Chapter 58 - He was screwed 3

3.8K 775 21
                                    

Unicode

ဟောပိုင်က စာ ပိုပို့ပြီးချင်း ဖုန်းကို အိတ်ထဲ ထည့်ကာ ပြုံးလိုက်သည်။ နေ့လည်က မီးဖိုနှင့် ခိုက်မိ၍ နီရဲနေသော လက်ကို အသာဖိကာ ညနေစာခေါက်ဆွဲဘူးကို ကြည့်ရင်း စိတ်အေးလက်အေး သီချင်းညည်းနေ၏။

ညက မှောင်သထက် မှောင်လာသည်။ နာရီဝက်လောက် ကြာတော့ လေ့ကျင့်ရေးစခန်းနှင့် အနီးဆုံးတစ်နေရာတွင် လူရိပ်တစ်ရိပ် ပေါ်လာသည်။ ဟောပိုင်က စခန်းနားတွင် ရှိသည့် မြစ်ကမ်းနားတွင် ရောက်နေ၏။ တက္ကစီခပေးပြီးနောက် ဟောပိုင်က သစ်ပင်နားတွင် မီးပန်းများ ထောင်ထားလိုက်သည်။

" ကောင်လေး.. မင်းသူငယ်ချင်းက လာတော့မှာလား.. မလာခင်အထိ ဦး စောင့်ပေးရဦးမလား.. "
ကားဆရာက ဟောပိုင်၏ ကလေးဆန်ဆန် မျက်နှာလေးကို ကြည့်ပြီး စိတ်ပူစွာ ဝင်ပြောသည်။ အခုချိန်က ယောကျာ်းလေးတွေလဲ ဂရုစိုက်ရမည်လေ

ဟောပိုင်က ပြုံးလိုက်သည်။
" ရပါတယ်ဗျ.. ကျွန်တော့်သူငယ်ချင်းက ဟိုနားလေးက စခန်းမှာ နေတာ .. ချက်ချင်းထွက်လာတော့မှာ ကျွန်တော် မီးပန်းတွေ အရင် ပြင်ထားမလို့"

ကားဆရာက ဟောပိုင် မီးပန်းပြင်ထားသည့်နေရာနှင့် စခန်းအကွာအဝေးကို ကြည့်ကာ စိတ်ချသလို ခေါင်းညိတ်လိုက်သည်။ ထို့နောက် ဂရုစိုက်ဖို့ ထပ်မှာကာ ထွက်သွားလေ၏။

ဟောပိုင်က ကားဆရာထွက်သွားသည်အထိ ထိုနားတွင် ထိုင်ကာ ဟိုဟိုသည်သည် လိုက်ကြည့်နေ၏။

သူ့ဖုန်းက စာခဏခဏ ဝင်၍ အသံတွေ မြည်နေသော်လဲ လျစ်လျှူရှုထားလိုက်သည်။ သန်းခေါင်နားနီးတော့ ဖုန်းကို ထုတ်ကာ တိချိုးဟယ်ကို ခေါ်လိုက်သည်။

နောက်ဆုံးပို့ထားသည့်စာက
.. တကယ်ကြီး မလာဘူးလား..  ခွေးပေါက်လေးက တော်တော်ဆိုးတာပဲ ပေးထားတဲ့ကတိကို ဖျက်ရက်တယ်..

ဖုန်းဝင်ဝင်ချင်း တိချိုးဟယ် အသံ ပေါ်လာသည်။

ဟောပိုင်က ပြုံးလိုက်ပြီး မီးပန်းကို မီးညှိရန် ပြင်လိုက်သည်။
" ချာတိတ်လေး..ခင်ဗျားရဲ့အဆောင်က မြစ်ကမ်းဘေးကို မျက်နှာမူထားတာမလား"

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now