Chapter(10)

9.5K 1.2K 19
                                    

Unicode

Part(10)

ကျွန်တော်ညည်းငြူမိတော့မှာကို အတင်းမျိုချလိုက်ပြီး အိပ်ယာခင်းကိုသာ ဆွဲထားလိုက်မိတော့တယ်။ကျွန်တော့်ရဲ့တစ်ကိုယ်လုံးက လှုပ်ခါနေပြီး ကျွန်တော်ကတော့ သူ့ပုခုံးကတစ်ဆင့်မြင်နေရတဲ့ မျက်နှာကြက်ကိုသာကြည့်နေလိုက်တယ်....သူ့ရဲ့နိမ်ပေမဲ့ ပြင်းထန်တဲ့ အသက်ရှုသံနဲ့ စိုစွတ်နေတဲ့ အသားအရည်တွေက ကျွန်တော့ကို ဆက်သွယ်နေတာက ကျွန်တော့ကို ဝမ်းနည်းပြီး စိတ်ဆင်းရဲစေတယ်...ကျွန်တော် မျက်လုံးမှိတ်ပြီး ခေါင်းကိုပြန်လှည့်လိုက်ကာ နှတ်ခမ်းကို ဖိကိုက်ထားလိုက် မိပြန်တယ်....နွေးထွေးနူးညံ့ပြီး စိုစွတ်နေတဲ့ တစ်စုံတစ်ခုက ကျွန်တော့ပုခုံးကိုထိထားတယ်....ကျွန်တော့ရဲ့ နှလုံးသားကို သက်သာစေတဲ့ အဲ့ဒီနူးညံ့မှုက ကျွန်တော့ကိုပိုပြီး ဝမ်းနည်းစေတာ

ကျွန်တော့်နာမည်ကို တိုးညှင်းတဲ့အသံနဲ့ ရေရွတ်သံ ကြားလိုက်ရပြီး ကျွန်တော်ခါးကို မသိလိုက်ပဲ ရွေ့လျားလိုက်မိတယ်။ ပြီးတော့အပူတစ်ခုကကျွန်တော့ကိုယ်ထဲမှာ လှုပ်ရှားနေလေရဲ့။

"ဟင့်....."

ညည်းသံအနည်းငယ် ထွက်လာပြီးနောက်မှာ ကျွန်တော့ကိုယ်ကျွန်တော် လျှော့ချလိုက်တော့တယ်။ကျွန်တော်ကတစ်ခြားတစ်ဖက်ကို မျက်နှာမူနေဆဲဖြစ်ပြီး စိုစွတ်နေတဲ့ နှဖူးတစ်ခုက ကျွန်တော့ပုခုံးကို ဖွဖွလေးထိထားတယ်။

"ရဲဟို..."

သူကျွန်တော့နာမည်ကို ထပ်ခေါ်နေပြန်ပြီ...အဲ့ဒီခေါ်သံကိုကြားရတာ တစ်နည်းနည်းနဲ့ ကျွန်တော်ငိုချင်လာမိတယ်။ သူ့ရဲ့ကြီးမားပြီး ပူနွေးတဲ့ လက်ဖဝါးက ကျွန်တော့ရဲ့ ပိန်ပါးတဲ့လက်ကို ဆုပ်ကိုင်လိုက်တယ်......

"မင်းဒီည...ညစာမစားပြန်ဘူးလို့ငါကြားတယ်...."

သူကကျွန်တော့လက်ကို ထိနေရင်းနဲ့ပြောလိုက်တယ်

"ကျွန်တော်ဒီနေ့နေ့လည်စာ အများကြီးစားလိုက်လို့ပါ..အဲ့ဒါကြောင့် မဆူပါနဲ့တော့"

ကန့်လန့်ကာကတစ်ဆင့် မှုန်ဝါးဝါးမြင်နေရတဲ့ နေရောင်ခြည်ကို ကြည့်ပြီးကျွန်တော်အက်ကွဲနေတဲ့ အသံနဲ့ပြန်ပြောလိုက်တယ်။ ကျွန်တော်ညစာလွှတ်လိုက်မိလို့ သူစားဖိုမှုးကို ဒေါသထွက်တာ မှတ်မိနေသေးတယ်လေ....

(Completed) YehoWhere stories live. Discover now