Chapter 132 - Just Shut Up 1

3.3K 638 14
                                    

Unicode

တိချိုးဟယ်တစ်ယောက် ဟောပိုင်ဆီမှ block ခံရတာ သုံးကြိမ်​မြောက်ရှိနေပြီဖြစ်၏။ တစ်ယောက်ကိုတစ်ယောက် ချစ်ကြိုက်ကြောင်း ဝန်ခံပြီးပြီးချင်း block ခံလိုက်ရသည်ဖြစ်၍ တိချိုးဟယ်မှာ ကြိုးအဖြတ်ခံလိုက်ရသော စွန်တစ်ကောင်လို ဦးတည်ရာမဲ့ လေလွင့်နေလေသည်။

" မင်းပြောတာက.. မင်းရဲ့ကလေးလေးကို ချစ်ကြောင်းဝန်ခံပြီးတာနဲ့ ဖုန်းချပြီး ဖုန်းပါပိတ်ပစ်လိုက်တယ်ပေါ့ မင်းက??"
ကျန်းရှိုးဝမ်မျက်နှာကြီးက laptop တစ်ခုလုံးပြည့်နေကာ တအံ့တသြဖြစ်နေပုံက အရူးတစ်ယောက်နှင့် စကားပြောနေသူလိုဖြစ်နေ၏။

စောစောကမှ ရေအေးအေးနှင့် ခေါင်းလျှော်ထားသော တိချိုးဟယ်မှာ ရေစိုနေသောဆံပင်နှင့် ဆိုဖာပေါ်လှဲကာ မျက်နှာကြတ်ကိုသာ စိုက်ကြည့်နေ၏။

ကျန်းရှိုးဝမ်က အနောက်နည်းနည်းဆုတ်ကာ တိချိုးဟယ်ဖြစ်ပျက်နေပုံကို မြင်ရအောင် ကြည့်နေသည်။ ကူကယ်ရာမဲ့နေသော တိချိုးဟယ်ကို ကြည့်ရတာ သူအတော်လေး အားရနေသည်။ သို့သော်လဲ သူငယ်ချင်းဖြစ်နေသောကြောင့် အကြံပေးသည်။
" သူက မင်းရဲ့ဖုန်းကို block ထားပေမဲ့ မင်းက သူ့ရင်ထဲက အချစ်လေးပဲကို... တခြားသူတစ်ယောက်ရဲ့ ဖုန်းကို ငှားပြီးတော့ သူ့ကိုဖုန်းခေါ်လို့လဲရတယ် စာပို့ပြီး ရှင်းပြလို့လဲ ရတာပဲ... မင်းတို့နှစ်ယောက်က အချင်းချင်း သဘောကျနေကြတာပဲကို.. မင်း အကောင်းဆုံးကြိုးစားပြီး ပြန်ချော့ပေါ့ကွာ... သူက မင်းကို ခွင့်လွှတ်မှာပါကွ.."
အသေကောင်တိချိုးဟယ်မှာ နောက်ဆုံးတော့ လှုပ်ရှားလာလေသည်။ သို့သော် လက်မြှောက်ကာ စိတ်ပျက်နေသော လေသံနှင့် ရေတွက်ပြနေသည်။
" wechat ဖုန်း QQ weibo alt email ငါ အကုန်ကြိုးစားပြီးပြီကွ.. အကုန် block ထားတာ အခုပဲ ပိုင့်ဆီက email ရတယ် အဲ့ဒါက..."

ကျန်းရှိုးဝမ်မျက်လုံးများ လင်းလက်လာကာ screen နား ကပ်၍ အသံစာစာနှင့် မေးလိုက်သည်။
" ဘာတဲ့လဲ"

တိချိုးဟယ်က ခေါင်းငုံ့လိုက်သည်။ သူဖြစ်ပျက်နေပုံကို ကြည့်ရင်းပျော်နေသည့် ကျန်းရှိုးဝမ်ပျော်နေသည့် မျက်နှာကြီးကို ကြည့်မရဖြစ်လာ၍ ဖုန်းချပစ်လိုက်သည်။

OUR❤️ ( One Useless Rebirth) 1Waar verhalen tot leven komen. Ontdek het nu