ရှန့်ခုံးရဲ့ စကားက မြှားတွေလို ရိပေါ် ဆီ တစင်းပြီးတစင်းထိုးဝင်လာသည်။ သူဆက်ပြောရင် အသိစိတ်လွတ်ပြီး ဒီနေရာမှာတင် ရှန့်ခုံးကိုလဲ သတ်မိသွားနိုင်တာမို့ ရိပေါ် အံကိုတင်းတင်းကြိတ်ရင်း အသိစိတ်မကပ်ပဲ panic attack ရနေသည့် ရှောင်းကျန့်ကို ကြမ်းပြင်ပေါ်ကနေ ပွေ့ချီလိုက်သည်။

"ဝမ်ရိပေါ်. . . သူ့ကိုဆေးရုံပို့ပြီးရင် ငါ့ဆီပြန်လာပြီး ဆက်ထိုးပါဦး"

နံရံကိုမှီပြီး ထိုင်နေသည့် ရှန့်ခုံး မျက်နှာက အထိုးခံထားရတဲ့ဒဏ်ကနေ ယောင်ကိုင်းစပြုနေပြီ။

"မင်းတမင်တွေလုပ်နေတာမလား ရှန့်ခုံး။ အဲရစ်ကင်မ်ကိစ္စကို ငါကြားပြီးပြီ။ မင်းက ငါ့ကိုပါ သူ့လိုဖြစ်စေချင်တာလား"

ရှန့်ခုံးက ရိပေါ်ကို မော့ကြည့်လိုက်တဲ့ မျက်ဝန်းထဲမှာ ခြောက်ခြားမှုတွေ. .

သူချက်ချင်းခေါင်ယမ်းလိုက်ပြီး နေရာကနေကုန်းရုန်းထလို့ ရိပေါ် ခြေထောက်ကို မှီအောင်လိုက်ဆွဲသည်။

"မဟုတ်ဘူး ရိပေါ်။ မင်းကြားထားတာတွေအားလုံး အမှားတွေ။ မင်းနဲ့ငါဆိုတာက တခြားဘယ်သူနဲ့မှတူတာမဟုတ်ဘူးလေ။ အဲရစ်လိုကောင်မျိုးနဲ့ မင်းကိုယ်မင်းမနှိုင်းပါနဲ့။ အခုလဲ ဒီ ရှောင်းကျန့်သာ မရှိတော့ရင် ငါတို့ရန်ဖြစ်နေစရာမရှိဘူးလေ"

ရိပေါ်က သူ့ခြေထောက်တစ်ဖက်ကို ဆွဲထားတဲ့ ရှန့်ခုံးလက်ကို ကန်ထုတ်လိုက်သည်။

"မင်းနဲ့ငါလဲ တခြားသူငယ်ချင်းတွေနဲ့အတူတူပါပဲ ရှန့်ခုံး။ ဒီအတွက် မင်းက ငါ့ကို နာကြင်အောင်လုပ်ခွင့်မရှိသလို ငါကလဲ မင်းကို နာကြင်အောင်လုပ်ခွင့်မရှိဘူး။ မဟုတ်ရင် မင်းနဲ့ဆက်ပြီး သူငယ်ချင်းမလုပ်ချင်တော့ဘူး"

သူ ရှန့်ခုံးကို လှည့်မကြည့်တော့ပဲ ရှောင်းကျန့်ကိုပဲ အနားက ဆေးရုံရဲ့ အရေးပေါ်ဌာန အရောက် ပွေ့ချီလာခဲ့သည်။ ရှောင်းကျန့်ရဲ့ Panic attack ရာဇဝင်ကိုပြောပြီး လိုအပ်တဲ့ စိတ်ငြိမ်ဆေးတချို့ထိုးထားလို့ ရှောင်းကျန့်အိပ်ပျော်သွားတဲ့အထိ ဘေးမှာ ခဏစောင့်ပေးပြီး သူပြန်လာခဲ့သည်။ ရှောင်းကျန့်နဲ့လဲ သူမပတ်သတ်ချင်တော့ပါ။

MARSWhere stories live. Discover now