" တောင်းပန်ပါတယ် ဝမ်လေးရယ် ge ပင်ပန်းပြီး အစောကြီးအိပ်ပျော်သွားမိတယ်..၊ ဖုန်းကိုလဲ Silent ပြန်မဖြေမိလိုက်ဘူး..၊ ဝမ်လေးကို စိတ်ပူစေဖို့ ge မရည်ရွယ်ပါဘူးကွာ.. စိတ်မဆိုးနဲ့နော် ကလေးလေး..။''
" ge ကမရည်ရွယ်ပေမယ့် ကျတော် တကယ်စိတ်ပူသွားတာ ''
" နောက်တစ်ခါမဖြစ်စေရဘူးနော် ဝမ်လေး.. ''
" နောက်တစ်ခါလဲမဖြစ်ရပါဘူး ''
ဖုန်းတစ်ဖက်က အော်ပြောတဲ့ ရိပေါ်ကြောင့် ရှောင်းကျန့် အသံထွက်ပြီးရယ်လိုက်မယ်...။
" ဟုတ်ပါပြီ နောက်တစ်ခါ ဆိုတာမရှိဘူး ဟုတ်ပြီလား ''
" ge ''
" အင်း..ဝမ်လေး ''
" ကျတော် တွေ့ချင်တယ် ''
ရိပေါ်ကအသံတိုးတိုးလေးပြောပေမယ့်ရှောင်းကျန့်သေချာကြားနေရတယ်...။
" ge လဲအတူပဲ ''
နှစ်ယောက်သား စကားတွေအများကြီး ပြောဖြစ်ကြတယ်။ တစ်ညလေးအဆက်သွယ်ပျက်ရုံလေးနဲ့ ကမ္ဘာပျက်မတတ်လွမ်အလွမ်းသယ်နေကြတဲ့ ဒီနှစ်ယောက် ဖုန်းလေးသာ စကားပြောတတ်ရင်..'' ငါဖင်ပူနေပြီဟဲ့ '' ဆိုပြီးဆဲလောက်မယ်ထင်တယ်...။
🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟
ယိုဟန် တစ်ယောက်တည်း အပြင်ရောက်နေတာ..။ လင်းချန်မင် သိရင်ဘယ်လောက်များစိတ်ဆိုးလိမ့်ဦးမလဲ..၊ အစေခံတွေကိုလဲ မိမိ အပြင်ထွက်တာ မသိရော့လားဆိုပြီး အလုပ်လိမ့်ဦးမှာ မြင်ယောင်ပါရဲ့..၊ ချန်မင်က မိမိကိုလိုတာထက်ပိုဂရုစိုက်ပေမယ့် ဒီလို ချုပ်လှောင်ခံထားရတဲ့ဘဝကြီးကို ယိုဟန်မပျော်ဘူး..။
မျက်နှာပြင်ကို တိုးဝှေ့ ကာတိုက်ခတ်လာတဲ့ လေပြေကို မျက်လုံးမှိတ်ပြီး အပြည့်အဝ ခံစားလိုက်တယ် ၊ ပြီးတော့ သက်ပြင်း တစ်ရှိုက် ချရင်း...
" ငါ့သားက မသေသေးဘူးတဲ့ ''
ဒီစကားကို လင်းချန်မင်နဲ့ သူ့ရဲ့ သူငယ်ချင်းပြောနေတာကို ယိုဟန်ကြားခဲ့တာ....
ညက...။
ယိုဟန် အိပ်မပျော်သဖြင့် အောက်ထပ်ဆင်းတော့ လင်းချန်မင်နဲ့ သူရဲ့ သူငယ်ချင်း ၊ အလုပ်အကြောင်းဆွေးနွေးနေတာနေမှာပါလို့ထင်ခဲ့ပေမယ်....
VOCÊ ESTÁ LENDO
FanficZawgyi ငါ့အမှားတွေ ပြန်ပြင်နိုင်မယ့် ဒုတိယအခွင့်အရေး.. ဟုတ်တယ် ငါပြန်လည်ရှင်သန်လာပြီ..။ Unicode ငါ့အမှားတွေ ပြန်ပြင်နိုင်မယ့် ဒုတိယအခွင့်အရေး.. ဟုတ်တယ် ငါပြန်လည်ရှင်သန်လာပြီ..။
အတၱႀကီးလိုက္ခ်င္ပါရဲ႕ ( အတ္တကြီးလိုက်ချင်ပါရဲ့ )
Começar do início