Începe de la început
" ဟုတ်ပြီ..ge လဲ ဖုန်းဆက်မယ် ''
ကျောင်းကသွားမတက်ရသေးဘူး ရိပေါ်တို့ကတော့ အလွမ်းသယ်နှင့်နေပြီ..။
အခန်းထဲဝင်ဖို့ ခြေပြင်နေတဲ့ ဝမ်ပါပါးကတော့ ရှောင်းကျန့်ရှေ့ရောက်မှ ချက်ချင်းပြောင်းလဲသွားတဲ့ သားတော်မောင်ကိုကြည့်ပြီး ခေါင်းတခါခါနဲ့ ပြန်ထွက်သွားလေရဲ့။
ငါလဲအ့လောက်အပြောင်းအလဲမမြန်ပါဘူး..၊တတ်လဲတတ်နိုင်တဲ့သား.....။
🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟
ဒီနေ့ဆို ရိပေါ်လေး မြို့တော် ကိုသွားတာ ၁ ပါတ်ပြည့်ပြီး ။
အ့နားမှာ အမြဲလိုက်ကပ်နေတဲ့ကလေးဆိုးလေးမရှိတော့လဲ ရှောင်းကျန့်အတွက်တစ်ခုခုလိုနေသလို..။ ညတိုင်း ဖုန်းပြောဖြစ်ပေမယ့် အသံကြားလေ ပိုလွမ်းလေ..။
အချိန်တွေကြာလာလေ ရိပေါ်ကို ရှောင်းကျန့်ပိုချစ်တာကို သိလေလေ...။
" သား..ရှောင်းကျန့်..''
ဒီအသံကြားတော့ ရှောင်းကျန့် လှောင်ပြုံးပြုံးမိတယ်..။
ဒီမိန်းမ ဘာတွေကြံနေပြီလဲ.. ။
" အမေ သားကိုပြောစရာ ရှိလို့.. သားအချိန်ရလား ''
ရှောင်းရန့်ကျူး က ပျော်ရွှင်နေသလိုပြုံးနေတယ် ။
သူမက ပြုံးနေလေ အန္တာရယ်ရှိလေပဲ..၊၊
" အမေ ရဲ့ သူငယ်ချင်း မုတန် ကသူ့သမီးနဲ့သားကို စေ့စပ်ထားချင်တယ်တဲ့ ၊ သူ့သမီး ယွဲ့ယွဲ့ ကလဲ သားဓာတ်ပုံကိုအမေပြထားဖူးလို့ သားကိုတွေ့ချင်နေတာ..၊ သားတို့နှစ်ယောက်သာ အဆင်ပြေသွားရင် သိပ်ကို ကောင်းတဲ့ အခြေအနေပဲ၊
သူတို့မိသားစုက စပိန်နိုင်ငံ မက်ဒရစ် မြို့မှာလဲ ကုမ္ပဏီ တွေပိုင်ထားသေးတယ်၊ သားသာသူနဲ့ အဆင်ပြေရင် အမေတို့သားအမိအတွက် တစ်သက်လုံး ဖူလုံသွားပြီ ၊ ပြီးတော့ မင်းပထွေး နဲ့ သူ့သားထက်လဲ အမေတို့အများကြီး သာသွားမှာ..''
ဒီမိန်းမရဲ့ လောဘတွေက သူမ မသေမချင်းကို ရပ်တန့်မှာမဟုတ်ဘူး..။ ဦးလေးဝမ်နဲ့ ဝမ်လေးကို ထိန်းချုပ်မရတော့ ရှောင်းကျန့်ကို ထိုးကြွေးမယ်ပေါ့..၊ ဥာဏ်ကောင်းလွန်းတယ်... ။