Chapter(17)

7.4K 1.1K 4
                                    

Unicode

Part(17)

"ကြည့်ပါဦး ကျွန်တော်အမတောင် မနေနိုင်တဲ့ ချမ်းချမ်းသာသာ ဘဝမှာ နေနေရတယ်လေ...အမဒီလို နိုရီဂဲ(노리개) ကိုမတွေ့ဘူးဘူး မှတ်လား"

အမနဲ့ကျွန်တော်က ကျွန်တော့ ရဲ့အိပ်ခန်းဟောင်းလေးမှာ ထိုင်ပြီး စကားပြောနေကြတယ်....

"ဟုတ်တယ်...အမှန်ပဲ....."

"ကျွန်တော်က မောင်လေးတစ်ယောက်နဲ့ မတူတဲ့အတွက် တောင်းပန်ပါတယ်.....ကျွန်တော်တို့နှစ်ယောက် ကြည့်ရတာ မောင်နှမတွေထက် ညီအမတွေနဲ့ ပိုတူနေပြီပဲ"

"ဟုတ်တယ်..အမှန်ပဲ....."

"အဲ့ဒီတော့အမရဲ့ ချစ်သူရော ဘယ်လိုနေလဲ? ကျွန်တော်သူ့ကိုအခု ယောက်ဖလို့ ခေါ်ရတော့မှာလား? အဲ့ဒီတော့ ကျွန်တော့ယောက်ဖရော အဆင်ပြေရဲ့လား?"

သူမက ကျွန်တော်တစ်ခါမှ မမြင်ဘူးခဲ့တဲ့ အပြုံးကို ပြုံးပြနေတယ်....

"အင်း သူတော်တော်လေး အဆင်ပြေတယ်...သူ ဒီနန်းတော်ရဲ့ရှေ့မှာ မတ်တပ်ရပ်နေရတာတော့ ရင်တုန်နေမှာပဲ"

"ဟင်!? သူလည်း ရောက်နေတာလား? ဒါဆိုသူက အမကို တစ်ယောက်တည်း ဝင်လာခိုင်းလိုက်တာလား? ကျန်တဲ့သူတွေရော?"

ကျွန်တော် အံ့သြတကြီးမေးလိုက်တော့ သူမက ထရယ်တော့တယ်.....

"ဘာတွေပြောနေတာလဲ? သူသာ ကြားရင်တော့ စိတ်မကောင်းဖြစ်တော့မှာပဲ...သူလည်း ဝင်လာချင်တာပေါ့ဒါပေမဲ့ 'သူ'က အမတစ်ယောက်တည်းကိုပဲ ဝင်ခွင့်ပြုတယ်"

"ခွင့်ပြုတယ်?ဘယ်သူကလဲ?"

ကျွန်တော်မေးပြီးတာနဲ့ တစ်ပြိုင်နက်တည်း သူ့ကို သတိရသွားမိတယ်....ပြီးတော့ ရုတ်တရက် သတိရသွားမိတာ တစ်ခုက ကျွန်တော့ကို ဗလာဖြစ်သွားစေတယ်။ ပြီးတော့ကျွန်တော့အမမှာလဲ မှောင်မည်းနေတဲ့ မျက်နှာဖြစ်နေလေရဲ့...

"သူကပြောတယ် 'ငါမင်းယောကျာ်းဖြစ်လုနီးပါးဖြစ်သွားတယ်'တဲ့ အမလည်း ခဏလောက် ရှုပ်ထွေးသွားပြီးမှ နားလည်လိုက်တာ...အမတို့သူ့အပေါ် အရမ်းရိုင်းစိုင်းခဲ့မိတာပဲ....အမယောကျာ်းက လဲကျမတတ်ဖြစ်သွားလို့ အမပဲဝင်လာခဲ့တာ"

(Completed) YehoWhere stories live. Discover now