Zawgyi
White and Whiter: ဘာလို့စကားမပြောတော့တာလဲ.. စိတ်ဆိုးသွားတာလား..
White and Whiter: ဆောရီးပါ ကျွန်တော် အရမ်းလောသွားတယ်.. Red Guest ကို မလာခင် အရင်အသိပေးလိုက်ရမှာကို..
နောက်ထပ် စာနှစ်စောင်ကို ဖတ်ပြီးမှ တိချိုးဟယ်တစ်ယောက် စိတ်သက်သာရာရသွားရှာသည်။ ထို့နောက် ဟောပိုင်ပို့ထားသော စာများအားလုံးကို တက္ကသိုလ်ဝင်စာမေးပွဲဖြေသလို သေသေချာချာ လိုက်ဖတ်ပြီး နားလည်အောင် ပြန်ဖတ်နေလေ၏။ နောက်ဆုံးမှ သူနားလည်သွားသည်က ဟောပိုင်မှာ Red Guest ကို သွား၍ ဝယ်သူကို သွားရှာခြင်းသာ ဖြစ်ကြောင်းပင်။
Red Guest.. ဝမ်းကွဲအစ်ကို ကျန်းရှိုးဝမ်.. ဘယ်လိုလုပ်များ ကျန်းရှိုးဝမ်လိုလူက တိချိုးဟယ်လိုသူ့ထက် ပိုယုံကြည်ရတယ်လို့ ပါပီလေးက ထင်သွားရတာလဲ...
တိချိုးဟယ် မျက်မှောင်ကြုံ့လိုက်၏။ ဒေါသတကြီးနှင့် စာရိုက်နေရင်း နံဘေးမှ ပြတင်းပေါက်ကို တစ်ချက် အကြည့်ရောက်သွား၏။ မှန်ပြတင်းတွင်ပေါ်နေသည့် ပိန်ကျသွားသော သူ့ပုံရိပ်ကို တစ်ချက်ငေးကာ တိချိုးဟယ်က ရိုက်ထားသော စာများအားလုံးကို ဖျက်ပစ်လိုက်သည်။ မျက်လုံးစုံမှိတ်ကာ နဖူးကို ပွတ်၍ ခဏကြာစဥ်းစားခန်းဝင်ပြီးနောက် တခြားလူတစ်ယောက်ကဲ့သို့ စာကို ဖြည်းညင်းစွာ ရိုက်လေသည်။
A Bird Born in Autumn: ကိစ္စမရှိပါဘူး.. ရှောင်ပိုင်က ကိုယ့်ကို ဂရုစိုက်ပေးတာပဲကို ^-^
A Bird Born in Autumn : ကိုယ့်ကို အရမ်းကြီး လေးလေးနက်နက် ဆက်ဆံဖို့ မလိုပါဘူး..ကိုယ်ပေးတဲ့ လက်ဆောင်ကြီးပဲ ယူရမှာ အားနာရင် အပြန်အလှန် လက်ဆောင်ပေးလဲ ရပါတယ်...
A Bird Born in Autumn: ခဏလေးနော်.. အရေးကြီးကိစ္စလေးတစ်ခုရှိလို့..
ဟောပိုင်ကို ကောင်းကောင်းမွန်မွန် ပြန်ပြောပြီးနောက် တိချိုးဟယ်က ကျန်းရှိူးဝမ်ကို ဖုန်းခေါ်ကာ ဝင်ဝင်ချင်း တရစပ် ပြောတော့သည်။
" မင်း ဟောပိုင်ကို ဘာတွေပြောလိုက်တာလဲ"ကျန်းရှိုးဝမ်: ဟွန့်..
တိချိုးဟယ်: ?
ဆယ်မိနစ်ကြာပြီးနောက်တော့ သူငယ်ချင်းကောင်းကြီး ကျန်းရှိုးဝမ်ထံမှ ကောင်းကောင်းကြီးအဆူခံလိုက်ရသော တိချိုးဟယ်မှာ စိတ်ပျက်လက်ပျက်ဖုန်းချ၍ မည်းမှောင်နေသည့် ကောင်းကင်ကြီးကို မော့ကြည့်လိုက်၏။ အနိမ့်အမြင့် အတက်အကျ မြန်ဆန်လှသည့် လောကကြီးတွင် ဟောပိုင်ကဲ့သို့ တစ်ဖက်လူကို စိတ်ရင်းနှင့် ဂရုစိုက်တတ်သူကို ရှာရန် တကယ် ခက်ခဲသည်လေ။
CITEȘTI
OUR❤️ ( One Useless Rebirth) 1
Fantezieဟောပိုင်က ထီဆုကြီးပေါက်ကာ ချမ်းသာလာပြီး သူ့ဘဝရဲ့အကောင်းဆုံးအချိန်တွေကို အေးဆေးစွာ ဖြတ်သန်းနေချိန် .. မမျှော်လင့်စွာနှင့် တိုက်ပေါ်မှ အတွန်းချခံရကာ မတရားအသတ်ခံလိုက်ရသည့် ရုပ်ရှင်ဧကရာဇ် တိချိုးဟယ်ကို ဓာတ်ပုံရိုက်မိသွားလေ၏။ ရဲစခန်းကို ဓာတ်ပုံသက်သေ သွား...