Chapter(11)

8.3K 1K 5
                                    

Unicode

Part(11)

"အရှင့်ကြည့်ရတာ သိပ်အဆင်မပြေသလိုပဲ..."

ဆိုအာကမျက်နှာခြေမှုန့်ကို ကိုင်ပြီးကျွန်တော့ကို စိတ်ပူပန်စွာပြောတယ်။ကျွန်တော်ခပ်ဖျော့ဖျော့ပဲ ပြုံးပြလိုက်ပြီး ပြန်ဖြေလိုက်ပါတယ်။

"ငါကောင်းကောင်းအိပ်မပျော်လို့ပါ..."

"ပွဲအခမ်းအနားအတွက်များလား?"

"ထင်တာပဲ...ငါ့ကိုလူတွေ သိသွားမှာစိတ်ပူတယ် ပြီးတော့ငါအမှားလုပ်မိမှာလဲစိုးတယ်"

ပွဲအခမ်းအနားအတွက် ပြင်ဆင်ဖို့ကျွန်တော့်ကိုယ် ကျွန်တော် ဝတ်စုံအပြည့် ဝတ်ဆင်ထားတာကို မှန်ထဲကတစ်ဆင့်မြင်နေရတယ်.....ဆိုအာကဂရုတစိုက်ပဲမေးလိုက်တယ်။

"အဲ့ဒါက အရှင်မင်းကြီးကြောင့် မှတ်လား?"

ကျွန်တော်ရှက်ရွံ့စွာပဲပြုံးလိုက်တယ်....အဲ့ဒီနေ့ကသူ အစည်းအဝေးခန်းမကို သွားပြီးကတည်းက ကျွန်တော့ဆီကိုလည်း မလာတော့ဘူး အဲ့ဒီကိုလည်းမသွားတော့ဘူးလို့ ကြားတယ်...သူပွေ့ဖက်မြေ နန်းဆောင်ကိုပဲသွားမှာလို့ ကျွန်တော် တွေးနေမိတုန်းပဲ။ ဒါပေမဲ့အဲ့ဒါက ကျွန်တော့အတွေးသက်သက်ရယ်ပါ..... တကယ်လို့ သူသာ တကယ်ပွေ့ဖက်မြေ နန်းဆောင်ကို သွားရင်...ဒါမှမဟုတ် တစ်ခြားနန်းဆောင်တွေကို သွားရင် သေချာတယ် ကျွန်တော်လုံးဝအိပ်ပျော်မှာ မဟုတ်တော့ဘူး.....အဲ့ဒီအတွက် ကျွန်တော့ကိုယ်ကျွန်တော် အရမ်းမုန်းတယ်....

"မျက်နှာခြေထပ်လိမ်းပေးပါဦး...အဲ့ဒါမှငါ ယောကျာ်းလေးမှန်း မသိမှာ"

ကျွန်တော်အကြောင်းအရာပြောင်းလိုက်တော့ ဆိုအာက သက်ပြင်းချပြီးကျွန်တော့မျက်နှာမှာ မျက်နှာခြေမှုန့်တွေ ထပ်လိမ်းပေးလိုက်တယ်.... မကြာခင်ပဲဆိုအာက လုပ်နေတာတွေကိုရပ်လိုက်လို ့ကျွန်တော်လှည့်ကြည့်လိုက်မိတယ်။

"ဘာဖြစ်လို့လဲ? တစ်ခုခုမှားနေလို့လား?"

"မဟုတ်ပါဘူး...အဆင်သင့်ဖြစ်ပါပြီအရှင်"

"ဒါကလုံလောက်ပြီလား?"

"ဟုတ်ကဲ့ဒါက အရမ်းကြီးတော့ပြောင်းလဲသွားမှာမဟုတ်ပါဘူး။ အရှင့်မှာကနဂိုတည်းကဖြုနုတဲ့အသားအရည်ရှိတာမို့လို့ပါ"

(Completed) YehoWhere stories live. Discover now