၈။ မင်းကို ...ငါ့ဇနီး..ဖြစ်စေချင်တယ်။

Start from the beginning
                                    

သို့ ​သော် ၊ သူမကို  သိရုံသာသိသော ထိုလူကြီးက ဒီလို ကြီးမားတဲ့အပေးအယူလုပ်မယ်လို့ ဘယ်သူက ထင်မိမှာလဲ?

သူ့ကို ကြည့်ရတာတော့ ရုပ်ဖြောင့်သားပဲ။ သူမ မျက်နှာမဲ့လာသည်။ ဒီ သင်္ဘောခရီးစဉ်ပြီးရင်တော့ သူမရဲ့ စိတ်ပျက်စရာကောင်းတဲ့ဘဝကို ပြန်သွားရပေဦးမည်။
တကယ်လို့ သူ့ကို အသုံးချရင် သူမရဲ့ ပြဿ
နာတွေကနေ လွတ်မြောက်နိုင်မလား?

သူမ.. အိမ်ယာမဲ့ ဖြစ်လိမ့်မယ် ။ ဖြစ်နိုင်ချေအများဆုံးက သူမအလုပ်က ထွက်ရလိမ့်မည်။
ဘာကြောင့်လဲဆိုတော့ မန်ကျောက်နဲ့ တစ်နေရာထဲမှာ အလုပ်အတူတူ လုပ်ဖို့ မဖြစ်နိုင်ဘူးလေ။
သူရဲ့ အကြံ က သူမရဲ့ ကိစ္စ တွေကို ဖြေရှင်းပေးနိုင်လိမ့်မည်။

သူမကို သူရဲ့ ဇနီးအဖြစ်လိုချင်တယ်လို့ သူပြောခဲ့သည်။  သူမကို ဇနီးတစ်ယောက်ရဲ့ တာဝန်တွေ ယူရမယ်လို့ သူပြောချင်တာလား?

သူမ မျက်နှာ ဖြူဖျော့ လာခဲ့သည်။
မဟုတ်ဘူး ၊ အဲ့တာတွေ လုပ်ဖို့ သူမ အဆင်သင့် မဖြစ်သေးဘူးလေ။

သူမရဲ့ တိတ်ဆိတ်နေမှုက သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေသည်။

" ရူးမိုက်တဲ့ အလုပ်ပဲ!  '' နောက်ဆုံးတော့ သူမပြောလာသည်။

" ငါသိပါတယ် ''

" တကယ်လို့ မင်းလက်ခံရင် ၊ ငါ...မင်းအတွက် သစ္စာရှိတဲ့ ခင်ပွန်းဖြစ်ပေးနိုင်ပါတယ် ''

" ဘာကြောင့် လဲ? "

" ဘာလို့ ကျွန်မကို လက်ထက်ချင်ရတာလဲ?''
ဟို အမျိုးသမီးကို ဘာလို့ မလက်ထက်နိုင်ရတာလဲ?''

ရှန်းရီ.. ညည်းညူလိုက်သည်။ ဒါတွေ အားလုံးက သူ့မိသားစုရဲ့ အပြစ်ရှာခြင်းကြောင့်ပင်။

ဒါပေမယ့်  သူက မိန်းကလေးတွေကိုငြင်းဆန်သည့်အတွက်  ဂေးလို့ နာမည်ဆိုး ထွက်လာပြီး သူ့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်လာ ပြန်သည်။

" ငါတို့ နှစ်ယောက်အကြောင်းပဲ ပြောရအောင် ။
မင်းက ငါ့အကြောင်း မေးနိုင်သလို ၊ ငါလည်းမင်းအကြောင်း မေးမယ် ''

" ငါ့ ရဲ့ နောက်ခံ အသိုင်းအဝိုင်းအကြောင်း မင်း မသိချင်ဘူးလား? "

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now