Chapter(12)

8.5K 1.2K 3
                                    

Unicode

Part(12)

တစ်စုံတစ်ယောက်က မိဖုရားငယ်ကြွရောက်လာပြီဟု ကြေညာလိုက်သည်။ သူမက ကောင်းကင်သန့်စင်နန်းတော်ထဲသို့ ဝင်သွားပြီးကတည်းက တစ်ခါမှထွက်ပေါ်လာခဲ့ဘူးခြင်း မရှိပေ။ အစိုးရအမှုထမ်းများအားလုံးနှင့် ကိုယ်လုပ်တော်များအားလုံး ပွဲခန်းမထဲသို့ မိဖုရားငယ်ကြွလာရာ တစ်လျှောက်လုံးအား ထက်ရှသောမျက်ဝန်းများဖြင့် ဝိုင်းဝန်းစူးစိုက်ကြည့်နေကြ၏။ သို့သော်လူတိုင်း သူတို့၏ အသက်မှုရှုအား အောင့်ထားမိကြသည်။

ထိုအမျိုးသမီးရဲ့ပုံစံက အရမ်းကိုကျိုးပဲ့လွယ်လွန်းတယ်။သူမ၏တစ်ကိုယ်လုံးအား အလင်းတောက်တောက် အဝတ်အထပ်ထပ်ဖြင့် ဖုန်းလွှမ်းထားသော်လည်း သူမပုံစံကြည့်ရသည်မှာ အလွန်ကိုပိန်ပါးနေပြီး မကြာမီပင်။ ကျိုးပဲ့ထွက်သွားတော့မလားထင်ရ၏။ သူမ၏ပိန်ပါးပြီးသန့်စင်သည့် မျက်နှာလေးမှာ ကလေးတစ်ယောက်၏ အသားအရည်ကဲ့သို့ပင် ဖြစ်နေသည်။ မဟုတ်ဘူးတကယ်တော့ အဲ့ဒါက အရမ်းကို ဖျော့တော့နေတာ။ သူမရဲ့ အသားအရည်က မျက်နှာချေ လိမ်းလာသလားလို့တောင် မပြောနိုင်ဘူး။ သူမရဲ့တည်ငြိမ်နေတဲ့ မျက်ဝန်းတွေ၊ပြီးတော့သူမရဲ့ ပွင့်ဖူးခါစပန်းလေးလို နီရဲရွှန်းဆိုနေတဲ့ နှတ်ခမ်းသွေးရဲရဲက သူမရဲ့ပုံစံကို ထင်ယောင်ထင်မှားမြင်နေရသလားတောင် ထင်ရစေသည်။တစ်ချို့လူတွေက သူမဟာ ပျံသန်းနေတယ်လို့တောင် ထင်မိကြသည်။ အဘယ့်ကြောင့်ဆိုသော် လေကပိုးကြိုးလေးအား တိုက်ခတ်နေသောကြောင့် ကြည့်ရသည်မှာ သန့်ရှင်းလှသည့် အတောင်ပံလေးနှင့်ပင် တူနေသောကြောင့်ပင်။

မည်သူမှ အသက်ပြင်းပြင်း မရှုရဲကြပေ အဘယ့်ကြောင့်ဆိုသော် သူတို့ အဲ့ဒီလိုလုပ်လိုက်မိရင် သူမကို လွင့်ထွက်သွားစေမယ်လို့ ထင်နေမိကြသည်။ အရပ်ဘက်နှင့်စစ်ဘက်အရာရှိများက ဤကဲ့သို့သော အမျိုးသမီးမျိုး တည်ရှိခြင်းကို အံ့အားသင့်ခဲ့ကြရပြီး ကိုယ်လုပ်တော်များကတော့ အံ့အားသင့်ခဲ့မိကြသည်။ မင်္ဂလာပွဲတောက်လျှောက် ပဝါဖြင့် တစ်ချိန်လုံး မျက်နှာကို ဖုန်းအုပ်ထားခဲ့သည့် မိဖုရားငယ်က အခုချိန်တွင် မျက်နှာတစ်ခုလုံး ဖော်ပြလိုက်ပြီဖြစ်သောကြောင့် ဖြစ်၏။

(Completed) YehoWhere stories live. Discover now