Chpater 93- Popsicle 3

3.3K 698 35
                                    

Unicode

" မင်း စိုးရိမ်နေတာ ငါသိပါတယ်ကွာ"
ကျန်းကွမ်းရှန်က စကားဖြတ်ပြောလိုက်သည်။
" ကျောင်းသားတစ်ယောက်အနေနဲ့ စာကို အာရုံစိုက်ရမှာပေါ့.. အဲ့ဒါကြောင့်မို့ ပိုစတာရိုက်ကွင်းကို အလောတကြီး မလုပ်ထားဘူး.. ကျောင်းကိုပြန်ပြီး မင်းရဲ့ဆရာနဲ့ သေချာစကားပြောပြီးတော့ အချိန်ညှိပြီးရိုက်လဲ ဖြစ်တာပဲ"

ထိုအခါမှ ဟောပိုင်တစ်ယောက် စိတ်ပေါ့သွားသလို သက်ပြင်းချရင်း ဆရာနဲ့သေချာတိုင်ပင်ပါ့မည်ဟု ​ကတိပေးလိုက်သည်။

တုံ့နီ၏ ရိုက်ကွင်းက ပြဿနာတက်နေသည်ဟု လက်ထောက်ဒါရိုက်တာက ဖုန်းဆက်ခေါ်သောကြောင့် ဒါရိုက်တာကျန်း ချက်ချင်းထွက်သွားရသည်။

ဟောပိုင်က စိတ်လှုပ်ရှားနေသောကြောင့် တိချိုးဟယ်လက်မောင်းကို သူ့လက်သီးသေးသေးလေးများနှင့် အကြိမ်ကြိမ်ထိုးနေသည်။ ပါးစပ်နားရွက်တပ်ချိတ်မတတ် ပြုံးနေကာ ပြောလိုက်၏။
" ချိုးဟယ်.. ကျွန်တော် ရုပ်ရှင်ပိုစတာ ရိုက်ရမှာဗျ.  တရားဝင် ပိုစတာ ရိုက်ရမှာ.."

" ကိုယ့်ရဲ့ခွေးပေါက်လေးက အရမ်းတော်တာကိုး"
တိချိုးဟယ်လဲ ပြုံးနေသည်။ တစ်ဖက်က လက်သီးနှင့် ထိုးတာရပ်သွားတော့ ခေါင်းလေးကို ဖွဖွပုတ်ပေးရင်း ဖက်ထားသည်။ သူကိုယ်တိုင်လဲ စိတ်လှုပ်ရှားနေသည့်အတွက် ထိုကောင်လေးကို တစ်ကိုယ်လုံးဖက်နမ်းလိုက်ချင်သည်။ သို့သော် သူ့ခွေးပေါက်လေးက စိတ်ကြီးသူဖြစ်သည့်အတွက် အိမ်တွင်းအကြမ်းဖက်မှု ဖြစ်ကုန်မည်စိုး၍ ငြိမ်နေရ၏။
" ရိုက်ကူးရေးအဖွဲ့သားတွေနဲ့အတူ ကိုယ်မင်းကို စောင့်နေမယ်.. မြန်မြန်သာ လာခဲ့"

သူ့ခွေးပေါက်လေးကို မိနစ်တိုင်း စက္ကန့်တိုင်း တွေ့ရတော့မည်။ ဒါရိုက်တာကျန်းရဲ့ တောင်းဆိုမှုက သူ့အတွက်တော့ တကယ်အကျိုးရှိသည်လေ။

အားလုံးနောက်တွင် ရပ်နေသည့် ဝမ်ပေါ်ရီမှာ တစ်ချိန်လုံး အတွေးဝင်နေ၏။
" သခင်လေးတိက သူ့လက်ထောက်တစ်ယောက်လုံးကိုများ မေ့သွားတာလား.. အခုလဲကြည့် ခွေးလေးတစ်ကောင်လို ပြုံးနေလိုက်တာ.. တော်ကြာမင်းသားသိက္ခာတွေ ကျကုန်မှဖြင့်...."

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now