Chapter(14)

8.1K 1.1K 21
                                    

Unicode

Part(14)

ကျွန်တော်သူ့ လက်မောင်းထဲမှာအပေါ်ရုံနဲ့ ခြုံထားတာကို ခံပြီး အခန်းထဲကို ပြန်ဝင်လာခဲ့တယ်....အထဲရောက်တော့ ကျွန်တော် အပေါ်ရုံကိုဆိုအာကို ပေးလိုက်ပြီး ရေနွေးနဲ့သဘက် ယူလာခိုင်းလိုက်တယ်....ပြီးတော့ကျွန်တော် သူ့ကိုအိပ်ယာဆီ ပြန်ဆွဲခေါ်လာလိုက်တော့တယ်...

"ဘာလို့အရှင် အထိတ်တလန့်ပြေးလာရတာလဲ..?ကျွန်တော်က တစ်နေရာရာကို ထွက်သွားမှာလဲ မဟုတ်ပဲနဲ့"

ကျွန်တော်ဆိုအာဆီက ရေနွေးနဲ့သဘက်ယူလိုက်ပြီး သူ့ကိုမေးလိုက်တယ်....တစ်နည်းနည်းနဲ့ သူ့မျက်လုံးတွေကဗလာဖြစ်နေပြီး ကျွန်တော့ကိုတီးတိုးမေးလာတယ်လေ

"ဘယ်မှမသွားဘူးလား?"

သူကအဲ့ဒီစကားကို ထပ်ပြောလိုက်တော့ ကျွန်တော်မေးခွန်းပြန်ထုတ်လိုက်တော့တယ်....

"ကျွန်တော်တစ်နေရာရာကို ထွက်သွားမယ်လို့ ထင်နေတာလား?"

"အင်း...."

သူဖြေလိုက်တော့ ကျွန်တော်ရေစိုသဘက်နဲ့ သူ့ရှေ့မှာဒူးထောက်ထိုင်ချလိုက်ပြီး ရယ်လိုက်တယ်။

"ကျွန်တော်ကဘယ်ကို သွားရမှာလဲ?ဒီကောင်းကင်သန့်စင်နန်းတော်ကနေ ကျွန်တော်ဘယ်လိုများ ဒီမှာရှိသမျှအစောင့်တွေ၊ အစေခံတွေနဲ့ မိန်းမစိုးတွေရဲ့ မျက်လုံးတွေကိုရှောင်ပြိး သွားလို့ရမှာလဲ?"

"မင်း....."

ကျွန်တော်သူ့ခြေထောက်ကို သုတ်ပေးနေရင်းနဲ့ ပြောလိုက်တော့ သူကပြန်ပြောလာတယ်....

".....ငါ့ကိုပြုံးပြခဲ့တယ်လေ....အဲ့ဒါက မင်းဒီနန်းဆောင်ကို ရောက်ပြီးကတည်းက ပြုံးတဲ့ ပထမဆုံးအပြုံးပဲ။ ငါက အဲ့ဒီအပြုံးကိုကြည့်ပြီး အိပ်ပျော်သွားခဲ့တာ ဒါပေမဲ့ ငါနိုးတဲ့အချိန်ကျတော့ မင်းကမရှိတော့ဘူး...ငါ့နှလုံးသားတစ်ခုလုံး ပြုတ်ကျသွားသလိုပဲ။ ငါတွေးလိုက်တာက မင်းငါ့ဆီကနေ ထွက်ပြေးချင်လို့ နောက်ဆုံးအနေနဲ့ ပြုံးပြခဲ့တယ်လို့ ထင်လိုက်တာ....အဲ့ဒီအတွေးကငါ့ခေါင်းတစ်ခုလုံးကို ဗလာဖြစ်သွားစေတယ်"

(Completed) YehoWhere stories live. Discover now