Chapter(18)

7.1K 1K 6
                                    

Unicode

Part(18)

ကျွန်တော်ဒီအတိုင်း အမှောင်ခန်းထဲမှာ ဗလာအတွေးတွေနဲ့ ထိုင်နေမိတယ်။ အချိန်ဘယ်လောက်ကုန်ဆုံးသွားလဲ မသိပေမယ့်လည်း ညရောက်နေပြီဆိုတာတော့ သတိထားမိတယ်။ ကြည့်ရတာ သူ ညီလာခံကိစ္စတွေ ပြီးဆုံးသွားလို့ ပြန်လာပြီနဲ့တူတယ်။ အပြင်ဘက်မှုာဆူညံနေတာပဲ....ကျွန်တော်တံခါးကို စူးစိုက်ကြည့်နေလိုက်မိတယ်.....သူက နန်းတွင်းအစေခံလေး ဖွင့်ပေးတဲ့ တံခါးကတစ်ဆင့် အခန်းထဲကိုဝင်လာလေရဲ့....

"ရဲဟို?"

သူကျွန်တော့ကို အံ့သြတကြီး ကြည့်လိုက်တယ်။

"မင်းပြောတော့ ပန်းစည်းရိုးနန်းတော်ထဲမှာ ကြာကြာနေဦးမယ်ဆို?"

"ကျွန်တော်အမကို ပြန်ပို့လိုက်ပါပြီ အရှင်မင်းကြီး"

"ဘာဖြစ်လို့လဲ?မင်းတို့အခုမှ တွေ့ရတဲ့ဟာကို"

သူကျွန်တော့ဆီကို သိချင်စိတ်များနေတဲ့ ပုံစံနဲ့ လျှောက်လာတယ်..သူ့ဝတ်စုံနဲ့ သူ့ရဲ့သန့်စင်တဲ့ မျက်နှာကို တွဲဖက်ကြည့်ရတာ အရမ်းလှတာပဲ....ဒီငယ်ရွယ်တဲ့ ဧကရာဇ်လေးက လှပတယ်၊ သန်မာတယ်၊ တန်ဖိုးရှိတယ်။ ကျွန်တော်သူ့မျက်နှာကြည့်ပြီ းပြုံးမိတော့မလိုပဲ ဒါပေမဲ့ကျွန်တော် မလုပ်ဖြစ်ပါဘူး.....

"ရဲဟို?"

"အရှင်သူတို့ကို တော်ဝင်ထောက်ပံ့သူဖြစ်ဖို့ ပြောထားတယ်ဆို?"

"...အာ..."

သူက ပြဿနာတော့ တက်ပြီဆိုသည့် မျက်နှာလုပ်လိုက်သည်။

"ငါသူတို့ကို မပြောပါနဲ့လို့ ပြောထားတဲ့ဟာကို...မင်းအမပြောလိုက်တယ်နဲ့တူတယ် ဟုတ်လား"

"ဟုတ်ပါတယ်...."

"အဲ့ဒါ မင်းစိတ်ပူရမယ့် ကိစ္စမဟုတ်ပါဘူး။ အဲ့ဒါသူတို့အပေါ်ပဲ မူတည်တာ....တကယ်တော့ ငါအဲ့ဒါကို အကြံကောင်းလို့ ထင်တာပဲ။ ငါကြားတာတော့ တော်ဝင်ထောက်ပံ့သူဖြစ်ရင် အကျိုးကျေးဇူး ကြီးကြီးမားမားရတယ်တဲ့"

"ဟုတ်ကဲ့...ကျွန်တော်လည်းကြားပါတယ် အဲ့ဒါကကြီးမားတဲ့ အကျိုးအမြတ်ရရှိနိုင်တာမို့လို့ ကုန်သည်ကြီးတွေပဲ တော်ဝင်ထောက်ပံ့သူ ဖြစ်နိုင်တာလေ"

(Completed) YehoOpowieści tętniące życiem. Odkryj je teraz