Chapter(13)

8.4K 1.2K 14
                                    

Unicode

Part(13)

ကျွန်တော်ဆိုအာ ထားပေးခဲ့တဲ့ ညအိပ်ဝတ်ရုံကို ကောက်ဝတ်လိုက်ပြီး ဖြည်းငြင်းစွာပဲ ထလိုက်တယ်...ကျွန်တော့ရဲ့ မျက်လုံးပေါ် ဖုံးနေတဲ့ ရှုပ်ပွနေတဲ့ ဆံပင်တွေကို ကိုင်ပြီးတော့နောက်ကို ပို့လိုက်တယ်.....ကျွန်တော်နောက် လှည့်ကြည့်လိုက်တော့ သူက ဒီအတိုင်းဘာမှ မဝတ်ထားတဲ့ ရင်ဘက်ကိုဖော်ထားပြီး အိပ်ပျော်နေလေရဲ့....ကျွန်တော်သူ့ခါးပေါ်ထိ ဖုံးနေတဲ့စောင်ကို ယူလိုက်ပြီး ရင်ဘက်ထိဆွဲခြုံပေးလိုက် ပြီးတော့မှ အိပ်ယာပေါ်ကနေ ဆင်းလိုက်တော့တယ်။ပွင့်နေတဲ့ ပြတင်းပေါက်က တစ်ဆင့်ရွာနေတဲ့ မိုးကို တွေ့နေရတယ်....ကျွန်တော် နက်မှောင်နေတဲ့ကောင်းကင်ကို ကြည့်ပြီး မျက်မှောင်ကြုံ့သွားမိပြန်တယ်.....သူက သူ့ရဲ့တစ်နေ့တာလုံးကို အိပ်ယာပေါ်မှာပဲအချိန်ကုန်ဆုံးစေတဲ့အတွက် နောက်ထပ် မကောင်းတဲ့သတင်းတွေ ထက်ထွက်လာဦးမှာပဲ......သူတို့ကသေချာပေါက် သူ့ရှေ့မှာတော့ ပြောရဲမှာမဟုတ်ဘူး။ ဒါပေမဲ့သူတို့တွေကသူ့နောက်မှာတော့ အမြဲတမ်းပြောကြတယ်လေ။ကျွန်တော် တစ်ခါတစ်လေ လူတွေပြောတာကြားရတယ် အရှင်မင်းကြီးက မိဖုရားငယ်ဆီမှာ မြန်မြန်ပဲကျဆုံးသွားတယ်တဲ့....ပြီးတော့သူက သူမရဲ့ခြေထောက်တွေ ကြားထဲကတောင် မထွက်လာနိုင်တော့ဘူးတဲ့....ဆိုအာက ဘယ်တော့မှ အဲ့ဒီလိုစကားမျိုး လာမပြောဘူးဘူး ဒါပေမဲ့သူမက အိမ်စေတွေ ပြတင်းပေါက်အပြင်မှာ ပြောနေကြတာတွေကိုတော့ မတားဆီးနိုင်ဘူးလေ....

ကျွန်တော်ပြတင်းပေါက်ရှေ့မှာ ရပ်တန့်နေမိတယ်.....မိုးရေစက်တွေကျဆင်းနေတာကို ပိုပြီး ရှင်းရှင်းလင်းလင်းကြားနေရတယ်....မိုးရွာတဲ့ည....အဲ့ဒါရဲ့အသံက အရာအားလုံးရဲ့ အသက်ရှုသံတွေ ရပ်တန့်နေသလိုပဲ....ကြည့်ရတာအစေခံတွေ အကုန်လုံး သူတို့ရဲ့ အခန်းရှိတဲ့နေရာကို အမြန်ပြန်သွားကြဖို့ လုပ်ဆောင်နေကြပြီထင်ပါတယ်လေ....ကျွန်တော် မိုးသံတစ်ခုပဲ ကြားနေရတော့တယ်....ကျွန်တော်ဒီလိုမျိုး လက်ကိုထုတ်ပြီး မိုးကိုကြည့်တာတော်တော်တောင် ကြာသွားခဲ့ပြီပဲ.... ကျွန်တော့လက်ပေါ် ကျလာတဲ့ မိုးရေစက်တွေကြောင့် လန်းဆန်းမှုကို ခံစားရတယ်.....ပျိုးကျဲအခန်းအနားတုန်းက အကြောင်းကို ပြန်စဉ်းစားမိတော့ ကျွန်တော်ရယ်မောမိပြန်တယ်။ကျွန်တော်အဲ့ဒီလိုမျိုး မိုးထဲမှာတစ်ကိုယ်လုံး စိုသွားတာ ပထမဆုံးပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ကအမြဲတမ်း အခန်းထဲမှာပဲ မိုးကို ကြည့်နေခဲ့ရတာလေ.....အဲ့ဒါကခဲလောက်အောင်ကို အေးတယ် ဒါပေမဲ့ကျွန်တော် အဲ့ဒီခံစားချက်ကို တကယ်သဘောကျတယ်.....

(Completed) YehoWhere stories live. Discover now