Chapter 71 - ငှက်လေး ဘာလို့ပျောက်သွားတာလဲ 4

3.5K 717 13
                                    

Unicode

တိချိုးဟယ်က ခဏရပ်သွားကာ ဟောပိုင်စကားကို ပြန်စဥ်းစားရင်း မျက်လုံးတွေ အရောင်တောက်လာသည်။
" ဘာလို့လဲ.. ရုပ်ရှင်ထဲက မင်းသားနဲ့ မင်းသမီး တွဲနေကြတယ်ဆိုရင် ရုပ်ရှင်က ပိုနာမည်ကြီးမှာမဟုတ်ဘူးလား.. အဲ့ဒါက အနုပညာလောကရဲ့ ဗျူဟာပဲလေ"

" ဒါပေမဲ့ ဒါက ဗျူဟာမဟုတ်ဘူး ထောင်ချောက်"

" ချိုးဟယ်.. ခင်ဗျားရဲ့ ဇာတ်ကားက အဲ့လိုမျိုး ခပ်ပေါပေါဗျူဟာတွေကြောင့် အောင်မြင်မှာမဟုတ်ဘူး ... ခင်ဗျားရဲ့ အရည်အချင်းပေါ်မှာပဲ မူတည်ပြီး အောင်မြင်မှာ"
ဟောပိုင်က ရိုးရိုးသားသား ပြန်ဖြေသည်။
အရင်ဘဝက တုံ့နီကစားခဲ့သည့် သရုပ်ဆောင်များအကြောင်းကို ပြန်တွေးရင်း တိချိုးဟယ်ကို စိတ်ပါလက်ပါ ပြောပြနေသည်။
" ခင်ဗျားပြောသလိုမျိုး တုံ့နီက တခြားတစ်ယောက်ရဲ့ အငယ်ပဲထားပါတော့.. သူနဲ့ ခင်ဗျားနဲ့ ကောလဟလတွေ ထွက်ကုန်ရင် အဲ့လူက ခင်ဗျားကို မကျေမနပ်ဖြစ်လောက်တယ်.. ပြီးတော့ အခု ခင်ဗျားမှာ Huangdu နောက်ခံမှ မရှိတော့တာ .. သေသေချာချာ ဂရုစိုက်နေရမယ်လေ.. ကျွန်တော်ပြောတာ သဘောပေါက်လား"

အရင်ဘဝက တုံ့နီက အရေးကြီးပုဂ္ဂိုလ်တစ်ယောက်၏ အငယ်အနှောင်းဖြစ်ကြောင်းကိုသာ မဖော်ထုတ်နိုင်ပါက တိချိုးဟယ်တစ်ယောက် အနုပညာလောကထဲတွင်ပင် ရပ်တည်နိုင်ခဲ့မည်မဟုတ်တော့ ။ ဖော်ထုတ်နိုင်ခဲ့သည့်တိုင် သတင်းစာတိုင်း၏ ခေါင်းကြီးပိုင်းတွင် အတော်ကြာ ဖော်ပြခံရသေးသည်။ တရားရုံးကလဲ တုံ့နီနှင့် ပတ်သက်ဖူးသူမှန်သမျှကို ခေါ်စစ်လေရာ တိချိုးဟယ်လဲ စစ်ဆေးခံခဲ့ရသည်။ ထိုကိစ္စကြီးပြီးတော့ တိချိုးဟယ်လဲ အတော်လေး စိတ်ဒဏ်ရာရခဲ့ပြီး သူ့ဖန်များကပါ မျက်ရည်များကျကာ သနားခဲ့ကြသေးသည်။

ဟောပိုင်၏ ပြန်လည်မွေးဖွားလာမှုကြောင့် ဒီလိုကိစ္စမျိုးကို တိချိုးဟယ် စောစောစီးစီး ကြုံရခြင်းဖြစ်သည့်အတွက် သူ့အပြစ်မကင်း။

တိချိုးဟယ်က ဟောပိုင်၏ ဖြေရှင်းချက်နှင့် သူ့ကို သနားသလိုကြည့်နေသည့် အကြည့်တို့ကြောင့် စိတ်ပျက်သွားသည်။ ထို့ကြောင့် ပန်းကန်ထဲမှ ဘလူးဘယ်ရီကိတ်ကို ခက်ရင်းနှင့်ထိုးကာ ပါးစပ်ထဲထိုးထည့်သည်။
" စိတ်မပူပါနဲ့.. ကိုယ်က နေတတ်ထိုင်တတ်ပါတယ်.. မင်း စိတ်ချထားလို့ရတယ် .. ပြီးတော့ ကိုယ့်မိထွေးက ကိုယ့်ကို မျက်စိဒေါက်ထောင့် စောင့်ကြည့်နေတာလေ.. ကိုယ် ဘယ်သူနဲ့မှ သတင်းမထွက်ရဲပါဘူး"

OUR❤️ ( One Useless Rebirth) 1Où les histoires vivent. Découvrez maintenant