Chapter -6,မဆံုခ်င္တဲ့ေရစက္ (မဆုံချင်တဲ့ရေစက်)
Start from the beginning
အရှေ့က အစာစားရင်း ပလုပ်ပလောင်းနဲ့ပြောနေတဲ့ ကလေးငယ်..၊ ရှောင်းကျန့် ရင်ထဲနွေးထွေးသွားတာကို မလိမ်ချင်ပါ..၊
အရင်ဘဝကတည်းက ဒီလိုနွေးထွေးမှုမျိုးနဲ့ မရင်းနှီးတဲ့ရှောင်းကျန့်အတွက် ကလေးငယ်စကားက မျက်ရည်တောင်ဝဲစေလိုက်တယ်။
ပါးစပ်မှာ ပေနေတဲ့ ဆီစ တွေကို သုတ်ပေးရင်..
" ဟုတ်ပါပြီဗျာ ge ge ရဲ့ ရိပေါ်လေးကို ge ge ကစောင့်နေပါ့မယ်ဗျာ..''
" ဝမ်လေး...ဝမ်လေးလို့ခေါ် ''
ရှောင်းကျန့် မျက်ဝန်းတွေလက်ခနဲ့.. ၊ အရင်က ခေါ်ချင်ခဲ့ပေမယ့် ကလေးငယ် စိတ်ထဲ အလိုမကျမှာဆိုးလို့ မခေါ်ခဲ့..။
" အ့တာ ge ge ကိုပဲ ခေါ်ခွင့်ပေးတာနော်..ge ge ဂုဏ်ယူသင့်တယ်..''
စကားတတ်တဲ့ ကလေးငယ်ကြောင့် ရှောင်းကျန့် အသဲယားစွာ ကိုယ်ကို ကိုင်းပြီး ကလေးငယ် ဆံပင်ကို ခပ်ဖွဖွ ဖွလိုက်မိတယ်..။
"Haazz ဟုတ်ပါပြီ..ge ge ရဲ့ ဝမ်လေးက စကားတတ်လိုက်တာ..''
ပေါ့ပေါ့ပါးပါး ရယ်နေတဲ့ ge ge ကြောင့် ရိပေါ် ခုမှ စိတ်အေးရတယ်..။
ရိပေါ်က ge ge ပြုံးနေတာပဲ မြင်ချင်တာ..။
🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟
Hot pot စားပြီး ရှောင်းကျန့်တို့ အိမ်ကိုပဲ ပြန်ခဲ့တယ်..
မနက်ဖြန် အဆောင်ပြောင်းဖို့ ထုတ်ပိုးရဦးမယ်..။
ည 9 နာရီကျော်ပဲရှိသေးပေမယ့် ဝမ်လေးကတော့ အိပ်နေပြီ..။ ဒီကလေးအိပ်နေတုန်း အထုတ်တွေပြင်ထားရတာ..
အထုတ်ပြင်ပြီး weibo ဖွင့်ကြည့်တော့ ယွဲ့ပင်းယောင်က မိမိကို follow လုပ်ထားတာတွေ့တယ်..
ဘာတွေ ဇာတ်လမ်းဆင်ဖို့တွေးနေပြီလဲ...
တစ်ချက်​​ကြည့်ပြီး ဖုန်းကိုပြန်ပိတ်ကာ ကလေးငယ်ဘေးမှာ ဝင်လှဲလိုက်တယ်..။အိပ်မောကျနေတဲ့ ဝမ်းလေးမျက်နှာကို ခပ်ဖွဖွထိရင်း..
မနက်ဖြန်ဆိုရင် ဒီအိမ်က ထွက်သွားရတော့မယ်..
ကလေးငယ်နဲ့ နည်းနည်းလေးတောင် မဝေးချင်ပေမယ်..ရှောင်းကျန့်ရဲ့ ခံစားချက်တွေကို ထိန်းချုပ်ဖို့က ဒီတစ်နည်းပဲရှိတော့လို့...။