Chapter 74 - တပည့်အဖြစ်လက်ခံခြင်း 3

3.5K 763 24
                                    

Unicode

" မြှောက်ပင့်မနေနဲ့"
ရွှီရင်ရုန်က ထိုကောင်လေးကြောင့် ရယ်လိုက်ကာ အံဆွဲထဲမှ နာမည်ကတ်တစ်ခုကို ထုတ်ပေးလိုက်သည်။
" တိုက်ဆိုင်လိုက်တာ မင်းရဲ့ အလုပ်အသစ်ကလဲ ဒုတိယစီနီယာနဲ့ ပတ်သက်နေတာဆိုတော့.. မေးချင်တာရှိရင် သူ့ကိုသာ သွားမေးလိုက်.. ငါ သူ့ကိုပြောပေးထားလိုက်မယ် မင်းကို ကောင်းကောင်းဂရုစိုက်ပါလို့"

ဒုတိယစီနီယာနဲ့ ပတ်သက်နေတာ?? .. ကျွင်းချန်စတူရီယို မှာ အလုပ်လုပ်နေတဲ့သူများလား...

ဟောပိုင်က နာမည်ကတ်ကို စိတ်ဝင်စားစွာ ငုံ့ကြည့်လိုက်၏။ ကတ်ပြားပေါ်မှ နာမည်ကိုမြင်တော့ လန့်သွားကာ လွှတ်ချမိမလိုပင် ဖြစ်သွားလေသည်။
" ရွှီ... ရွှီရင်း... သူက ဟို.. ဟိုပုံတွေကို အဓိကထားရိုက်တာ.."

" အင်း ဟုတ်တယ်.. ခန္ဓာကိုယ်ရဲ့ အနုပညာကို အဓိကရိုက်တဲ့ ဓာတ်ပုံဆရာပဲ"
သူ့တပည့်အကြောင်းပြောရင်းနှင့် ရွှီရင်ရုန်က မျက်နှာအနေအထားတစ်မျိုးပြောင်းသွားရှာသည်။ ခေါင်းခါရင်း ဆက်ပြောနေသည်။
" ဒီကောင်လေးက အလုပ်တော့ တော်တော်ကြိုးစားသား.. လူပုံတွေ ရိုက်တာလဲ တကယ်ပါရမီပါတယ်.. ဒါပေမဲ့.. ထားလိုက်ပါတော့လေ.. အနည်းဆုံးတော့ ဓာတ်ပုံကို ဝါသနာပါပြီးတော့ အာရုံစိုက်စရာ လမ်းကြောင်းအမှန်ကို ရောက်နေတာပဲ.. စိတ်မပူပါနဲ့... သူက နည်းနည်းအရိုင်းဆန်ပေမဲ့ လူဆိုးတော့ မဟုတ်ပါဘူး.. လူကောင်းလေးပါ"

" ဟုတ်.. ဟုတ်ကဲ့ပါ.. ကျွန်တော် စိတ်မပူပါဘူး.. လုံးဝ စိတ်မပူပါဘူး"
ဟောပိုင်က နာမည်ကတ်ကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း ပြုံးချင်ယောင်ဆောင်နေသော်လဲ စိတ်ညစ်သွားသည်။

ရွှီရင်း... ဒီလူကို အရင်ဘဝက သူ ကောင်းကောင်းသိတာပေါ့.. ဒီလူဆီကနေ ထွက်ပြေးခဲ့ရတာ ဘယ်လောက်တောင် ဒုက္ခရောက်ခဲ့ရသလဲ....

အနုပညာမျက်လုံးသက်သက်နှင့် ကြည့်ရင်တော့ ရွှီရင်းရိုက်သည့် ခန္ဓာကိုယ်အသားပေး ဓာတ်ပုံပညာက ​လှပပြောင်မြောက်ကာ အရိုင်းမဆန်ပေ။ သို့သော် ဒီလူက လူ့ခန္ဓာကိုယ်ကောက်ကြောင်းကို အရမ်းစွဲလန်းနေသူဖြစ်၏။ အရင်ဘဝက သူ့ကိုတွေ့တော့ ဒီလိုခန္ဓာကိုယ်မျိုးကို လိုက်ရှာနေတာကြာပြီဖြစ်ကြောင်း သူ့ကို မော်ဒယ်လုပ်ပေးပါလားလို့ ပြောခဲ့သည်။ သူ့ကို ဓာတ်ပုံရိုက်ပါရစေဟု တောင်းတောင်းပန်ပန် ပြောနေသည့်အတွက် သူ ဘယ်လိုရှောင်ရမှန်းပင် မသိခဲ့။

OUR❤️ ( One Useless Rebirth) 1Wo Geschichten leben. Entdecke jetzt