Chapter(8)

10K 1.3K 9
                                    

Unicode

Part(8)

ကျွန်တော်အော်မိမတတ် ဖြစ်သွားတာကို ပြန်ထိန်းပြီး အောက်နှတ်ခမ်းကို ကိုက်ထားလိုက်မိတယ်။ ဒါပေမဲ့ကျွန်တော့ မျက်လုံးတွေ ပြူးကျယ်သွားတာကိုတော့ မထိန်းလိုက်နိုင်ဘူး....

ဘယ်လိုဖြစ်လို့အရှင်မင်းကြီးက ပန်းစည်းရိုးနန်းတော်ထဲ ရောက်နေရတာလဲ? ပြီးတော့ငါ့အခန်းထဲမှာ? ပြီးတော့လည်း ဘာဖြစ်လို့ငါက အရှင်မင်းကြီးရဲ့ပေါင်ကို ခေါင်းအုံးလုပ်ထားမိရတာလဲ?

အရှင်မင်းကြီးက နံရံကိုသက်တောင့်သက်သာ မရှိစွာနဲ့မှီပြီးအိပ်ပျော်နေတာကို ကျွန်တော်ကြည့်ပြီး ထိတ်လန့်နေမိတယ်

....မဖြစ်နိုင်တာ.....မနေ့ကငါအမကိုအိမ်မက်မက်မိတာလေ.....အရှင်မင်းကြီးကိုတော့အိပ်ရင်းစကားမပြောမလိုက်ပါဘူးနော်... ဟုတ်တယ်မှတ်လား....?

ကျွန်တော်စိတ်ရှုပ်ထွေးနေစဉ်မှာပဲအရှင်မင်းကြီးနိုးလာခဲ့တယ်။

"ရဲဟို?"

ကျွန်တော်အရှင်မင်းကြီးရဲ့ အိပ်ချင်မူးတူးအသံကို ကြားလိုက်မှပဲ စိတ်ကို တည်ငြိမ်အောင်လုပ်လိုက်ရတယ်။ ကျွန်တော့ခြေထောက်တွေက တုန်ယင်နေပေမဲ့ မတ်တပ်ထရပ်လိုက်ပြီး ချက်ချင်းပဲ ဒူးထောက်ချလိုက်တယ်

"....ကျွန်တော်...ရိုင်းပြစွာနဲ့......."

"အာ...ရပါတယ်ရပ်တော့"

ကျွန်တော်ကကိုယ့်အပြစ်ကို ဝန်ခံတော့မယ့်အချိန်မှာ သူက ကျွန်တော့စကားတွေကို ဖြတ်ပစ်လိုက်ပြီး လက်ကိုဝှေ့ယမ်းပြလိုက်တယ်။ သူကအိပ်ယာပေါ်က ဆင်းလာပြီး ကျွန်တော့ လက်မောင်းတွေကို ဆုပ်ကိုင်ကာ ထစေလိုက်တယ်။

"မင်းကအခုမှနေကောင်းလာတာလေ...အိပ်ယာပေါ်ပြန်တော့"

"အရှင်......"

"ငါပြောနေတယ်လေ အဆင်ပြေပါတယ်ဆို...သွား....လှဲနေတော့"

ကျွန်တော်ကပိုပြီးပြောဖို့ ကြိုးစားလိုက်ပေမယ့် အရှင်မင်းကြီးက ကျွန်တော့ စကားလုံးတွေကို တင်းတင်းကြပ်ကြပ် ပိတ်ဆို့လိုက်ပြီး ကျွန်တော့ကိုပြန်လှဲစေတယ်။

(Completed) YehoWhere stories live. Discover now