Chapter 129 - What a Happy Coincidence 2

3.4K 667 24
                                    

Unicode

ရှင်းရှောင်ဖုန်းက ဟောပိုင်၏ အပြုံးကြောင့် သူပါ ပို၍ ပြုံးမိသွားသည်။
" ဟုတ်ပါပြီဗျာ"ဟု ပြောကာ ပြန်၍ လက်ဆွဲနှုတ်ဆက်သည်။

တိချိုးဟယ်နှင့် ဟောပိုင်တို့ နှစ်ယောက် အတည်တွဲကြသည့်အခါ ဘယ်လောက်တောင်ချစ်ဖို့ကောင်းမလဲ ရှင်းရှောင်ဖုန်း တွေးနေမိသည်။

ဖုန်းချပြီးနောက် တိချိုးဟယ်က ထမင်းဆက်စားသော်လဲ သူ့စိတ်ထဲ တစ်ခုခု ထင့်နေ၏။

" ခင်ဗျားချစ်သူကို ကြည့်တဲ့အကြည့်ကို ဖုံးကွယ်ထားလို့ မရပါဘူးဗျာ"
တိချိုးဟယ် ခဏရပ်သွားကာ မျက်မှောင်ကြုံ့လိုက်သည်။

ရှင်းရှောင်ဖန်းလို သူနှင့် ခွေးပေါက်လေးကို တစ်ခါပဲ မြင်ဖူးပြီး ဓာတ်ပုံပဲ ကြည့်ရသေးတဲ့သူတောင် သိနေသေးရင် သူနဲ့ တစ်ချိန်လုံး အတူရှိနေတဲ့ ဝမ်ပေါ်ရီကရော....

သူ့လက်ထောက်ကို မျက်လုံးပြူးကြီးနှင့် လှည့်ကြည့်သည်။

ဝမ်ပေါ်ရီက သူကြည့်နေတာ သတိထားမိ၍ တခြားဝန်ထမ်းများနှင့် အတူ ထမင်းစားနေရာမှ ခါးမတ်ကာ သူ့အနားကပ်၍ တိုးတိုးလေး မေးလိုက်သည်။
" သခင်လေး... ကျွန်တော် ဘာများလုပ်ပေးရမလဲ"

တိချိုးဟယ်က ခဏရပ်ကာ စဥ်းစားလိုက်ပြီး အရသာမရှိသော ထမင်းပွဲကို အဆုံးသတ်ရန် တူကိုချ၍ ဝမ်ပေါ်ရီကို သူ့နောက်လိုက်ခဲ့ဖို့ မျက်စပစ်ကာ ထွက်သွား၏။

ဝန်ထမ်းနားနေဆောင်၏ တိတ်ဆိတ်သော တစ်နေရာကို ရောက်တော့ အနားမှာ ဘယ်သူမှ မရှိတာ သေချာမှ တိချိုးဟယ်က စကားစသည်။
" လက်ထောက်အန်း အခုတလော ဘယ်လိုနေသေးလဲ"

" တော်တော်လေး တ်ိတ်နေပါတယ်.. ချင်းလီကလဲ သူ့ကို မဆက်သွယ်ပါဘူး"
ဝမ်ပေါ်ရီက ဖုန်းထုတ်ကာ တစ်စုံတစ်ခုကို စစ်ဆေး၍ ထပ်ပြောသည်။
" အဖွဲ့က သခင်လေးရဲ့ အမိန့်အတိုင်း သတင်းတွေ ပုံမှန်ဖြန့်ပေးနေပါတယ်.. အဲ့ဒါကြောင့်မို့ Huangdu နဲ့ ချင်းမိသားစုက အင်တာနက်ပေါ်မှာ အဓိကအာရုံစိုက်ခံနေရတာပါ... တိဘီရန်ဆိုရင် ကျွန်တော့်ကို လုံးဝကို မဆက်သွယ်တော့ပါဘူး.. ပြီးတော့ သခင်လေးရဲ့ အမိန့်အတိုင်း အင်တာနက်ပေါ်က သတင်းတွေကို ချင်းမိသားစုနဲ့လက်မထပ်ချင်လို့ လျို့မိသားစုက လွှင့်တာပါဆိုပြီး လူတွေယုံနေအောင် လုပ်ထားပါတယ်"

OUR❤️ ( One Useless Rebirth) 1Kde žijí příběhy. Začni objevovat