Chapter 96- Chicken Soup For The Soul 2

3.4K 697 22
                                    

Unicode

တိချိုးဟယ်က ဒီဘက် ပြန်လှည့်လာသည်။ ဟောပိုင်၏ ရင့်ကျက်မှုအပြည့်နှင့် မျက်နှာလေးကို မြင်ရတော့ နမ်းချင်လာသည့်စိတ်ကို တားဆီးမရ။ လက်ထဲမှ အအေးဘူးကို ချကာ ဟောပိုင်ရှိရာသို့ လျှောက်လာသည်။

ကြောင်တောင်တောင်ဖြစ်နေသည့် ဟောပိုင်မှာ သူ့အနား တိချိုးဟယ်ရောက်လာပြီး ပခုံးနှစ်ဖက်ကို ကိုင်ကာ ဖြည်းဖြည်းချင်း ငုံ့လာတော့မှ အသိဝင်လာသည်။

သူ့ဘဝတစ်ခုလုံး ဟောပိုင်လောက် သူ့အပေါ် ကောင်းတဲ့သူ မတွေ့ဖူးသေး။ ထို့ကြောင့် သူ့ရင်ထဲ ရှိသည့်အတိုင်း ဖွင့်ချကာ ဟောပိုင် သူ့ကို ချစ်လာသည်အထိ စောင့်မည်ဟု ဆုံးဖြတ်ချက်ချလိုက်၏။ တကယ်လို့သာ ဖြစ်နိုင်ပါက သူ့တစ်ဘဝလုံး ထိုကလေးနှင့်သာ ကုန်ဆုံးချင်၏။

ဟောပိုင်က ထိတ်လန့်အံ့သြမှုတို့ကြောင့် မျက်လုံးပြူးလာသည်။ တိချိုးဟယ်ပခုံးတစ်ချက် လှမ်းပုတ်ရင်း တစ်ကိုယ်လုံးတောင့်သွားကာ အနောက်တစ်ချက်ဆုတ်၍ ပြောလိုက်သည်။
" ချိုးဟယ် ကျွန်တော် ခင်ဗျားကို စကားတွေ လျှောက်ပြောမိလို့ စိတ်တိုသွားမှန်းသိပါတယ်.. ဒါ ဒါပေမဲ့ ကျွန်တော့်ကို ဒီလို အပြစ်ပေးတာကြီးကတော့..."

" ခွေးပေါက်လေး "
တိချိုးဟယ်က မျက်နှာတည်ကြီးနှင့် သူ့လက်ကို ပိုတင်းတင်းဆုပ်ကာ သားကောင်ကို ဝါးမြိုခါနီး သားရဲတစ်ကောင်ကဲ့သို့ ကြည့်နေသည်။
" မင်း ကိုယ့်အပေါ် ဒီလောက်ဂရုစိုက်တာ .  ကိုယ်တို့နှစ်ယောက်.."

တင်းတောင် တင်းတောင်!!

တံခါးခေါင်းလောင်းသံမြည်လာကာ အပြင်မှ ဝမ်ပေါ်ရီအသံ ထွက်လာ၏။
" သခင်လေး.. ညနေစာ ရပါပြီ"

ဟောပိုင်မျက်လုံးများ အရောင်တောက်လာသည်။ တိချိုးဟယ်လက်ကို ဖြည်းဖြည်းချင်းဆွဲဖယ်ကာ တံခါးဆီသို့ ပြေးလေသည်။
" ချိုးဟယ် ခဏထိုင်နေဦး.. ညစာကျွန်တော်သွားယူလိုက်မယ်.. ဟို ဟို.. ရေလေးအရင်သောက်ထားလိုက်"

တိချိုးဟယ်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ လက်သီးဆုပ်၍ သူ့စားပွဲနားရောက်လာသော ဝမ်ပေါ်ရီကို အံကြိတ်ရင်းကြည့်သည်။
" လက်  ထောက်  ဝမ်... အရမ်းမြန်တယ်နော်"

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now