Chapter(5)

10.9K 1.4K 11
                                    

Unicode

Part(5)

အရှင်မင်းကြီး ထွက်သွားပြီးတော့ ကျွန်တော်ဆန်ပြုတ်ကို ငေးစိုက်ကြည့်နေမိတယ်...အဲ့ဒါက နွေးနေတုန်းပဲ...ကျွန်တော်သက်ပြင်းပဲ ချလိုက်မိပါတော့တယ်....

ဒါက....ကျွန်တော် စီစဉ်ထားသလို မဖြစ်လာဘူး၊ တကယ်တော့ ကျွန်တော် စီစဉ်ထားသလို မဖြစ်လာတာဟိုးတုန်းကတည်းကပါပဲလေ... လွန်ခဲ့တဲ့ လေးလတုန်းက ဧကရာဇ်ကို ကျွန်တော်က ယောကျာ်းလေးတစ်ယောက်ပါလို့ ဝန်ခံလိုက်ကတည်းက တစ်ခုခုပြောင်းလဲသွားတယ်၊ ကျွန်တော်သေဖို့ လုပ်လိုက်သေးတယ် ဒါပေမဲ့သူက ခွင့်မပြုခဲ့ဘူး....သူက ကျွန်တော့ အစေခံတွေအကုန်လုံးကို အဝေးပို့လိုက်ပြီး ကျွန်တော့နန်းဆောင်တစ်ခုလုံးကို နှုတ်လုံတဲ့သူတွေနဲ့ပဲ ဖြည့်စည်းလိုက်တယ်။ ပြီးတော့ကျွန်တော့်နန်းဆောင်ရဲ့ ပြင်ပမှာကျွန်တော်ဟာ ယောကျာ်းလေးတစ်ယောက်ဖြစ်တယ် ဆိုတာကိုလည်း လျို့ဝှက်ထားသေးတယ်။ကျွန်တော်ဘာဝတ်လည်း ဘာစားလဲပါ ဂရုစိုက်ပေးတယ်....ပထမတော့ သူ့စိတ် ဘယ်လိုပြောင်းလဲသွားမလဲ ဆိုတာ စိတ်ပူမိပေမယ့် အခုတော့ ကျွန်တော့် အစားအသောက်နဲ့ ပတ်သတ်ပြီး သူနဲ့ငြင်းခုန်နေရတယ်။

သူကထူးဆန်းတယ်..... ကျွန်တော်သူ့ကို ပထမဆုံး စတွေ့တော့သူက သွေးအေးလူသားကြီးလိုပဲ ဒါပေမယ့်အခုကျတော့ တစ်ခါတစ်လေပြုံးတတ်တာပဲ။ သူကကျွန်တော့ကို တကယ်ကို စိတ်ပူပေးနေတာ.....ပြီးတော့ကျွန်တော်အခုမှ သတိရတယ်။ ဒီဆန်ပြုတ်တစ်ပန်းကန်ကိုကုန်အောင်သောက်ရဦးမှာပဲ။

သက်ပြင်းချလိုက်ပေမယ့် ဆန်ပြုတ်ကိုစပြီး စားလိုက်တော့တယ်။ နည်းနည်း အေးနေပြီဆိုတော့ စားရတာလည်း အဆင်ပြေလာတယ်လေ။ နောက်ဆုံးတော့ စားလို့ ပြီးသွားခဲ့ပြီ။ ကျွန်တော်အစေခံကို ခေါပြီးပန်းကန်ကိုသိမ်းခိုင်းလိုက်တော့ မိန်းမငယ်လေးရောက်လာပြီး သိမ်းဆည်းသွားတော့တယ်။

"ဆိုအာဘယ်မှာလဲ?"

ကျွန်တော်မေးလိုက်တော့ အဲ့ဒီချစ်စရာကောင်းတဲ့ မိန်းမငယ်လေးက စိတ်လှုပ်ရှားစွာနဲ့ ပြန်ဖြေလေရဲ့

(Completed) YehoWhere stories live. Discover now