Chapter 30 - နှုတ်ထွက်စာ 2

4.5K 904 10
                                    

Unicode

" စိတ်မရှိပါဘူးဗျ... ပြောပြရမှာပေါ့... သူ့ကို ဂရုစိုက်ပေးတဲ့ အစ်ကိုတစ်ယောက် ရှိနေတာကိုတောင် ဝမ်းသာရမှာပါ..."
ဟောပိုင်က ရှက်ကိုးရှက်ကန်းနှင့် ဖြေပြီးနောက် မျက်နှာတည်ကာ ပြောရမည့်စကားများကို စီသည်။ ထို့နောက် ကျန်းရှိုးဝမ်အား စကားစမြည်အနည်းငယ်ပြောပြီးနောက် သူ့ညီမ၏ အိမ်က ထွက်ပြေးမည်ဟူသော အစီအစဥ်ကို အလေးအနက်ထား၍ အသိပေးသည်။

ကျန်းရှိုးဝမ်မှာ ပို၍ပင် လန့်သွား၏။ တိချိုးဟယ်ကို ထိုင်ဆဲနေရုံနှင့်ပင် မလုံလောက်တော့ပဲ အရေခွံပါ ဆုတ်မှရတော့မည်။ ဘာလို့ သူ့ကို ရှိသမျှ အကုန်လျှောက်ပြောထားတာလဲမသိ။ တော်သေးလို့ သူမေးမိလို့ပေါ့... မဟုတ်ရင် အစောကြီးထဲက ပေါ်ကုန်တော့မှာပဲ...

" သူ ထွက်ပြေးမယ့်အစီအစဥ်ကို ကျွန်တော်လဲ အကြမ်းဖျင်းတော့ သိထားပါတယ်"
ကျန်းရှိုးဝမ်က သက်ပြင်းချကာ ခေါင်းရမ်း၏။  အချိန်ကြာလာတော့ လိမ်တာတောင် ကျွမ်းကျင်လာသလို ခံစားနေရသည်။
" အဲ့ဒီတုန်းက သူ စိတ်မကောင်းဖြစ်နေတာ... ကျွန်တော့်အဒေါ်ကလဲ သူ့ကို နိုင်ငံခြားပို့ပြီး ဒီကိုပါ ပြန်မလာနိုင်အောင်လုပ်တာလေ.. ဒါပေမဲ့ သူက မသွားဘူးတဲ့... အာ့နဲ့ ရန်ဖြစ်ကြရော.. ကျွန်တော့်ဦးလေးကတော့ ဘယ်တုန်းကမှ ဂရုတစိုက်ရှိတာမဟုတ်ဘူးလေ... ကျွန်တော်တို့မိသားစုက အကြီးအကဲတွေက ဦးလေးကို ခေါ်ပြီးဆုံးမပြီးပါပြီ"

ဟောပိုင်က မျက်မှောင်ကြုံ့ကာ အတော်လေးစိတ်မကောင်းဖြစ်သွား၏။ ဝယ်သူကောင်မလေးအား ဒီလောက်အထိ အခြေအနေဆိုးသော မိသားစုအသိုက်အဝန်းတွင် ကြီးပြင်းခဲ့ရမှန်း သူမသိခဲ့။ သူနဲ့စကားပြောစဥ် တက်တက်ကြွကြွရှိခဲ့သည့်ကောင်မလေးမှာ အပြင်တွင်တော့ စိတ်ဓာတ်ကျနေပေလိမ့်မည်။

ကျန်းရှိုးဝမ်မှာ တိတ်တဆိတ်နှင့် ခေါင်းညိတ်ရင်း သူ့ညီမ၏ အခြေအနေကို ထပ်မေးမည်လုပ်ရင်းမှ ခဏရပ်နေလိုက်သေးသည်။ ထို့နောက် စကားလမ်းကြောင်းလွှဲမေး၏။
" ခင်ဗျားရော သူရော တိချိုးဟယ်​ရဲ့ ပရိသတ်တွေဆို... သူ ကျွန်တော့်ကို ပြောဖူးတယ်... ပြီးတော့ ဓာတ်ပုံရိုက်တာနဲ့ တည်းဖြတ်တာ အရမ်းတော်တာတဲ့... ကျွန်တော်တို့နဲ့ ဒီမှာ အလုပ်လုပ်ဖို့များ စိတ်ဝင်စားလားခင်ဗျ"

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now