Chapter 47 - မြေပြင်ပေါ်သို့ လိမ့်ကျခြင်း 2

3.7K 746 15
                                    

Unicode

ထိုအမျိုးသမီးက တိုးတိတ်စွာရှိုက်၍ ငိုနေသည်။ တစ်ခုခုပြောလိုက်သလိုနှင့် အသံကို သေချာစွာမကြားလိုက်ရ။ ရုတ်တရက် လေးလံစွာနှင့် သူ နိုးတော့မလို ဖြစ်လာသည်။ နောက်ဆုံးမြင်လိုက်ရသည်က အရောင်စုံပါသည့်ရှပ်အင်္ကျီဝတ်ထားသည့် ပိန်ရှည်ရှည်လူတစ်ဦးနှင့် သူ့လက်ထဲက ဆေးထိုးအပ်.. အစိမ်းရောင်သုတ်ထားသည့် စတိုးဆိုင်အရှေ့တွင် ရပ်နေသည့် အရပ်ရှည်ရှည်ကောင်လေးဆီကို ထိုဆေးထိုးအပ်နှင့် ပြေးအထိုး..

" တိချိုးဟယ်!!!"
ဟောပိုင် လန့်နိုးလာကာ ထထိုင်လိုက်သည်။ ခေါင်းတစ်ခုလုံး ထူပူကာ မူးနောက်နေသည်။ တစ်ချက်မျက်လုံးတွေ ပြာဝေလာပြီး ခေါင်းအုံးအောက်က ဖုန်းကို အသည်းအသန် လိုက်ရှာသည်။ ထို့နောက် တိချိုးဟယ်နံပါတ်ကို ခေါ်လိုက်သည်။

ချက်ချင်း ဖုန်းကိုင်လိုက်ကာ တစ်ဖက်မှ တိချိုးဟယ်၏ ရွှင်ပျသော အသံဝင်လာသည်။
" ဘာလို့ ဒီလောက်အစောကြီး ဖုန်းခေါ်တာလဲ.. ကိုယ့်ကို လွမ်းလို့လား.. မင်း အိပ်နေပြီလို့တောင် ထင်ထားတာ"

" တိချိုးဟယ်"
ဟောပိုင်က နဖူးကို တင်းကြပ်စွာကိုင်ရင်း အိပ်မက်ထဲက မြင်ကွင်းက ပေါ်လာနေသည့်အတွက် အသံက တိမ်ဝင်သွားသည်။
" ... ကျွန်တော့်ကို .. အသီးဝယ်ပေးတဲ့.. ဆိုင်က ဘယ်မှာလဲ"

" အသီးစားချင်လို့လား"
တိချိုးဟယ်က မျက်ခုံးပင့်ကာ ဖုန်းကို လက်ပြောင်းကိုင်လိုက်သည်။ သူ့ဘေးက ဝမ်ပေါ်ရီကို နောက်ဆုတ်ရန် လက်ပြလိုက်၏။
" ဒီနေ့တော့ ကိုယ် လေ့ကျင့်ရေးဆင်းစရာမရှိဘူး.. မင်း စားချင်ရင် အခုပဲ သွားဝယ်ပေးမယ်လေ"

" ဟင့်အင်း မစားချင်ဘူး..."
ဟောပိုင်က တံတွေးကို ခက်ခက်ခဲခဲ မြိုချရင်း နဖူးပေါ်မှ ချွေးအေးများကို သုတ်လိုက်တော့ သူ့ကိုယ်တွေ ပူနေတာ သတိထားမိလိုက်သည်။ တစ်ချိန်လုံး အေးစက်စက် ပတ်ဝန်းကျင်မှာ အကြာကြီး အလုပ်လုပ်ရလို့လားတော့မသိ သူ ဖျားနေပေပြီ။
" ခင်ဗျား ကျွန်တော်ပြောတာ မှတ်မိသေးလား.. ကျွန်တော် အနာဂတ်မြင်ရတယ်ဆိုတာလေ.. ခုနက ခင်ဗျားကို အိပ်မက်မက်တယ်"

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now