Chapter 54- Summer Cold 2

3.7K 709 2
                                    

Unicode

" Little Mermaid ဆိုတာက ထိပ်တန်းအနုပညာရှင်တွေ ဝတ်တဲ့ ဇိမ်ခံဒီဇိုင်းတစ်မျိုးလေ.. ဒီဇိုင်းဖန်တီးတဲ့ ခေါင်းဆောင် လင်းရှက Yika ရဲ့ အကြီးအကဲတွေနဲ့ ကောင်းကောင်းသိမှာပဲ.. သွေးသားတော်စပ်ချင်တောင် တော်စပ်နေနိုင်တယ် အခု မင်းက သူ့ကို ကိုယ့်​ကောင်းကြောင်းတွေပြောပြီးတော့ ကိုယ့်မိထွေးကိုပါ အပြစ်ပြောနိုင်ခဲ့တယ် အဲ့ဒါက B မြို့ ထိပ်တန်းလွှာက ကတော်တွေရှေ့မှာ ကိုယ့်မိထွေးကို အရှက်ခွဲလိုက်တာနဲ့တူတူပဲ"
တိချိုးဟယ်က သူ့ကိုကာကွယ်ပေးသည့် ဟောပိုင်မျက်နှာလေးကို မြင်ယောင်မိရင်း မပြုံးပဲ မနေနိုင်။

" ကိုယ့်မိထွေးက မင်းနဲ့ရင်းနှီးချင်ယောင်ဆောင်ပြီးတော့ ကိုယ့်ရဲ့လက်ရှိအခြေအနေကို သိချင်နေတာ ... အဲ့ဒါကြောင့်မို့ မင်းကို ဖုန်းခေါ်တာ .. အရင်က ကိုယ့်အခန်းဖော်ကို လုပ်ခဲ့သလိုမျိုး .. နောက်ခါ သူဖုန်းခေါ်ရင် မင်းကိုင်စရာမလိုဘူးသိလား.. သူက မင်းကိုလဲ ရမလားလို့ စမ်းကြည့်တာ .. Yika ရဲ့သဘောထားကို သူအတွက်မှားသွားတယ် .. အဲ့ဒါနဲ့ပဲ တန်ပါတယ်.. ပြီးတော့ လင်းရှမျက်နှာအမူအရာကတော့ ခွေးပေါက်လေးရေ မိန်းကလေးတွေရဲ့စိတ်ထဲက တရားမျှတမှုကို လျှော့တွက်လို့မရဘူး.. တချို့ကိစ္စတွေကို သူတို့က သေအောင်မုန်းတာ"

"..."
ဟောပိုင်က ပြုံးသွားပြီး ပြန်မေးလိုက်သည်။
" ခင်ဗျား ဘာလို့ရယ်နေတာလဲ"

" မင်းက ချစ်ဖို့ကောင်းလို့ ရယ်တာလေ.."
တိချိုးဟယ်က ချွေးစိုနေသော ယူနီဖောင်းကို ကြယ်သီးတစ်လုံးဖြုတ်၍ ပူပြင်းလှသည့် နေရောင်ခြည်ကို တစ်ချက်ကြည့်လိုက်သည်။
" ရှောင်ပိုင်လေး.. မင်းက အိပ်နေရင် အရမ်းကြည့်ရဆိုးတယ်နော် .. ဟောက်တာလဲ ဝက်လေးလိုပဲ"

တည်ငြိမ်အေးဆေးသည့် အသံကို နားထောင်နေရာက ဟောပိုင်တစ်ယောက် ရှူးရှူးရှားရှားဖြစ်ကာ ဖုန်းချလိုက်သည်။

ဟွန့် အကောင်းမှတ်လို့ နားထောင်နေတာ.. ဒီလောက်နှစ်တွေအကြာကြီးနေလာတာ ဘယ်သူမှ ငါ့ကို ဟောက်တယ်မပြောဖူးပါဘူး.. အရူးကောင်က ငါ့ကို လျှောက်ပြောနေတယ်...

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now