Chapter(7)

9.4K 1.4K 29
                                    

Unicode

Part(7)

သူရဲဟိုအား ကြည့်နေမိပြီး ရဲဟိုမှာ အသက်ရှူတာတောင် နာကျင်နေပုံပေါ်နေသည်။ သူ၏နူးညံ့သော ဆံနွယ်များမှာ ချွေးကြောင့် မျက်နှာတွင်ကပ်နေကြပြီး သူ့နှတ်ခမ်းများ ကွဲအပ်နေသည်မှာ ခြောက်သွေ့နေသည့် သွေးအနည်းငယ်ပင် ရှိနေသည်။ သူ့အား ကောင်းမွန်စွာ ကျွေးရန် ကြိုးစားအားထုတ်ခဲ့ရသမျှမှာ နှစ်ရက်အတွင်းလုံးဝ ဖြုန်းတီးမိသွားပြီဖြစ်သည်။သူက ထိုနှစ်ရက်အတွင်း လူသေအလောင်းလို ပြန်ဖြစ်လာ၏။

ငါသိတယ်..သူဒီလို ဖြစ်သွားတာ အဲ့ဒီနေ့ကသူ့ကို စိတ်ဆိုးလိုက်မိလို့...ငါသူ့ရဲ့ဖြူဖျော့နေတဲ့ မျက်နှာကအေးစက်နေတဲ့ လေထဲမှာ ပြာနှမ်းသွားတာကို တွေ့တာတောင် သူ့ကိုခက်ထန်တဲ့ စကားတွေ ဆက်ပြောနေခဲ့မိတယ်.....ပြီးတော့ သူ့ကို ဒီအတိုင်းပဲ ချန်ထားခဲ့မိတယ်။ အဲ့ဒါက ငါ့ကိုလည်း စိတ်မသက်သာစေပါဘူး...အဲ့ဒါကြောင့် ငါညီလာခံကိုတောင် မသွားတော့ပဲနဲ့ ပြိုင်ပွဲကျင်းပတဲ့ ကွင်းဆီ ငါ့ဓားကို ယူပြီးသွားခဲ့တယ်.....ငါမြင်သမျှကို ဖျတ်စီးပစ်ခဲ့လို့ ကိုယ်ရံတော် တော်တော်များများတောင် ဒဏ်ရာရသွားခဲ့တယ်။ ဒါပေမဲ့အဲ့ဒါလည်း ငါ့ကို စိတ်သက်သာရာ ရအောင် မစွမ်းဆောင်နိုင်ပါဘူးလေ.....ငါသမင်တစ်ကောင်လောက် အမဲလိုက်ပြီး အပိုင်းပိုင်း ဖျက်ပစ်ဖို့တောင် စဉ်းစားခဲ့မိတယ်။ အကယ်၍ ဆိုအာသာ ရဲဟိုက အဖျားကြောင့် သတိလစ်သွားပြီး ပြန်နိုးမလာဘူးလို့အစီအရင်မခံခဲ့ရင် သူ့မျက်လုံးလေးတွေနဲ့တူတဲ့ သနားစရာကောင်းတဲ့ သမင်လေး သေသွားလောက်ပြီ...။

သူဖျားနေတယ်လို့လဲ ကြားပြီးရော ဒေါသထွက်နေသေးတာတောင်မှ သူ့နန်းဆောင်ဆီကို ပြေးသွားနေမိတယ်....ငါသွားနေတာ ဘယ်လောက်တောင် မြန်နေလဲဆိုတာ သတိထားမိသွားတော့ ကိုယ့်ကိုကိယ်တောင်စိတ်ရှုပ်သွားမိတာ....ယုံကြည်ရတဲ့ သမားတော်တစ်ယောက်ကိုတောင် ဂုတ်ကဆွဲပြီး ရဲဟိုဆီခေါ်သွားမိတယ်။ ဒါပေမဲ့ အဲ့ဒါကလည်း မှန်ကန်တယ်လို့ မခံစားရသေးဘူး......သမားတော်က သူ့ကို စမ်းသပ်နေတဲ့အချိန်မှာ ငါစိတ်မဝင်စားချင်ယောင်ဆောင်နေလိုက်တယ်.....စိတ်ပူစရာ မလိုတော့ဘူးလို့ ကြားလိုက်တော့မှပဲ ငါစိတ်လျှော့ချမိသွားတော့တာ။ ဒါပေမဲ့ ဒေါသကပြန်ထွက်လာပြန်ရော......သမားတော်က အရမ်းကို ကြောက်လန့်နေခဲ့တယ်လေ။ သူထွက်သွားတဲ့ အခါမှပဲ ငါလည်း အသက်ကို ပြင်းပြင်းရှူပြီးသတိလစ်နေဆဲဖြစ်တဲ့ ရဲဟိုကို အေးစက်စက်ကြည့်နေလိုက်မိပြန်တယ်.....ငါဒီအတိုင်းသူ့ကို စိုက်ကြည့်နေမိပြီး သူ့ဘေးက ထွက်မသွားနိုင်လို့လည်း ကိုယ့်ကိုကိုယ် ဒေါသထွက်မိတယ်.....။

(Completed) YehoWhere stories live. Discover now