MARS 10 (Unicode)

Start from the beginning
                                    

"နင့်ကြည့်ရတာ နည်းနည်းလေးမှ ပုံမမှန်ဘူး"

သူက ဘာမှမဖြစ်ဘူးပြောလဲ ဝမ်းချင်က လွယ်လွယ်ယုံမယ့်သူမှမဟုတ်တာ။ ရှောင်းကျန့်က ပြန်မဖြေပဲငိုင်နေလေ ဝမ်းချင်က မသကာၤလေ။

"ကျန့်ကော နင်အဲ့လိုဖြစ်နေတာကြီးက အရင်ကဆို ပုံမှန်လို့ ငါသဘောထားပေးလို့ရပေမယ့် အခုနင်က မတူတော့ဘူးလေ။ အရမ်းကို တက်ကြွပျော်ရွှက်လာပြီးမှ အခုကျ စိတ်နဲ့လူမကပ်သလိုကြီး။ ဟိုကျိရှန့်ခုံးဆိုတဲ့တယောက်ကြောင့်လား"

ဝမ်းချင်ရဲ့အမေးကို ရှောင်းကျန့်က ယဲ့ယဲ့ပဲ ပြုံးပြလိုက်တော့ ဝမ်းချင်က တကယ်ပါပဲဆိုပြီး စိတ်ပျက်တဲ့အကြည့်နဲ့ တချက်ကြည့်ပြီး ရှောင်းကျန့်ကို ကျောင်းကန်တင်းဘက်ဆွဲခေါ်လာသည်။

နို့ဘူးတွေ ပေါင်မုန့်တွေဝယ်လာပြီး သူ့ကိုဇွတ်စားခိုင်းနေတဲ့ ဝမ်းချင်ရဲ့ စေတနာတွေကို ဘယ်လို ငြင်းလို့ငြင်းရမှန်းတောင်မသိတော့။

"ရှောင်းကျန့်. . နင်ဖြစ်နေတာကိုမပြောရင် ငါက နင့်ကို ဘယ်လို ကူညီရမှာလဲ"

ဝမ်းချင်ရဲ့ စိတ်ရင်းက အဖြူနဲ့အမဲ သဲသဲကွဲကွဲရှိသည်။ သူမှန်တယ်ထင်ရင် မှန်တယ်လို့ပြောရဲသလို သူမမှန်ဘူးထင်တာဆိုလဲ ပွင့်ပွင့်လင်းလင်းထောက်ပြရဲတာမို့ ရှောင်းကျန့် ခံစားနေရတာကို ဖွင့်ပြောရင် အရှေ့မှာတော့ တမျိုးနှစ်သိမ့်ပြီး ကွယ်ရာကျမှ ဝေဖန်မယ့်သူမျိုးတော့မဟုတ်။

"ဟုတ်တယ်။ ရှန့်ခုံးကြောင့်"
ဘေးလူတွေကြားရင်အထင်လွဲမှာစိုးတာကြောင့် သူဝမ်းချင်ဘက်ကို ပိုကုန်းပြီး ခပ်တိုးတိုးနဲ့ပြောလိုက်သည်။

"သူနဲ့ရိပေါ်က ငယ်သူငယ်ချင်း အရမ်းခင်ကြတယ်ဆိုတာ ငါနားလည်ပါတယ်။ အခုဟာက သူ့ကို မနာလိုတာမဟုတ်ဘူး။ ငါ သူ့ကိုမြင်ရင်ကို စိတ်ထဲနေရတာတမျိုးကြီး ကြောက်နေတယ်။ သူက ပြုံးရယ်ပြီး ခင်ခင်မင်မင် ဆက်ဆံပြနေပေမယ့် တမျိုးပဲ ဟန်ဆောင်နေတယ်လို့ ထင်ရတယ်။"

ဝမ်းချင်က သူ့အပြောကို ခေါင်းတဆတ်ဆတ်ငြိမ့်ပြီး ထောက်ခံနေတော့ နည်းနည်းအားတက်သွားသည်။

MARSWhere stories live. Discover now