Chapter(21) - Ending

14.6K 1.3K 66
                                    

Unicode

Part(21)

ကျွန်တော်ပြတင်းပေါက်နဲ့ နီးတဲ့နေရာမှာ မတ်တပ်ရပ်နေပြီး ထွက်ပေါ်နေတဲ့ ကြယ်လေးတွေကို ကြည့်နေမိတယ်.....ကြယ်လေးတွေ ကြားထဲမှာတော့ တောက်ပနေတဲ့ လတစ်စင်းရှိနေတယ်.....ကျွန်တော့ရဲ့ ရှုပ်ထွေးနေတဲ့ စိတ်တွေကို တည်ငြိမ်အောင် လုပ်နေတဲ့ အချိန်မှာပဲ သူတံခါးဖွင့်ပြီး ဝင်လာလေပြီ....

"မင်းပြောသလိုပဲ..ငါအလုပ် ပြီးသွားပြီ"

သူကဖြေးညှင်းစွာ လမ်းလျှောက်လာပြီး အခန်းအလည်မှာ ရပ်လိုက်တယ်...ကျွန်တော် တိတ်တိတ်လေး သက်ပြင်းချလိုက်မိတော့တယ်။

"ပင်ပန်းနေမှာပဲ အရှင် အိပ်သင့်ပြီ...."

"ငါမပင်ပန်းဘူး....မင်းအခုချိန်ထိ ဖုန်းကွယ်ထားတဲ့ အရာကို ငါကြားချင်သေးတယ်"

"ကျွန်တော်ဘာမှ မဖုန်းကွယ်ထားပါဘူး"

"မဟုတ်ဘူး မင်းမှာ ရှိပါတယ်.."

သူကအခိုင်အမာပြောပြီးတာနဲ့ ကျွန်တော့ဆီ လာပြီး လက်မောင်းကို ဆွဲလိုက်တယ်...

"ငါတစ်ခြားသူတွေဆီက မကြားချင်ဘူး...အထူးသဖြင့် မိဖုရားခေါင်ဆီက...အဲ့ဒါကြောင့် သူမဘာမှ မပြောခဲ့ဘူးလို့ပဲ သတ်မှတ်ရအောင်.......ငါ့ကိုပြောပြ"

"...ဘာကိုလဲ?"

"ကိုယ်တော့ရဲ့ မိဖုရားငယ်လေးက ပိုသိတယ်လို့ထင်တာပဲ"

သူ့ဆီကနေ ကျွန်တော့လက်မောင်း ဆွဲထားခံနေရရင်းနဲ့ပဲ ကျွန်တော်ကြမ်းပြင်ကို ငေးစိုက်ကြည့်နေမိတယ် ပြီးတော့ကျွန်တော် ဖြေးညှင်းစွာနဲ့ ပါးစပ် ဖွင့်လိုက်တော့တယ်...

"ဘာကိုပြောရမှာလဲ? ကျွန်တော်ယောကျာ်းလေးဆိုတာ ပေါ်သွားမှာကြောက်တယ်လို့ ပြောရမှာလား? အရှင့်ကို ကျွန်တော့နှလုံးသားထဲမှာ ဆုပ်ကိုင်ထားချင်တယ် ဆိုတာပြောရမှာလား? ကျွန်တော်ကအရှင့်ရဲ့ ဂုဏ်သတင်းတွေကို ညစ်ပတ်စေမယ့် မိုးပြေးဖြစ်နိုင်တယ် ဆိုတာကို ပြောရမှာလား။ အဲ့ဒါကြောင့် ကျွန်တော်လောဘတက်လို့ မဖြစ်လို့ ထွက်ပြေးချင်နေတယ်။ ဒါပေမဲ့ဒီမှာပဲ နေနေမိတယ် ဆိုတာကို ပြောရမှာလား?ကျွန်တော်ဒီမှာနေပြီးကတည်းက လောဘတွေ တက်လာပြီး ထွက်ပြေးဖို့ကို လုံးဝမတွေးတော့ပဲ အရှင့်နားမှာနေနိုင်သမျှ နေလို့ရအောင် လုပ်နေတာပါလို့ ပြောရမှာလား? ကျွန်တော်ချစ်တဲ့သူဆီက ခံစားချက်တွေ ပိုရဖို့ ရုန်းကန်နေရပြီး အဲ့ဒါကြောင့် ကျွန်တော့ခံစားချက်ကိုတောင် တစ်ခုလေးမှ ထုတ်ပြလို့မရပဲ အတွင်းပိုင်းမှာ ပုတ်နေတာကို ပြောပြရမှာလား? ကျွန်တော်အရှင့်ကို ချစ်လွန်းလို့ အမကိုတောင် စွန့်လွှတ်နိုင်တယ်ဆိုရင်ရော ဘယ်လိုလုပ်မှာလဲ?"

(Completed) YehoWhere stories live. Discover now