Chapter 145 The one he's looking for (Z & U)

शुरू से प्रारंभ करें:
                                    

သို့သော်……
ဒါက တမင်လုပ်တာမဟုတ်ပါ။ ဒီလို သူ့ကို ပြန်ပြီးသဘာဝကျကျပဲ မေးခွန်းပြန်ထုတ်လောက်တဲ့ စကားတွေ ပြောဖို့ ဘယ်သူက Ling Xiao ကို သွားပြောလို့လဲ။  ဒီစကားတွေ ကြားသူတိုင်းက အဲဒါဘာလဲ လို့တော့ နှုတ်ကနေ လွှတ်ခနဲထွက်မှာပဲဆိုတာတော့ သူကို အပြစ်တင်လို့တော့ မရဘူး။
ပြောပြီးတာနဲ့ You XiaoMo ခေါင်းကြီးငုံနေကာLing Xiao ကို မကြည့်ရဲတော့ပေ။
Ling Xiao ကတော့ သူ့ရှက်ရွံ့သွားတာကို ခံစားမိပုံမရ။ သူ့ခေါင်းကို မော့လိုက်သည် သူ့မျက်လုံးတွေထဲက အကြည့တွေက အရင်ကထက်တောင်ပိုပြီး နက်နက်ရှိုင်းရှိုင်းဖြစ်သွားသေးသည်။ အချိန်အတန်ကြာပြီးတော့မှ တည်ကြည်လေးနက်တဲ့အသံနှင့် 'ကိုယ် လူတစ်ယောက်ကို ရှာနေတာ´ဒီစကားတွေကြားတာနဲ့ You XiaoMo က ခေါင်းမော့ပြီး သူ့ကို မကြည့်ပဲ မနေနိုင်တော့တာမို့ သူ့မျက်လုံးထဲက မဖုံးကွယ်ထားတဲ့ မတည်မငြိမ်ဖြစ်နေခြင်းတွေကို အချိန်မှီ မြင်လိုက်ရသည်။ အဲဒိလူက သူ့အဖေကို သတ်တဲ့ သူ့ရန်သူများလား။ ခဏအကြာမှာတော့ သူက မမေးပဲ မနေနိုင်တော့ ' အစ်ကိုအဖေကို သတ်တဲ့ရန်သူလား´
သူ့အသံထဲက စိတ်လှုပ်ရှားခြင်းတွေကို သူပြန်မထိန်ချုပ်နိုင်တော့ ။ သူက သူကစိတ်ထဲမှာ ဖြစ်နိုင်ချေရှိတဲ့ ဘ၀ဇာတ်ကြောင်းလေးတစ်ခုတောင် လုပ်ပြီးဖြစ်သည်။
သူက Lin Xiao က Long Xiaoတိုက်ကို လာရတဲ့ ရည်ရွယ်ချက်က သူ့အဖေကို သတ်တဲ့ သူရန်သူကို လိုက်ရှာတယ်လို့ ထင်နေသည်။ သို့သော် သူ့အဖေကို သတ်သည့် ရန်သူက Ling Xiao လိုမျိုး အင်အားကြီးသူတစ်ယောက်မို့ ချက်ချင်းရှာလို့မရပေ။ ဒါ့ကြောင့် သူက Long Xiaoတိုက်မကြီးမှာ နေပြီးတော့ သူ့အဖေကို သတ်သည့် ရန်သူကို ရှာနိုင်မည့် တစ်နေ့ကို စောင့်နေတာ ဖြစ်သည်။ သူ ကလဲစားချေပြီးတာနဲ့ သူဒီနေရာက ထွက်သွားလိမ့်မည်
သူ စကားပြောပြီးတာနဲ့ တစ်ပြိုင်နက် ဒေါက် ခနဲ သူ့ခေါင်းက မြည်သွားတော့သည်။ ကိုယ်တို့ရဲ့ သူငယ်ချင်းလေး You XiaoMo ကတော့ ဒီနေ့ တစ်နေ့တည်းနဲ့ Ling Xiao သူ့ခေါင်းခေါက်တာ လေးကြိမ်ရှိသွားပြီမို့ စံချိန်တစ်ခုတင်သွားသည်
ဒီတော့ Ling Xiao ရင်ဘတ်ကို မှီနေတဲ့ ကံဆိုးသူကောင်လေးတစ်ယောက်ကတော့ သူ့မျက်လုံးထဲက မျက်ရည်တွေ ဆည်ကျိုးခါနီးဖြစ်သွားသည်။ ဘာလို့များအကြိမ်တိုင်း ဒီလောက်အားသုံးရတာတုန်း? သူခေါင်းက သံမဏိနဲ့ လုပ်ထားတာလဲမဟုတ်။ နည်းနည်းလေးများ မညင်သာနိုင်ဘူးလား?
လုပ်လိုက်တဲ့သူကတော့ သူခေါက်ထဲ့လိုက်တဲ့ နေရာလေးကို အသာလေးပြန်ပွတ်ပေးကာ နူးညံ့ညင်သာသောအသံနဲ့ 'မင်းမှာ ဘယ်လိုတောင် ရူးမိုက်တဲ့ အတွေးတွေ ရှိနေတာတုန်း အရိုက်ခံချင်နေတာမလား´
သူ့အဖေကိုသတ်တဲ့ ဘာရန်သူတုန်း? ဒီဖရဲသီးခေါင်းက ဘာတွေထွက်လာတာလဲ?
-ျီးပဲ … You XiaoMo ကတော့ ရင်ထဲမှ ကျိန်ဆဲနေတော့သည်။
ပြောနေတဲ့ ခေါင်းစဉ်ကို ပြန်သွားပြီးတော့ You XiaoMo ဆက်မေးနေသည်' အဲဒါကမဟုတ်ဘူးဆိုရင် အစ်ကို ဘယ်သူ့ကို ရှာနေတာလဲ? အဲဒိလူက အစ်ကို့ကို  TianXinဂိုဏ်းကို ၀င်စေတာလာ?´
'ဒါပေါ့ ဆက်စပ်တော့ နေတယ်´
Ling Xiao က သူ့ကို သံသယမရှိစေပဲ ခေါင်းညိမ့်ပြီးဖြေသည်။
'အဲတော့ အကြောင်းပြချက်က ဘာလဲဟင်?´ You XiaoMo က ဆက်မေးလေသည်။
'ဘာ့ကြောင့်လဲဆိုတော့ TianXin ဂိုဏ်းမှာ လူအများကြီးရှိတယ်လေ´ Ling Xiao က ပြုံးပြီးပြောလေသည်။
'…….´ You XiaoMo စကားလုံးတွေ ပျောက်ဆုံးသွားသည်။
ဒါဘာအဖြေကြီးလဲ ဒီမှာ လူတွေအများကြီးရှိတာမို့လို့ သူရှာချင်တဲ့သူကို သူရှာလို့ရတယ်လို့ ဆိုချင်တာလား? ဒါဆို ဘာလို့ Qingမြို့နဲ့ HunJiမြို့လို လူပိုများတဲ့နေရာကို သွားမရှာလဲ? You XiaoMo စိတ်ထဲမှာ မေးခွန်းပေါင်း တစ်သိန်းလောက် နဲ့ အဆဲပေါင်း တစ်သိန်းလောက် ပေါ်ထွက်နေသည်။
သူသတင်းအနံ့ခံနေတာက ရပ်လို့မရ။ You XiaoMo က သူအစလုပ်ပြီးမှတော့ သူပဲ အဆုံးသတ်ရမယ်လို့တွေးထားသည်။ ပြီးတော့ အဲဒါက သူ့ရဲ့ စပ်စုချင်စိတ်လေး ပေါက်ကွဲထွက်တော့မလိုပဲ။
ဒီတော့ သူ့က သိချင်စိတ်နဲ့မေးလိုက်သည် ' အစ်ကို ဘယ်လိုလူကို လိုက်ရှာနေတာလဲ? Tian Xian ဂိုဏ်းက လူအများကြီး ရှိတာနဲကဘာလုပ်ရမှာလဲ?´
Ling Xiao က သူ့ကို မရေမရာပုံစံနဲ့ ဖျတ်ခနဲ ကြည့်လိုက်သည်
You XiaoMo ကလဲ အဲဒါကို သိကာ အဆုံးမှာတေ့ သူအရမ်းကတိုက်ကရိုက်ပုံစံဖြစ်နေတာကို သတိထားမိသွားသည်။ အပြစ်ရှိသလိုခံစားရပြီး သူ့နှာခေါင်းကို ပွတ်လိုက်သည်။ ပြီးတော့ သူ့ခေါင်းကို ကာလိုက်သေးသည်။ မေးခွန်းက တော့ မေးပြီးသွားပြီ။ မြန်မြန်ဖြေပါ အားး…။ အဆိုးဆုံးအနေနဲ့ အဟွတ် အဟွတ် သူခေါင်းကို ထပ်ထုတာ ခံရရင်တောင် Ling Xiaoရဲ့ လျို့ဝှက်ချက်နဲ့ လဲလှယ်ရမယ်ဆိုရင်တောင် ကိုယ်တို့သူငယ်ချင်း You XiaoMoက လုံးဝတန်သေးတယ်လို့ တွေးနေသေးသည်။
Ling Xiao က သူ့စရိုက်ကို ဟိုးအရင်ထဲက သိရှိနေပြီးဖြစ်သည်။ လွယ်လွယ်ပြောရရင်တော့ နူးညံ့တဲ့ စိတ်ထားပေမယ့် ကြောက်ဖို့ကောင်းတယ်။ SiFangမြို့လေးတုန်းကလိုပေါ့။ အခွင့်အရေးဘာလို့မယူတာလဲ? အသိသာကြီးပါပဲ သူက အဲဒိ သားအမိနဲ့ မျှဝေခံစားတတ်လို့ မူရင်းဈေးနဲ့ဝယ်ဖို့ကို စိတ်ပါဝင်စားရှိတာပေါ့။ သူကအဲဒိလို့လူမျိုးတွေနှင့်သာ အပေးအယူလုပ်နိုင်တာ ဆိုးလွန်းသည်။ နည်းနည်းလေး အင်အားရှိပြီဆိုတာနဲ့ သူ့ဘာသာသူကိုယ် မနေနိုင်တော့။ သို့သော်……. သူ့ကိုပထမဆုံးတွေ့မိတာ သူကိုယ်တိုင်ဖြစ်နေလို့တော်သေးတာပေါ့။
'ကိုယ်လား? မှော်ဆရာတစ်ယောက်ရှာနေတာ။ TianXin ဂိုဏ်းက ဂိုဏ်းကြီးတစ်ခုဆိုတော့ မှော်ဆရာတွေဆိုတာ မရေနိုင်အောင်ရှိတယ်။ ပြီးတော့ သူတို့မှာက အဆက်အသွယ်တွေရှိတော့ ကိုယ့်အတွက် ရှာဖို့လွယ်တယ်။ ဘာလို့အဲဒိလူကို ရှာရသလဲဆိုတာတော့ ကိုယ် မင်းကို အခုမပြောနိုင်သေးဘူး ဘာ့ကြောင့်လဲဆိုတော့ အခုက ပြောရမယ့် အချိန်မဟုတ်သေးဘူး။ အချိန်တန်ရင် ကိုယ်မင်းကို ကိုယ်တိုင်ပြောပြမယ်´ Ling Xiao က ပြောလိုက်သည်
နောက်ဆုံးမှာတော့ You XiaoMo Ling Xiao ဘာ့ကြောင့် TianXin ဂိုဏ်းဝင်လာသလဲ နားလည်သွားသည်။ အဲတာက အကြောင်းပြချက်ပဲနဲ့ တူပါတယ်။ သနားစရာ Lin Xiao။ You XiaoMo က သူ့အတွက် ကရုဏာသက်စွာနဲ့ မျက်ရည်လက်တစ်ခုပ်လောက်ပေးချင်စိတ်ပေါ်သွားသည်။ Ling Xiao နဲ့တွေ့ရလောက်အောင် ဘယ်လိုတွေတောင် ကံဆိုးခဲ့သလဲပဲ။
'အစ်ကိုရှာနေတဲ့သူ အဆင့်မြင့် မှော်ဆရာလား? တွေ့ပြီလား?´ You XiaoMo ကမေးလိုက်သည်။
'အဆင့်မြင့်မှော်ဆရာမဟုတ်ဘူး ဒါပေမယ့် ကိုယ်တွေ့ပြီးသွားပြီ´
သူ့ကို ပြုံးပြီးကြည့်နေတဲ့ Ling Xiao ၏အပြုံးက နားလည်ရ ခက်လှသည်။
'ဘယ်သူလဲ?´ You XiaoMo မျက်လုံးတွေက တလက်လက် တောက်ပသွားသည်။
အဆင့်မြင့်မှော်ဆရာမဟုတ်ဘူးဆိုလို့ တစ်မျိုးမျိုးတော့ အံအားသင့်သွားပေမယ့် သူ့စကား၏နောက်ပိုင်းက သူ့နှာခေါင်းနားမီးတောက်လောင်နေသလိုဖြစ်သွားသည်။ သူကတွေ့တောင်တွေ့ပြီးပြီလား။ မမျှော်လင့်ထားဘူးပဲ။ သူတွေ့ပြီးသားဆိုလဲ ဘာလို့ TianXin ဂိုဏ်းမှာ ဆက်နေသေးလဲ?
ဒီအတွေးနဲ့အတူ စိတ်အနှောင့်အယှက်ဖြစ်သွားခြင်းက ဖျတ်ခနဲပေါ်လာသည် သို့သော် သူမသေချာမသိခင်မှာပဲ အဲဒါက ပျောက်ကွယ်သွားပြီးဖြစ်သည်
'အ…အဲ့လူ ´
Ling Xiao က တန့်လိုက်ကာ သူ့ကို တန်းလန်းကြီးရပ်ထားလေသည်။ သူအရမ်းကို သိချင်စိတ်တွေပေါ်လာပြီး သူကအနားကပ်သွားတော့မှ ' သူက တကယ်တော့ လူတွေရော နတ်ဘုရားတွေရော စိတ်ဆိုးနေတဲက အရမ်းတုံးတဲ့ မှော်ဆရာလေးတစ်ယောက်ပဲ။ ကိုယ်သူ့ကို အနိုင်ကျင့်တိုင်း သူကစိတ်ဆိုးပေမယ့် ဘာမှမပြောရဲဘူး သူကလည်ဆံမွှေးတွေထောင်သွားရင် ဖြူလေးနဲ့တူတယ် ဒါပေမယ့် သူကအဆူးတွေက နူးညံ့တယ်။ ကိုယ့်ကို စူးနဲ့ထိုးရင် ကလိထိုးနေသလိုခံစားရတယ်။ သူက ရူးရူးမိုက်မိုက်အရာတွေလဲ လုပ်တတ်သေးတယ် အနိုင်ကျင့်ခံရလဲ အသံတစ်ချက်တောင် ဖွင့်မပြောရဲဘူး။ ကိုယ့်ကိုပြောလေ သူက အရမ်းမတုံးဘူးလား?´
You XiaoMo '……………….´
သေစမ်း သေစမ်း ဒီလူ သူပြောနေတဲ့ပုံစံက သူ့နဲ့ဘာလို့အများကြီးတူနေတာလဲ?
မဟုတ်ဘူး မဟုတ်ဘူး။ သူကအကြောင်းပြောနေတော့ မဟုတ်ဘူးမလား ? သူက ဘယ်လိုတောင် နုံချာတာလဲ? ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်။
သေစမ်း ဒီ Ling Xiao ဆိုတဲ့ လူက သူ့အကြောင်းပြောနေတာပဲ။
Ling Xiao ပြောတဲ့ မှော်ဆရာလေးအကြောင်းမှာ သူလည်ဆံမွေးတွေထောင်တာပြောသွားတယ်။ နေ့တစ်ဝက်လောက် စိတ်ထဲရှိသလောက်တွေးချင်တာတွေးအပြီးမှာ  သူ့အဖေကို သတ်ခဲ့တဲ့သူရန်သူဆိုတဲံ့ စိတ်ကူးယဉ်ဇာတ်လမ်းက တကယ်ကြီး သူဖြစ်နေတယ်။ ရယ်ရလွန်းတယ်။
သို့သော် သို့သော် Ling Xiao က သူ့ကို ဘာလို့ ရှာတာလဲ?
လည်ဆံမွှေးတွေထောင်နေတဲ့ ဖြူကောင်လေးက Ling Xiao နှစ်သိမ့်တာတောင် စောင့်စရာမလိုပဲ သူ့ဘာသာသူ ပြန်နူးညံ့သွားသည်။ Ling Xiao သူ့ကို ဖော်ပြာတဲ့ စကားတွေကို နှိုင်းယှဉ်ကြည့်ရင် သူကLing Xiao ရှာနေတဲ့ သူဆိုတာပိုပြီးတော့ တောင် သတိထားမိသည်။ ဘာလို့သူက သူရှာနေတဲ့ တစ်ယောက်ဖြစ်နေတာလဲ? သူမကူးပြောင်းခင်တည်းက Ling Xiao နဲ့ ဟိုYou XiaoMo နဲ့ သိပြီးသားတော့ မဟုတ်ပါဘူးနော်?
အမှန်က သူတို့က ချစ်သူတွေဖြစ်ပြီးသား ပြီးတော့ ဟိုYou XiaoMoက Ling Xiao ရဲ့ နှိပ်ကွပ်ပြီး အာဏာရှင်ဆန်တာကို မပျော်လို့ အငြင်းအခုန်အကြီးကြီး ဖြစ်ပြီး သူအိမ်ကထွက်သွား နောက်တော့ ကံကောင်းစွာနဲ့ သူက Tian Xian ဂိုဏ်းက သူ့ကို စိတ်ဝင်စားပြီးတော့ Tian Xiည ဂိုဏ်းကို လွယ်လွယ်လေးဝင်လာ ပြီးတော့ သူ့ရည်းစား Ling Xiao က သူ့အချစ်ရဆုံးလေးက Tian Xin ဂိုဏ်းကို ၀င်သွားတာဖြစ်မယ်ဆိုပြီးတော့ အပြေးလာရှာ။ ရလဒ်ကတော့ သူတို့နှစ်ယောက်လုံး ဘယ်တော့မှာမတွေးမိတာကတော့ You XiaoMo က မူလ You XiaoMo မဟုတ် ရှင်ခြင်းနဲ့ သေခြင်းက ခွဲခွာသွား……..
သူ့စိတ်ထဲ ကုလားအုတ် တစ်သိန်းလောက် ထပ်ပေါ်လာ…….
ကုလားအုတ်တစ်သိန်းစိတ်ထဲကနေ ကဆုန်ပေါက် ထွက်ပေါ်မလာခင် လည်မျိုထဲမှာပဲသေပွဲဝင်ကုန်တော့သည်။ အဘယ့်ကြောင့်ဆိုသော် Ling Xiao ရဲ့ လက်က သူ့လည်ပင်းကို လာရစ်ပတ်ပြီးဖြစ်ကာ သူ့ရဲ့ နမိတ်ပြအပြုံးမျက်နှာက သူ့မျက်နှာရှေ့မှာ ပြူးပြီး ထွက်လာသည်။
'ညီလေး မင်းဘာတွေ တွေးနေတာလဲ? ´ Ling Xiao မေးလိုက်သည်။
You XiaoMo က သူကလျှာကို ကြိုးစားရုံးကန်ပြီးထိန်းကာ 'ဘာမှမဟုတ်….ဘာမှ မတွေးပါဘူး…….´
Ling Xiao သူ့အပေါ် ငေးကြည့်နေတာ ပိုပိုပြီး မည်းနက်လာကာ ရှေ့တိုးလာပြီး သူ့လျှာကို သူ့ပါးစပ်နဲကဖမ်းချုပ်လိုက်သည်…
You XiaoMo '………….´
ဒီလို အလေးအနက်ရှိတဲ့အခြေအနေမှာ သူကတကယ်ကြီး ဒီလို မလျော်ကန်တာကြီးလုပ်တယ်။ You XiaoMသ ရဲရဲတောက်သွားသည်။ အရမ်းမုန်းတယ်။ သူအသက်ရှုလို့ မရပေ။ သူ့လည်ပင်းက အထိန်းခံထားပြီးသာအပြင်ကို အခုသူပါးစပ်ထဲက လေတွေပါ စုပ်ယူခြင်းခံလိုက်ရသည်။ သူ့ကို သူဘယ်လောက်တောင် မုန်းနေလဲ?
အချိန်အတော်ကြာ……..
Ling Xiao နောက်ဆုံးတော့ သူ့လျှာကို သွားခွင့်ပေးလိုက်ပြီး တဟားဟား ရယ်ရင်းနဲ့ 'တကယ် ဘာမှ မတွေးဘူးလား?´
You XiaoMo လေကို တ၀ကြီး ရှူသွင်းလိုက်ပြီး  ခပ်မြန်မြန်လက်ထောင်ပြကာ 'တွေးတယ် တွေးတယ် တွေးတယ် အကယ်တော့ အစ်ကို ကျွန်တော့်ကို ဘာ့ကြောင့် ရှာတာလဲ တွေးနေတာ ဒါပေမယ့် တွေးမရဘူး´
Ling Xiao က သူတွေးတာရဲ့ အကြောင်းပြချက်ကို မေးနေမှာ စိုးတာကြောင့် သူနောက်ဆုံးအပိုင်းကို အမြန်ပေါင်းထည့်လိုက်သည်။
Ling Xiao က နောက်ဆုံးတော့ သူကိုင်ထားတာကို လွတ်လိုက်သည်။ သူ့မျက်လုံးတွေက သူကို အခုလွတ်ပေးတော့မည်ဟု ပြောနေသယောင်ရှိသည်။
လွတ်လပ်ရေးပြန်ရသွားတာနဲ့ You XaiaMo ကစိတ်သက်သာရာ ရသွားကာ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။ ဒီကမ္ဘာက တကယ်တော့ အတော်ကောင်းတာမို့ သူအသက်ရှင်နေလျှင် အကောင်းဆုံးဖြစ်သည်။
ကြော်ငြာကြားဖြတ်ဝင်ချိန်နောက်မှာတော့ You XiaoMo က မူရင်းပြဿနာကို အဆုံးမှာ သတိရသွားသည်။
Ling Xiao ရဲ့ အကျီ င်္ကို တင်းတင်းဆုပ်ကိုင်ထားတာကို လွတ်ခါနီးဆဲဆဲမှာကျမျာ You XiaoMo ရုတ်တရက် ထပြီးတော့ အမြန်ခပ်တင်းတင်းပြန်ဆုပ်ကိုင်ကာ 'အာ့ အဲဒါမှ မမှန်တာ ကျွန်တော် အစ်ကိုနဲ့ တစ်ခါမမှ မဆုံဘူးတာ ဘာလို့ အကြောင်းပြချက်မရှိပဲ ကျွန်တော့ကို ရှာရတာလဲ?´
သူ့မှာ မူရင်းခန္ဓာကိုယ်ပိုင်ရှင်ရဲ့မှတ်ဥာဏ်တွေ မရှိပေမယ့် သူနဲ့ မူလပိုင်ရှင်နဲ့က မတူတဲ့ကမ္ဘာနှစ်ခုက လူတွေဆိုတာ ခံစားမိနေတာမို့ တစ်ဦးနှင့် တစ်ဦး အလွယ်လေးဆုံဖို့ဆိုတာ အခွင့် အရေး ရှိမနေဘူး
'မတုန်လှုပ်နဲ့ ကိုယ်လဲ ဒီနေ့မှ ကိုယ်ရှာနေတဲ့သူက မင်းမှန်းသိတာ´
Ling Xiao က သူ့လက်ကို ဆုပ်ကိုင်လိုက်ကာ သူဘာကို စိတ်ပူနေသလဲဆိုတာ သိလိုနှင့် နူးညံ့သိမ်မွေ့တဲ့လေသံနှင့် ဆိုသည်။
'အဲဒိ အကဲဖြတ်ကျောက်တုံးကြောင့်တော့ …..မဟုတ်ဘူးမလား?´
You XiaoMo ပါးစပ်အဟောင်းသားဖြစ်သွားသည်။ သူက ဒီအကြောင်းအရာပဲ စဉ်းစားလို့ရသည်။ ဒီကမ္ဘာက စိတ်ကူးယဉ်နယ်မြေ ဖြစ်နေပြီးသားကို မှ စိတ်ကူးယဉ်က အရမ်းတွေ ဆန်နေသေးသည်။
Unicode
C-145 The one he's looking for.

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)जहाँ कहानियाँ रहती हैं। अभी खोजें