´ သူတီးတိုးလေး ပြောလိုက်သည်။
Ling Xiao က ဖက်ထားတာကို ပိုတင်းလိုက်ကာ တဟားဟား ရယ်ရင်းနဲ 'မင်းအရမ်းတုံးတာပဲ။ မင်းထိုင်နေရင်းနဲ့ အောက်တောင် ပြုတ်ကျသွားနိုင်တယ်။ ဒီနည်းက အကောင်းဆုံးလို့ ခံစားရတယ်´
ဒါက အရေးကြီးအချက်မဟုတ်ဘူးလေ။ အရေးအကြီးဆုံးအချက်က မနာလိုဖြစ်နေတဲ့မိန်းမတစ်ယောက်သူတို့နောက်မှာ ရှိနေတယ်။
သူ့ရှေ့မှာ အရမ်းတွေရင်းနှီးပြနေတာလား။ You XiaoMo က သူ့ဘာသာ တွေးနေသည်။ သူက အကယ်လို့ သူသဘောကျနေတဲ့သူ သူမုန်းတဲ့သူနဲ့ သူ့အရှေ့မှာ အရမ်းတွေ ရင်နှီးပြနေရင် ဘုရားမှာ ကံကောင်းခြင်းတွေရပါစေ ဆုတောင်းပြီး အဲဒိ မဖြစ်သင့်တဲ့ အတွဲကို သေအောင် ဓါးနဲ့ထိုးမိမှာပဲလို့ ခံစားရသည်။ သူ့အရင်ဘ၀တုန်းက သူ့အမေနောက်လိုက်ပြီးတော့ ဗုဒ္ဓဘာသာ ယုံကြည်တယ်ဆိုတာ ပြောစရာတောင် မလိုဘူး။
မျှော်လင့်ထားတာနဲ့ ဆန့်ကျင်စွာပဲ အစပိုင်းက ခံစားချက်တွေ ပြောင်းလဲနေတာကလွဲရင် Tian YunQiက အခြားထူးခြားတာဘာတစ်ခုကိုမှ မပြုမူပဲ တစ်ယောက်လုံး တိတ်တိတ်လေးနေကာ စကားတစ်ခွန်းတောင် ယောင်ပြီးထွက်မလာပဲ နေခဲ့သည်။ တစ်နာရီတောင် မကြာပဲ သူတို့ TianXin ဂိုဏ်းကို ပြန်ရောက်ချိ်န်သွားသည်။
သူတို့လမ်းခွဲရမယ့် လမ်းဆုံရောက်တော့ Tang YunQi က ရုတ်တရက်ကြီး လှည့်လာကာ Ling Xiao ကို စကားတစ်ခွန်းထဲ ပြောသည် 'အစ်ကို Xiao ညီမ အစ်ကို့ကို သေချာပေါက် လက်မလွတ်ဘူး´
ပြောပြီးတော့ Ling Xiao သူကို ပြန်ဖြေတာတောင် မစောင့်ပဲ ထွက်သွားတော့သည်။
မှန်းမရတဲ့ Ling Xiao ကို ချန်ထားခဲ့ကာ You XiaoMo ထွက်လာချိန်မှာ သူအတော်အသင့် ထိတ်လန့်ခြောက်ခြားနေပြီ။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Där berättelser lever. Upptäck nu