Chapter 129 Condition ( Z & U)

Start from the beginning
                                    

အဆုံးမှာတော့ အဆိုပါ အရူးက သူ့ဆံပင်တွေကို အကြီးအကျယ် ဖွနေတာ ရပ်သွားသည်။ ရူးခါနေသလိုမျိုး သူ့ဆံပင်တွေ ဖီးဖို့ ကူညီနေ​ပြန်သည်။ ပြောစရာမလိုအောင်ကို သူ့အပြုအမူတွေက အလွန်ချောမွေ့ကာ အချိန်အများကြီး မကြာခင်မှာပဲ သူ့ဆံပင်တွေက သပ်ယပ်စွာ ချည်နှောင်ပေးလိုက်သည် ။
အီး ….. အခု သူ့ကိုချီးမွမ်းပေးရမှာ မဟုတ်ဘူးနော်။
You XiaoMo မျက်လုံးလေး ဝဲကြည့်ကာ "အစ်ကိုကြီးLing ဘာလုပ်ဖို့ ကြိုးစားနေတာလဲဟင်? "
Ling Xiao သူ့လက်ထဲက အနီရောင်ကြိုးလေးသုံးပြီး သူ့ဆံပင်တွေချည်ပေးလိုက်ကာ သူ့ ရဲ့ပြောင်မြောက်လှတဲ့ လက်ရာလေးကို စိတ်ကျေနပ်စွာနဲ့ ကြည့်လိုက်သည် သူ့စကားကြားတော့ ပီတိပြုံး ပြုံးကာ " ညီလေး နောက်တစ်ခါ အခြားသူတွေကို သူတို့စိတ်ကြိုက် ခေါင်းပုတ်ခွင့်မပေးရဘူး နားလည်လား? "
You XiaoMo စကားလုံးများ ပျောက်ဆုံးသွားသည်။ သူ အလှုံ့ဆော်ခံလိုက်ရတာ သူ့အစ်ကိုကြီးက သူ့ခေါင်းပုတ်လိုက်လို့ ဒီလောက်အကြီးကြီး ပစ်ချခံလိုက်ရပြီးတော့ သူ့ပိုင်နက် အခွင့်အရေး အရ ကာကွယ်ဖို့အတွက် သူ့ဆံပင်ကို အကြီးအကျယ် တိုက်ခိုက်လိုက်တယ်ပေါ့?
You XiaoMo ဟိုဟို ဒီဒီ မျက်စိကလယ်ကလယ် ဖြစ်ပြီးမှ Ling Xiao ကို ကြည့်ပြီး သတိကြီးသွာထားပြီး " ပြောချင်တာက ဘယ်သူ့ကိုမှ ခွင့်မပြုဘူး ?"
Ling Xiao က သု့ကို ပြန်ပြုံးပြကာ " ဒါပေါ့ အဲဒိထဲမှာ ကိုယ်တော့မပါဘူးနော် "
အင့် You XiaoMo သူ့ဘက်ကို မျက်လုံးလေးန်လိမ့်ကြည့်လိုက်သည် ။ ပိုင်နက်အခွင့်အရေးအပြင် အကြွင်းမဲ့အခွင့်အရေးတောင် သူပိုင်ဆိုင်နေသလို ခံစားလိုက်ရသည်။ သူကပဲ သူ့ပိုင်ပစ္စည်းတစ်ခုလိုပင် သို့သော် ဘာပဲဖြစ်ဖြစ် ဒါက Ling Xiao ၏ အလွန်အကျွံသဘာဝကို ပထမဆုံး သိရှိတာလဲ မဟုတ်တော့။
"Fang ChenLe ပြောတဲ့ နာမည်စာရင်းဆိုတာ သုခဘုံနယ်မြေအတွက် စာရင်းကို ပြောတာလား?"
သူ့ရဲ့ အကြွင်းမဲ့အခွင့်အရေးကို ကြေညာအပြီးမှာ ခံစားချက်ကောင်းစွာနဲ့ သူအတွင်းကနေ ကြားလိုက်ရတဲ့ စကားပြောရဲ့ အကြောင်းအရာကိုတောင် ပြန်ပြောလိုက်သေးသည်။
"ဟုတ်တယ် အာ ဘာလို့လဲ"
You XiaoMo သူ့ကို ပြန်လှည့် ကြည့်လိုက်ကာ သူဘာလို့ မေးမှန်းမသိဘူးဖြစ်နေသည်။
Ling Xiao က သူ့ကို စားပွဲခုံကို သွားစေကာ မပြီးသူ့အဝတ်အစားတွေကို သူထိုငိဖို့တောင်ပြင်ပေးကာ " Kong Wen ကမင်းကို နှစ်လအတွင်း အဆင့်သုံးမှော်ဆရာ ဖြစ်စေချင်တာ ဘာပဲဖြစ်ဖြစ် ဒါက အနည်းဆုံးတစ်နှစ် လိုအပ်တယ်လေ ဒီလောက် အချိန်တိုလေးအတွင်းမှာ ဘယ်လိုလုပ် တိုးတက်လာမှာလဲ?"
ဒီတော့ Kong Wen ရဲ့ ရည်ရွယ်ချက်က နေ့အချိန်လိုပဲ  ရှင်းလင်းနေတာပဲ ။ေYou XiaoMoကို နေရာ မပေးချင်လို့ ဒီ အခြေအနေကြီးက ထွက်လာတာပေါ့။ Kong Wen က သုအနှစ်သက်ဆုံးတပည့်နှစ်ယောက်နှင့် လဲ ခပ်တန်းတန်းမဖြစ်သွားစေချင်လို့  Fang ChenLe နဲ့ Fu ZiLin တို့အတွက် ဒီကတိကို လုပ်တာလဲ အများကြီး ဖြစ်နိုင်သည်။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now