Chapter 41- Candid photo 3

4.4K 865 14
                                    

Unicode

လင်းရှကဲ့သို့ တည်ငြိမ်ရင့်ကျက်သော အမျိုးသမီးသည်ပင် တိုးတိုးလေးပြောနေသည့်အတွက် ဟောပိုင်အံ့အားသင့်ရသည်။
" ကျွန်တော်လဲ ဒီလောက်ကြီးကျယ်မှန်းမထင်ခဲ့ဘူး.. ကျွန်တော်တို့ တကယ်ကြိုးကြိုးစားစားလုပ်ရမှာပဲ"

တိချိုးဟယ်၏ အဆက်အသွယ်ဆိုသည်က တကယ်ခမ်းနားတာပဲ...

လင်းရှက ခေါင်းညိတ်သည်။
" ဟုတ်တယ်.. ကိုယ်တို့ကြိုးစားရမယ်"

သူတို့စကားပြောပြီးရုံရှိသေး။ ကားက ဧည့်ရိပ်သာ၏ ပင်မအဆောက်အဦးရှေ့သို့ရောက်လာသည်။  ကျားကျန်နှင့် သူ့လူတို့က ကားထဲမှထွက်ကာ ဟောပိုင်နှင့်အဖွဲ့ကို အထဲခေါ်သည်။ ကျားပေလေ့ကို ကူညီပေးရန် အမျိုးသမီးလက်ထောက်နှစ်ယောက်ကို မှာသည်။ ထို့နောက် သူရှိနေပါ​က အနေရကြပ်မည်စိုး၍ ကျားကျန်က အပြင်ပြန်ထွက်သွားသည်။

ဟောပိုင်က လမ်းတစ်လျှောက်ကားစီးလာကတည်းက သဘောကျသည့်နေရာတချို့တွေ့ခဲ့သည်။ ထို့ကြောင့် ကျားကျန်ထွက်သွားသည်နှင့် တစ်ပြိုင်နက်ထဲ သူ့အဖွဲ့ကို လုပ်ငန်းစရန် ပြောသည်။ ဓာတ်ပုံရိုက်သည့်နေရာကို ပြင်ဆင်သည့်အဖွဲ့ ထွက်သွားသောအခါ ဟောပိုင်က မင်းသမီးဝတ်စုံစီးရီးအတွက် အစမ်းရိုက်ထားသောပုံများအား ကျားပေလေ့ကိုပြရင်း ဓာတ်ပုံရိုက်မည့်အစီအစဥ်ကို ရှင်းပြ၏။

" မိန်းကလေး ကျား.. ခဏနေကျရင် ကင်မရာကို တည့်တည်ကြည့်ပြီး ပို့စ်ပေးစရာမလိုဘူး.. ကျွန်တော်ရွေးထားတဲ့နေရာတွေက အသီးမှည့်တွေပြည့်နေတဲ့ အပင်တွေအများကြီးရှိတယ်.. မိန်းကလေးက ခြင်းတောင်းလေးတစ်လုံးနဲ့ အသီးခူးမယ်.လမ်းလျှောက်မယ်.. ပန်းလေးတွေလျှောက်ခူးမယ်.. မီးထိုးပေးမဲ့ဆရာက ကြည့်လုပ်ပေးပါလိမ့်မယ် ကင်မရာကို စိတ်ထဲမထားနဲ့"

ကျားပေလေ့မှာ အရပ်မြင့်မား၍ လှပသောမိန်းမပျိုလေးတစ်​​ယောက်ဖြစ်ရာ မင်းသမီးဝတ်စုံစီးရီးနှင့် အတော်လေးလိုက်ဖက်သည်။ ဟောပိုင်စကားကို နားထောင်ရင်း ဝတ်စုံများကို လှန်လှောကြည့်​ကာ အံ့သြမှင်သက်မိနေသည်။
" ဒါတွေကို  ပထမဆုံး ဝတ်ရမှာက တကယ်ပဲ ညီမလား"

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now