Chapter(19)

7.4K 1.1K 14
                                    

Unicode

Part(19)

ကျွန်တော်အခု အရမ်းရင်တုန်နေလို့ ကျွန်တော့လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိတယ်။ ပွေ့ဖက်မြေနန်းဆောင်က လှမ်းခေါ်လို့ ကျွန်တော်ရော ဆိုအာရော အရမ်းကို ထိတ်လန့်နေမိကြတယ်လေ။ကျွန်တော်အဝတ်တွေကို ခက်ခက်ခဲခဲဝတ်နေရပြီး ဆိုအာက သူ့ရဲ့ တုန်လှုပ်နေတဲ့လက်တွေနဲ့ ကျွန်တော့ကိုမျက်နှာခြေလိမ်းပေးတယ်။ ကျွန်တော်ရိုးရိုးရှင်းရှင်းပဲ ဆံပင်ကိုထုံးဖွဲ့လိုက်ပြီး ပွေ့ဖက်မြေနန်းဆောင်က လွှတ်လိုက်တဲ့သူနောက်ကနေ လိုက်သွားလိုက်တယ်။ အခုတော့ကျွန်တော် အတွင်းခန်းထဲမှာ ထိုင်နေရလေရဲ့......

"မိဖုရားခေါင် ကြွရောက်လာပါပြီ...."

ကျွန်တော်အပြင်က အမှုထမ်းရဲ့ အော်သံကို ကြားလိုက်တာနဲ့ ချက်ချင်းပဲ မတ်တပ်ထရပ်လိုက်မိပြီး မကြာခင်ပဲ တံခါးပွင့်လာခဲ့တယ်။

သူမရဲ့ဆံပင်ကို ရွှေရောင်ယောင်ဂျန် (နဂါးခေါင်းနှင့်တွဲဖက်ထားသည့်ဆံထိုး) နှင့်အလှဆင်ထားပြီး ခရမ်းရောင်တောက်တောက် ဝတ်စုံအားဝတ်ဆင်ထားလေတယ်။ သူမရဲ့မျက်နှာပေါ်က အနီရောင်တောက်တောက် နှုတ်ခမ်းနီက ကျွန်တော့ကိုချောက်လှန့်မှုပေးနေတယ်.......သူမက ဖြေးညှင်းစွာလျှောက်လာပြီး ကျွန်တော့အရှေ့ကို လျှောက်လာကာ ထိုင်ချလိုက်တယ်။ ပြီးတော့ ရှိသမျှ နန်းတွင်းအစေခံ အားလုံးကို အပြင်ထွက်ခိုင်းလိုက်လေရဲ့.....။ ပြီးတော့သူမက ကျွန်တော့ကို အေးစက်စက်မျက်လုံးတွေနဲ့ ကြည့်လိုက်ပြီး ထိုင်ခုံကို လက်ညှိုးထိုးပြလိုက်တယ်။

"ထိုင်!"

"ကျေးဇူး....ကျေးဇူးကြီးမြတ်လှပါတယ် မယ်မယ်"

ကျွန်တော်ခက်ခက်ခဲခဲ ပြန်ပြောလိုက်ရပြီး ဖြေးညှင်းစွာထိုင်ချလိုက်တယ်။ သူမတစ်ခုခုကို သတိပြုမိသွားမှာကိုစိုးလို့ ကျွန်တော်ရင်တုန်စွာနဲ့ ခေါင်းကိုငုံ့ထားမိတော့တယ်။

"ကဲ...အဲ့တော့ ကောင်းကင်သန့်စင် နန်းတော်က သက်တောင့်သက်သာရှိရဲ့လား?"

"ဟုတ်ကဲ့ရှိပါတယ်.."

"ဒါဆိုကောင်းတယ်"

သူမကထိုအတိုင်းပဲ ပြောလိုက်ပြီး ပြင်ဆင်ပြီးသားဖြစ်တဲ့ လက်ဖက်ရည်ကြမ်းကို တစ်ငုံသောက်လိုက်တယ်။

(Completed) YehoOnde as histórias ganham vida. Descobre agora