Chapter 3- ရုပ်ရှင်ဧကရာဇ်

9.1K 1.4K 14
                                    

Unicode

ကျောင်းပိတ်ရက်မို့ ရုံးခန်းများရှိသော အဆောက်အဦးရှေ့ လူရှင်းနေသည်။ ဟောပိုင်က ပါမောက္ခရွှီရင်ရုန်၏ ရုံးခန်းနေရာကို မှတ်ဥာဏ်ထဲမှ ပြန်ဆွဲထုတ်ကာ ပွင့်နေသော တံခါးရှေ့ ဝင်ကြည့်လိုက်သည်။

"အထဲမဝင်လာပဲ အပြင်က ဘာလာချောင်းနေတာလဲ"
မျက်နှာ တည်တင်းနေသော လူကြီးတစ်ယောက်က ပြတင်းပေါက်ဘေးနားရှိ စားပွဲတွင် ထိုင်နေကာ မျက်မှန်ကို ချွတ်သည်။ လက်ထဲက ကိုင်ထားသော ဓာတ်ပုံကို ချ၍ သူ့ကို လက်ယက်ခေါ်လိုက်သည်။
" အထဲဝင်ပြီး ဒီမှာ လာထိုင်လေ"
ထိုလူကြီးက စားပွဲရှေ့မှ ထိုင်ခုံကို လက်ညိုးထိုးပြလိုက်သည်။

ဟောပိုင်က နှုတ်ခမ်းကို နားရွက်တပ်ချိတ်မတတ် ဖြဲကာ မျက်လုံးနှစ်လုံးက လခြမ်းကွေးသဏ္ဍာန် လုပ်၍ ပြုံးလိုက်သည်။ ( ဒီလိုလေး 😁😁)

ထို့နောက် ပါမောက္ခ၏ စားပွဲရှေ့သို့ သွားကာ ကျုံ့ကျုံ့ထိုင်၍ စားပွဲပေါ် လက်တင်လိုက်သည်။ ထို့နောက် ဘယ်ဘက်ပါးပြင်တွင် ပါးချိုင့်ပေါ်သည်အထိ ပြုံးလိုက်သည်။
" ကောင်းသော မနက်ခင်းပါ ပါမောက္ခကြီး... မနက်စာ စားပြီးပါပြီလားခင်ဗျ"

ရွှီရင်ရုန်က က မျက်လုံး လှန်၍ ဟောပိုင်ကို တစ်ချက် ကြည့်သည်။ ထို့နောက် စားပွဲပေါ်တင်ထားသော ဓာတ်ပုံကို လက်နှင့် ဖိကာ တစ်ချက်ပြုံးသည်။

" အရမ်းတော်တဲ့ ကျောင်းသားလို လိမ္မာပြမနေနဲ့... မနေ့က မင်းပို့လိုက်တဲ့ အီးမေလ် ရောက်တယ်.. ဒီတစ်ခေါ​က် မင်း ပြန်ရိုက်တဲ့ အိမ်စာက အရမ်းကောင်းတာပဲ..."

ဟောပိုင် မျက်နှာပေါ်မှ အပြုံးက ပိုကြီးလာသည်။

" အဲ့ဒါကြောင့်မို့ အခု ငါ့ကို သေသေချာချာ ရှင်းပြစမ်း... ဒီလောက် ဓာတ်ပုံကောင်းကောင်း ရိုက်တတ်တဲ့ အစွမ်းအစ ရှိနေတာတောင်မှ အရင်တစ်ခေါက်က ဘာလို့များ သုံးစားမရတဲ့ ပုံတွေ ရိုက်ပြီး တင်တာလဲ... အရင်တစ်ခေါက်က ပုံတွေက ခေါင်းစဥ်နဲ့ တခြားစီ. အလင်းနဲ့ အမှောင်က လုံးဝ သက်သက်စီကြီး..."

ဟောပိုင် မျက်နှာပေါ်မှ အပြုံးက ပို၍ထင်းလာသည်။ ဒါကြောင့် ပါမောက္ခက သူ့ကို စောင့်နေခဲ့တာကိုး..

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now