အိမ်မက်ဆိုး (အိမ္မက္ဆိုး )
Start from the beginning
အစည်းအဝေးအခန်းမှာရှိတဲ့လုပ်ငန်းရှင်တွေကတော့ ဝမ်ရိပေါ်နဲ့ ရှောင်းကျန့်ကိုကြည့်ပြီး မေးခွန်းထုတ်နေကြသတဲ့..။
အမြဲအေးတိအေးစက် နေလေ့ရှိတဲ့ ဝမ်သခင်လေးက သူ့အဖေရဲ့ မယာပါသားကို အရိပ်တကြည့်ကြည့်နဲ့ မျက်ဝန်းတွေက အားလုံးကို အထူးအဆန်းဖြစ်စေတယ်လေ..။
အချိန်မနည်းကြာမှ အစည်းအဝေးကပြီးသွားတယ်။ ရှောင်းကျန့်လဲအခုမှ အသက်ရှူဝ၏ ။ သူတကယ် ပျင်းလွန်းလို့ အရေပျော်လို့မယ်လေ..။
" ge ပျင်းနေပြီလား..''
အားလုံးထွက်သွားတော့မှ ရိပေါ်က စားပွဲပေါ် မေးတင်ထားကာပျင်းရိနေပုံရသော သူ့ ge ဆီရောက်လာလေတယ်..။
" ge မလိုက်ချင်ပါဘူးဆိုတာ ဝမ်လေးကအတင်ခေါ်လာတာကို..''
Ge က ခေါင်းတောင်မထောင်ပဲ ရိပေါ်ကိုမျက်လုံးပင်ကြည့်ကာ ပြောနေတာ..၊ အသံအနေအထားအရ ge ဘလောက်ပျင်းနေပြီရိပေါ်သိတယ်..။ အိမ်မှာ ထားခဲ့လိုဖြစ်ပေမယ့် မနေ့ကမှပြန်ရောက်သော ရိပေါ်က ge ကို မိမိမျက်စိအောက်ကတောင်အပျောက်အခံနိုင်ပါ။ ဘလောက်တောင်လွမ်းခဲ့ရလဲ မိမိကအသိဆုံးမလား ။ ဒါကြောင့် အတင်းခေါ်လာခြင်းဖြစ်သည်။
" ဟုတ်ပါရဲ့ ကျတော်ရဲ့ ကလေး စိတ်နဲ့ gege က ပျင်းနေပြီပေါ့ ကျတော်က Hotpot ဝယ်ကြွေးမယ်လေနော်..။
ရှောင်းကျန့်ရဲ့ ခေါင်းကို မော့ပြီး ပါးနှစ်ဖက်ကို ဖျစ်ကာ ရိပေါ်ကပြောတယ်..။ သူ ကြိုက်တဲ့ Hotpot ဆိုတဲ့အသံကြောင့် ဘလင်းလင်းတောက်နေတဲ့ ge က လျှာတောင်သပ်လိုက်သေးတယ်..။ ဒါ... ရိပေါ်ကို သက်သက်မြူစွယ်နေသလိုပဲ ၊
Ge က ရှေ့သွားအကြီးကြီးတွေပေါ်လာတဲ့အထိ ရိပေါ်ကို ရယ်ပြနေတယ်..၊ ge ပါးကို ဖျစ်ထားတဲ့ လက်က ပြေကျပြီး ge လည်တိုင် အသာအယာ ကိုင်လိုက်တယ်၊ သိပ်လှတဲ့လည်တိုင်ဖြူဖြူလေးမှာ သွားရာအကွင်းလိုက်ပေါ်နေတဲ့ အနီရောင် အမှတ်ကြောင့်ရိပေါ် ပြုံးလိုက်မိတယ် ။ ဒီအမှတ်အသားမှာ ge ကို သူပဲပိုင်တယ်ဆိုတဲ့သဘော.. ။
အင်း..ဟုတ်တယ် ge ကို ငါပဲပိုင်တာ..။
တွေးမိနေတုန်းရှိသေး ၊ မထင်မှတ်ထားတဲ့ ge အပြုအမူကြောင့် ရိပေါ် မျက်လုံးတွေပုံမှန်ထက်ပိုကျယ်လာ၏..။
Ge က ထိုင်နေရင်း ရိပေါ့် နက်ကတိုင်ကို ဆွဲကာ သူ့နှုတ်ခမ်းများနှင့် ဖိကပ်လာသောကြောင့်ဖြစ်သည်။ အမြဲနမ်းနေတာ အဆန်းမဟုတ်ပေမယ့် ge ဘက်ကစနမ်းလိုက်တာကြောင့် ရိပေါ်ဟာ အသက်ထွက်ခမန်းနီးနီးပဲ..။