"ကော. . . အဝတ်အိတ်ထဲက တဘက်လေး"

ရေချိုးခန်းထဲကနေ ကိုယ်တပိုင်းပြူလာပြီး စပ်ဖြဲဖြဲနဲ့ပြောတော့ သူလဲ မျက်နှာပူပူနဲ့ပဲ တဘက်ယူပေးလိုက်ရသည်။ ခဏနေတော့ ရိပေါ်က တဘက်ကို ခါးပတ်ပြီး ဆံပင် ရေစက်လက်နဲ့ ရေချိုးခန်းထဲကထွက်လာသည်။ ရိပေါ်ခန္ဓာကိုယ်ကို ခပ်ပိန်ပိန်လို့ပဲ ထင်ခဲ့ပေမယ့် အခုလိုကျတော့လည်း ပိန်တာမဟုတ်ပဲ ကြွက်သားတွေနဲ့ ကျစ်ကျစ်လစ်လစ်ရှိပြီး ကြည့်ကောင်းတာကို သိလိုက်ရသည်။

"တိုက်စရာလဲ ဘာမှမရှိဘူး ကျန့်ကော ဆေးလိပ်သောက်မလား"

ရိပေါ်က ဘောင်းဘီပဲ ဝတ်ထားပြီး အပေါ်တပိုင်း ဗလာနဲ့ သူ့ဘာသာလည်း ဆေးလိပ်တလိပ်ခဲရင်း ရှောင်းကျန့်ကို ဆေးလိပ်ဘူးကမ်းပေးသည်။

"ငါ. .မသောက်တတ်ဘူး။ ဒါပေမယ့် မင်းသောက်ပါ ရတယ်"

ရိပေါ်က အားနာသွားသလို သူ့ပါးစပ်က ဆေးလိပ်ကိုပါ ပြန်ဖြုတ်မလိုလုပ်လို့ ရှောင်းကျန့်က ပြာပြာသလဲရှင်းပြလိုက်ရသည်။ ကောင်လေးကလဲ နှစ်ခါပြောစရာတောင်မလိုလိုက် ဆေးလိပ်က နှုတ်ခမ်းပေါ်ပြန်ရောက်ပြီး မီးညှိနေပြီ။

"မင်း ရန်ဖြစ်လာတာလား"

အင်္ကျီမဝတ်ရသေးသည့် ရိပေါ်ကိုယ်အပေါ်ပိုင်း ကျောနဲ့ လက်မောင်းရဲ့ ဖြူဖွေးတဲ့အသားအရေပေါ်မှာ  ခြစ်မိရှမိထားတဲ့အရာတွေနဲ့ အညိုအမည်းကွက် ဒဏ်ရာတချိုကြောင့် ရှောင်းကျန့်စိတ်ပူသွားသည်။

"ဟင်.မဖြစ်ပါဘူး"

ရိပေါ်က အူကြောင်ကြောင်နဲ့ဖြေပြီးမှ သူ့ဒဏ်ရာတွေကို ရှောင်းကျန့်မြင်သွားမှန်းသိတော့ တီရှပ်တစ်ထည်ကောက်ဝတ်လိုက်သည်။

"ငါ့မှာ ပရုတ်ဆီတော့ပါတယ်"

ရှောင်းကျန့်ကျောပိုးအိတ်ထဲပ ပရုတ်ဆီဘူး ထုတ်လာတော့ ရိပေါ်က ငြင်းမနေပဲ အင်္ကျီကျေ၊ာဘက်ကိုလှန်ပေးသည်။ ပရုတ်ဆီနည်းနည်းယူပြီး သူ့ကျောပေါ်က ဒဏ်ရာကိုပွတ်ပေးရင်း ရိပေါ်အသားကိုထိနေရတော့ ရှောင်းကျန့် လက်ဖျားတွေက အေးစက်ချင်လာသည်။

"ပြိုင်ပွဲအတွက် ဆိုင်ကယ်ပြင်ဖို့ ပိုက်ဆံလိုတာနဲ့ ဆောက်လုပ်ရေးမှာ ဝင်လုပ်နေရင်း နည်းနည်းထိမိတာ။ ပိုက်ဆံလိုတာနဲ့ ညဆိုင်းပါဆင်းနေတာ။ အဲ့ကပြန်လာရင် လူက လှုပ်တောင်မလှုပ်ချင်ဘူး အသေလိုအိပ်တာပဲ။ အဲ့ဒါကြောင့် ကျောင်းမလာတာ"

MARSWhere stories live. Discover now