《Info》

32.2K 1.9K 16
                                    

Unicode

About Main Character

ဂျူဟီးအန်း - ဧကရာဇ် ( ချောမောခန့်ညားသည်၊ သန်မာသည်)

ရဲဟို - (လှပသည်၊ အားနည်းသည်)

ရဲဟိုသည် သေးငယ်သော နိုင်ငံလေး တစ်ခုမှ ဘုရင်တစ်ပါး၏ ဆွေမျိုးဝေး တစ်ယောက်ဖြစ်သည်။ ဆွေမျိုးနီးစပ် တော်သော်လည်း သူ့အိမ်က အလွန်ဆင်းရဲကာ သူ့မိခင်သည်လည်း လောင်းကစားစွဲနေပြန်သည်။ တစ်နေ့မှာတော့ မင်းသမီးဆူယောင်းအား မြောက်ဘက်အင်ပါယာဘက်မှ ဧကရာဇ်အိုကြီး၏ ကိုယ်လုပ်တော်အဖြစ် တော်ကောက်ရန် တောင်းခံလာခဲ့သည်။ အကြောင်းကတော့ သူမရဲ့ အလှက ကျော်ကြားလှသောကြောင့်ပင်။ သို့သော်လည်း ဘုရင်က သူ့သမီးတော်အား အလွန်ချစ်မြတ်နိုးတာကြောင့် ရဲဟို၏ အမဖြစ်သူကိုသာ သူ့သမီးအစား ဧကရာဇ်အိုကြီးနှင့် လက်ဆက်ရန် အမိန့်ချမှတ်ခဲ့သည်။

ရဲဟိုက သူ့အစ်မအား သူမရဲ့ ချစ်ရသူနဲ့အတူ ထွက်ပြေးရန် ပြောခဲ့၏။ ထို့နောက်မှာတော့ သူ့အမသည် သူမရဲ့ မောင်ငယ်လေးအား သူ့အမေနဲ့ အတူတူ ထားခဲ့သည်။ သူမ ထွက်ပြေးပြီးနောက်မှာ ရဲဟိုက အမေဖြစ်သူအား သမီးဖြစ်သူကို ရောင်းစားရန် လက်ခံခဲ့သည့် အနေဖြင့် ယူထားခဲ့သော ဘုရင်ပေးသည် လက်ဆောင်များအား ပြန်ပေးရန် ပြောခဲ့သော်လည်း သူ့အမေက ထိုလက်ဆောင်များအားလုံးကို သူမရဲ့ လောင်းကစားကြွေး ဆပ်ရန်အတွက် အားလုံး သုံးပစ်လိုက်ပြီပင်။

ပထမတော့ လက်ဆောင်များ ပြန်ပေးပြီး ဘုရင်ချမှတ်ထားတဲ့ အမိန့်အား ပြန်ရုတ်သိမ်းဖို့ ကြိုးစားခဲ့တာ ဖြစ်ပေမယ့် အခုတော့ ဘာမှ ဆက်လုပ်လို့ မရတော့။ သူ့အနေနဲ့ သူ့အစ်မအား ထွက်ပြေးခိုင်းလိုက်ပြီး သူကတော့ သူ့အစ်မယောင်ဆောင်ကာ မြောက်ဘက်အင်ပါယာဆီ သွားရတော့သည်။ ထိုသို့ ရောက်သောအခါ ဧကရာဇ်အား အမှန်အတိုင်းပြောပြီး သူ့အသက်ကို ပေးအပ်ဖို့ ကြိုးစားသော်လည်း ဧကရာဇ်ဖြစ်သူက သူ့အင်ပါယာအား တိုင်းခန်းလှည့်လည်ရန် လွန်ခဲ့တဲ့ ရက်ပိုင်းကပင် ထွက်သွားခဲ့သည်။ ဧကရာဇ် ပြန်လာတဲ့ အချိန်မှာတော့ ဧကရာဇ်က သူထင်ထားသလောက် မအိုမင်းသေးပေ။

*............................................*

T/N - Please Read

(Completed) YehoWhere stories live. Discover now