Chapter 116 - လက်တွဲဖော် အဆင့်သတ်မှတ်ချက် 1

3.5K 652 12
                                    

Unicode

Huading???

ဟောပိုင် မျက်မှောင်ကြုံ့သွားသည်။ သူ မှတ်မိတာအမှန်ဆိုရင် Huading ကို အရင်ဘဝက တိချိုးဟယ် တည်ထောင်ခဲ့တာဖြစ်ပြီး အောင်မြင်မှုတွေများစွာ ရရှိခဲ့၏။ ဆယ်နှစ်သာ အချိန်ယူခဲ့ရပြီး Huangdu နှင့် လုံးလုံးလျားလျား ရင်ဘောင်တန်းနိုင်ခဲ့သည်။ ဒါပေမဲ့ သူ မှတ်ဉာဏ်မချို့ယွင်းသေးရင် တိချိုးဟယ် ဒီကုမ္ပဏီကို ဒီနှစ်ကုန်ထိ မထောင်ရသေးဘူးမဟုတ်လား.. ဒါမှမဟုတ် တခြားနာမည်တူတာပဲလား.. ဒါမှမဟုတ် သူ့မှတ်ဉာဏ်တွေ ရောထွေးကုန်တာလား...

အတွေးတွေ သံသယတွေနှင့် ဟောပိုင်က ဒုတိယသတင်းကို နှိပ်လိုက်သည်။

စတော့ရှယ်ယာစျေးကွက်တွေ အကြောင်း သူ သိပ်တော့ နားမလည်ပေ။ သို့သော် ရေးထားသူက ရိုးရှင်းသဖြင့် ဟောပိုင် အနှစ်ချုပ်လိုက်သည်။ ပထမတစ်ချက်က Huangdu ၏ အကြီးဆုံးရှယ်ယာရှင်က ရှယ်ယာတွေ အကုန်ပြန်ထုတ်သွားသည်။ ထို့အပြင် C မြို့နယ်တွင် လုပ်ခဲ့သည့် အိမ်ခြံမြေစျေးကွက်ကြောင့် ကုမ္ပဏီ၏ အကျိုးအမြတ်မြောက်မြားစွာ ဆုံးရှုံးခဲ့ရသည်ဟုလဲ သတင်းလွှင့်ခဲ့သေးသည်။ သို့သော် Huading လို ကုမ္ပဏီသေးသေးလေးက ထိုနယ်တွင် ရင်းနှီးမြှုပ်နှံမှု၏ အချက်အချာကို ကိုင်ထားနိုင်သဖြင့် အတော်များများက Huading တွင် ရင်းနှီးမြှုပ်နှံကြသည်။

ထို post အောက်တွင် cmt ထောင်ပေါင်းများစွာရှိနေသည်။ Netizen တို့က အသည်းအသန်ဆွေးနွေးကြပြီးနောက် တိဘီရန်အကြောင်းကိုလဲ ထည့်ပြောလိုက်ကြသည်။

netizen 1 : ဒီအကြောင်းကို နားမလည်ရင်တော့ ဆက်စပ်ပြောစရာမရှိဘူးပေါ့လေ.. Huangdu ရဲ့ စတော့စျေးကွက် လှုပ်ခတ်နေရတဲ့ အဓိကအကြောင်းက ဆုံးဖြတ်ချက်မှားတာလဲ မဟုတ်ဘူး ရင်းနှီးမြှုပ်နှံမှု အသုံးမကျတာလဲမဟုတ်ဘူး.. တကယ့် ပြဿနာအစစ်က ချင်းမိသားစု အိမ်ခြံမြေစျေးကွက်ကို Huangdu မသိအောင် ဖြတ်လုသွားခဲ့တာတဲ့... Huangdu နဲ့ ချင်းမိသားစုဆိုတာက အရင်တုန်းကတော့ မဟာမိတ်တွေဆိုပေမဲ့ အခုရုတ်တရက်ကြီး အချင်းချင်း ပြိုင်နေကြတာတဲ့.. ကုမ္ပဏီရဲ့ ရှယ်ယာရှင်တွေ မျက်လုံးထဲမှာပေါ့ သူတို့က မဟာမိတ်အဖြစ် ဟန်ဆောင်နေကြတုန်းပဲပေါ့.. ဒါပေမဲ့ လတ်တလောဖြစ်သွားတဲ့ ကိစ္စတွေ သိကြသေးလား.. Huading ကတော့ ကြားထဲက ကံကောင်းသွားတာပဲ

OUR❤️ ( One Useless Rebirth) 1Wo Geschichten leben. Entdecke jetzt