Unicode
ရိုက်ကူးရေးအဖွဲ့နှင့် တစ်နေကုန် လိုက်နေရတော့မှ တိချိုးဟယ် တစ်နေ့တစ်နေ့ ရင်ဆိုင်နေရသည့် စိတ်ဖိစီးမှုကို ဟောပိုင် နားလည်သွားတော့၏။ သူ စိတ်ဆိုးနေစဥ်က ရှားရှားပါးပါး ရသည့် အချိန်လေးကို လုကာ B မြို့ကို အပြေးပြန်လာ၍ သူ့ကိုချော့ခဲ့သည်ကို ပြန်တွေးမိတော့ စိတ်ထဲ ပျော့ပျောင်းသွားပြန်၏။ သို့သော် စက္ကန့်ပိုင်းအတွင်း သူ ဒေါသပြန်ထွက်လာခဲ့သည်။
" ဒီည အပြင်လျှောက်သွားရအောင်လေ"
တိချိုးဟယ်က ရေချိုးပြီးပြီးချင်း ဟောပိုင်အနားတွင်သာ ကော်လို ကပ်နေ၏။
" မင်း မနက်ဖြန်ဆို ပြန်ရတော့မှာ..D မြို့ကို ကိုယ်တို့ ကောင်းကောင်းမလည်ရသေးဘူး.. ဒီက ညစျေးပွဲတော်က အရမ်းစည်တယ် လူလဲများတယ်.. မင်း သဘောကျမှာ သိလား"ဟောပိုင်က ဓာတ်ပုံတွေ စစ်ဆေးပြီးနောက် memory stick ကို ထုတ်ကာ ကွန်ပျူတာ ပိတ်လိုက်သည်။ ထို့နောက် တိချိုးဟယ်ကို အင်္ကျီကော်လာမှ ဆွဲကာ အိပ်ရာပေါ် တွန်းပို့ရင်း သတိပေး၏။
" ငြိမ်ငြိမ်လေး လှဲနေ... ညနေစာ ဘာစားချင်လဲ ကျွန်တော့်ကိုပြော.. လက်ထောက်ဝမ်ကို သွားဝယ်ခိုင်းလိုက်မယ်"
တစ်ရက်လုံး ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီးတာတောင် ဒီကလေးက လျှောက်လည်ချင်သေးတယ်...တိချိုးဟယ်က လိမ်လိမ်မာမာနှင့် လှဲလိုက်ပြီးနောက် ရုတ်တရက် ကုန်းထလာပြန်သည်။
" နေ့လည်စာကို ထမင်းဘူးတွေပဲ စားနေရတော့ မင်း ငြီးငွေ့နေမှာပေါ့.. ပင်လယ်စာဘူဖေးသွားစားရအောင်လေ.. ဒီနားမှာ နှစ်တစ်ရာလုံးလုံး ပင်လယ်စာပဲ ရောင်းတဲ့ ဆိုင်ကောင်းကောင်းတစ်ဆိုင်ရှိတယ် လက်ထောက်ဝမ်ကို booking ယူခိုင်းလိုက်မယ်လေ"ဟောပိုင်က မျက်နှာတည်ကြီးနှင့် ပြန်ကြည့်ကာ အင်္ကျီချွတ်လိုက်သည်။
တိချိုးဟယ်က ကြောင်ကြည့်နေပြီးနောက် မျက်စောင်းအထိုးခံလိုက်ရ၍ ပြန်လှဲချသည်။ အံ့သြ ဝမ်းသာ ရှက်ရွံ့နေကာ ဟောပိုင်၏ ခန္ဓာကိုယ်ကို ကြည့်နေပြီးမှ အကြည့်လွှဲလိုက်၏။ ဟောပိုင်၏ ကိုယ်လုံး ကောက်ကြောင်းကို မြင်ပြီးနောက် တိချိုးဟယ် စကားထစ်နေလေသည်။
" မင်.. မင်း ဘာလို့ အင်္ကျီတွေ ချွတ် ချွတ်နေတာလဲ .. ဘာ.. ဘာလုပ်ချင်လို့လဲ"
ВИ ЧИТАЄТЕ
OUR❤️ ( One Useless Rebirth) 1
Фентезіဟောပိုင်က ထီဆုကြီးပေါက်ကာ ချမ်းသာလာပြီး သူ့ဘဝရဲ့အကောင်းဆုံးအချိန်တွေကို အေးဆေးစွာ ဖြတ်သန်းနေချိန် .. မမျှော်လင့်စွာနှင့် တိုက်ပေါ်မှ အတွန်းချခံရကာ မတရားအသတ်ခံလိုက်ရသည့် ရုပ်ရှင်ဧကရာဇ် တိချိုးဟယ်ကို ဓာတ်ပုံရိုက်မိသွားလေ၏။ ရဲစခန်းကို ဓာတ်ပုံသက်သေ သွား...