Chapter 125 Complaining of favouritism(Z & U)

Start from the beginning
                                    

Unicode
C-125 Complaining of favoritism.
အခန်း ၁၂၅ မျက်နှာသာပေးသူ၏ တိုင်တန်းခြင်း
သူ့ကို ရိုက်ချဖို့ တကယ်ကြီး ပြင်ဆင်ထားတဲက Li Jun ကို You XiaoMo မယုံနိ်ုင်စွာ ကြည့်လိုက်သည်။ ဒီနေ့တော့ မလွတ်မြောက်နိုင်တော့မှကို သူရင်ထဲကနေ ထိတ်လန့်လာသည်။ မမျှော်လင့်စွာနှင့် သူ့နားထဲကို ဒေါသတွေနဲ့ ပြည့်နှက်နေသော အသံအက်ရှရှ တစ်သံ ၀င်လာသည်။ လှည့်ကြည့်လိုက်တော့ စာကြည့်တိုက်စောင့် အဖိုးကြီးကို သူမြင်လိုက်သည်။
အဖိုးကြီးပုံက စိတ်ဆိုးနေပုံဖြစ်နေသည်။ အနားလျှောက်လာပြီး သူ့အကြည့်တွေက အခုလေးတင် You XiaoMo ကို သင်ခန်းစာပေးမည်ဟုပြောနေသော Li Jun အပေါ်ရောက်သွားသည်။ သူ့မျက်နှာက အရမ်းကို တည်ကြည်နေကာ သူ့ရဲ့ လေးနက်တဲ့ပုံစံ မှာ ဒေါသများပြည့်နေကာ အခြားသူများကို စိုးရိမ်ထိတ်လန့်စေသည်။ သူ အေးစက်စက်နှင့် ' ဒီအဖိုးကြီးကို အကြောင်းပြချက်ကောင်းကောင်း တစ်ခု မပေးနိုင်ရင် စာကြည့်တိုက်ကို တစ်နှစ် ခြေလှမ်းတစ်ဝက်တောင် ချဖို့ စိတ်မကူးနဲ့´
ဒီစကားတွေကြားသည်နှင့် You XiaoMo တစ်ယောက်ပဲ စိုးရိမ်သွားတာမဟုတ်ပဲ Li Jun သည်လည်း စိုးရိမ်သွားသည်။
Li Jun ကတိုက်ကရိုက် ရှင်းပြလိုက်သည် 'အကြီးအကဲ Sun. ဒါ ကျွန်တော့် အပြစ်မှ မဟုတ်ပဲ။ You XiaoMo အပြစ်ပါ။ သူကျွန်တော့ကို စော်ကားတယ်လေ။ ဒါကြောင့် ကျွန်တော်က သူ့ကို သင်ခန်းစာပေးချင်တာပါ´
ပြီးတာနှင့် You XiaoMo သူ့ကို စော်ကားတဲ့ စကားကိုပြန်ရွတ်ပြသည်။ ဒါပေ့ါ သူက ရွေးချယ်ပြီးတော့ ပြောတာပေ့ါ။ အဲဒိအရှေ့က ဖြစ်ထားတာကို စကားတစ်ခွန်းတောင် မဟဘူး။ အတိုချုံးကတော့ သူ You XiaoMoကို အပြစ်တွေ တတ်နိုင်သမျှ တွန်းပို့ကာ သူ့အပေါ် မောင်းတင်ထားလိုက်သည်။ အဆုံးမှာတော့ ဒီပြဇာတ်ကို ဘေးက ကြည့်နေတဲ့ Jiang Liu ကို တောင် ဆွဲခေါ်လိုက်သေးသည်။
'အကြီးအကဲ Sun, ကျွန်တော် ပြောသမျှ စကားလုံးတိုင်းက အမှန်တွေပါ ညီလေးJiang ကို လဲ မေးကြည့်လို့ရပါတယ်။ သူလဲ အဲဒိတုန်းက ဒီမှာ ရှိတယ်´
You XiaoMo မျက်လုံးတွေ ပြူးကျယ်ကာ သွားသည်။ ဒီလူက တကယ့်ကို အရှက်မရှိတာပဲ။ အဖြူနဲ့ အမည်းကို လဲပြီးတော့တာတောင် သူက အရှက်တရားကို မခံစားရသေးဘူး။
Jiang Liu က တမင်သက်သက်ကို You XiaoMo ကို ကြည့်လိုက်သည်။ ပြီးတော့ ဒုက္ခရောက်နေသော မျက်နှာနှင့် စကားမပြောခင် တွန့်ဆုတ်နေပြီးမှ 'ဒီအကိုကြီးပြောတာ မှန်ပါတယ်။ ဒါပေမယ့် အကိုကြီးYou က ရည်ရွယ်ချက်နဲ့ ပြောတာတော့ မဟုတ်ပါဘူး အကြီးအကဲ Sun အကိုကြီး You ကို အပြစ်မတင်ပါနဲ့။ သူက အဲ့လို မရည်ရွယ်တာ ကျွန်တော် ယုံကြည်ပါတယ်။´
သူ့စကားကြားတာနှင့် You XiaoMo မျက်မှောင်မကြုပ်ပဲ မနေနိုင်ချေ။ ဒီစကားတွေက သက်ညှာမှုတောင်းခံနေသည်နှင့် တူသသည်။ ဒါပေမယ့် သူမှ မမှားတာ ဘာလို့ သက်ညှာမှု တောင်းရမှာလဲ? ဒီပုံစံက မငြင်းနို်င်အောင် သက်သေခံနေတာနှင့် တူသည်။
အကယ်လို့သာ အကြီးအကဲSun က သူ့တို့ အရှေ့မှာသာ မတ်တတ်ရပ်နေတာ မဟုတ်ခဲ့ရင် စကားနှစ်ခွန်းလုံးကြားပြီးနောက်မှာ အချို့သော လူတွေက You XiaoMo အပေါ်မှာပဲ အပြစ်တင်ကြဖို့ များသည်။
Li Jun က အခြားတစ်ဖက်က တစ်ယောက်ရဲ့ ကံမကောင်းမှုကို ၀မ်းသာအားရဖြစ်နေကာ You XiaoMo ပြစ်ဒဏ်ချခံရမှာကို စောင့်မျှော်လျက်ရှိသည်။ မျက်နှာထားတည်တည်တန့်တန့်နှင့် အကြီးအကဲSun က သူ့အတွေးတွေကို အနည်ငယ်တောင် ထုတ်ဖော်မပြပဲနှင့် ရုတ်တရက် You XiaoMo ကို စကားစပြောလိုက်သည် 'တကယ်ဘာတွေဖြစ်ခဲ့တယ်ဆိုတာပြောပြ´
ထိုစကားကို ကြားတာနှင့် လူတိုင်းက ကြက်သေသေသွားကြသည်။
စာကြည့်တိုက်ကို မကြာမဏလာသူတိုင်းက အကြီးအကဲSun က TianXinဂိုဏ်းမှာ အတည်ကြည်ဆုံးလူဟု သတ်မှတ်နိုင်သည်ကို သိကြသည်။ သူက ဘယ်တော့မှ ဘက်မလိုက် ဂိုဏ်းချုပ်၏ တပည့်ဖြစ်နေရင်တောင် ဂရုမစိုက်။ သူ့အတွေးတွေကို စာအုပ်ကြီးအတိုင်းပဲ ဖော်ပြတတ်သည် အဘယ့်ကြောင့် ဆိုသော် သူက အရမ်းအရေးကြီးသော စည်းမျဉ်းများကို ဖန်တီးထားသည်။
ထို့ကြောင့် Li Jun ၏ မျက်နှာက သူအထဲ ၀င်တာလာမြင်တာနှင့် ပြောင်းလဲသွားတာဖြစ်သည် အဘယ့်ကြောင့်ဆိုသော် သူက စာကြည့်တိုက်စည်းမျဉ်းတွေကို ချိုးဖောက်ပြီးပြီလေ။
ဒါကလဲ သူပထမဦးဆုံး စွပ်စွဲချက် တင်ရ တဲ့ အကြောင်းအရင်းလဲ ဖြစ်သည် ဘာ့ကြောင့်လဲဆိုတော့ သူYou XiaoMo ကို အပြစ်တွေ လွှဲချနိုင်သမျှ အပြစ်ပေးခံရမှာကို စိုးရိမ်နေစရာ မလိုဘူးလေ ။
သို့သော် အကြီးအကဲSun က တကယ်ကြီး You XiaoMo ကို ဘာဖြစ်တယ်ဆိုတာကို မေးမယ်လို့ မထင်ထားတာပဲ ဖြစ်သည်။ သူပြောထားသမျှကို You XiaoMo က ချပြလိုက်မှာကို တွေးမိကာ Li Jund ချက်ချင်းကို အထိတ်တလန့်ဖြစ်လာတေ့ာသည်။
You XiaoMo ကလည်း သူ့ကို အကြီးအကဲ Sun က တကယ်ကြီးမေးလိမ့်မယ် မထင်ခဲ့ပေ။ သူပျော်ရွှင်စွာနဲ့ 'အကြီးအကဲ ဖြစ်တာကတော့……………. ´
သူကလဲ အပျိုစင်Mary လိုနှလုံးသာ မရှိဘူး (အပြစ်တွေကို ခွင့်လွှတ်ပေးတတ်တဲ့ နှလုံးသား မရှိဘူး)။ Li Jun ကတောင် သူ့ကို ကြံစည်ရဲသေးတာပဲ သူ့ကို အမှန်တွေပြောလို့ဆိုပြီး အပြစ်မတင်နဲ့။ ဒါ့အပြင် ဒါက သူ့ကို ရန်လိုနေတာဆိုတော့ သူက လွယ်လွယ်ကူကူ လွတ်ပေးလို့ ဖြစ်မလား။ စကားအနည်းငယ်နှင့် သူ့ဖြစ်ကြောင်းကုန်စင်ကို သေချာ ရှင်းပြလိုက်သည်။
Li Jun ရဲ့ မျက်နှာက အသေကောင်လို ဖြူဖျော့လာသည်…..
မှန်းထားသလိုပဲ You XiaoMoရဲ့ စကားတွေ နားထောင်ပြီးတာနှင့် အကြီးအကဲSun ရဲ့ထိုးထွင်းသိမြင်နိုင်တဲ့ မျက်လုံးတွေက Li Jun ကို ခြိမ်းခြောက်လာသည်။ သူအေးစက်စက် အမူအယာနှင့် 'ကျုပ် အစောထဲက ပြောထားတယ်နော်။ စာကြည့်တိုက်ထဲမှာ တစ်ခါကို စာအုပ်တစ်အုပ်ပဲ ယူလို့ရတယ်။ အကြီးတစ်ယောက် အနေနဲ့ မင်းက စံပြအဖြစ်မနေတဲ့အပြင် မင်းရဲ့ ညီလေးကို ခက်ခဲအောင်လဲ လုပ်သေးတယ် ပြီးတော့ စာကြည့်တိုက်စည်းကမ်းတွေလဲ လစ်လျူပြုတယ်ပေါ့။ စာကြည့်တိုက်က စာအုပ်တွေက မင်းစာအုပ်ဘယ်တုန်းက ဖြစ်သွားတာလဲဆိုတာလဲ ကျုပ်ကသိချင်သေးတယ်´
ပြောပြီးတော့ သူ့အကျီ င်္စဘက်ကို အားနဲ့ခါလိုက်ကာ သူ့မျက်နှာပေါ်မှာလဲ ဒေါသတွေက ကြောက်ဖို့ကောင်းလှအော င်ပေါ်လွင်လှသည်။
Li Jun သူ့ဒူးတွေ အားနည်းကာ သူ့မျက်နှာ ဖြူဖျော့လာတာကို ခံစားနိုင်သည်။ သူ တုန်ရီနေသော နှုတ်ခမ်းများနှင့် 'တပည့်…. သူမှားတာ သိပါပြီ။ ကျေးဇူးပြုပြီး အကြီးအကဲကပဲ ပြစ်ဒဏ် သတ်မှတ်ပေးပါ´
အကြီးအကဲ Sun အေးစက်စက် ဟွန့်ခနဲ လုပ်ပြီး 'Li Jun စာကြည့်တိုက်စည်းမျဉ်းတွေ လျစ်လျူရှုပြီးတော့ စာကြည့်တိုက်ထဲက မှာ အနှောင့်အယှက်ပေးတယ်။ ပြစ်ဒဏ်အနေနဲ့ မင်း စာကြည့်တိုက်ထဲ တစ်နှစ်ဝင်ခွင့်မရှိဘူး။ အကယ်လို့ မင်းကန့်ကွက်စရာ ရှိရင် မင်းဆရာကို ငါဆီမှာ လာဆွေးနွေးဖို့ ပြောနိုင်တယ်´
ဒါကို Li Jun အနေနဲ့ သူ့ဆရာကို ဘယ်လိုတောင် ပြောပြရမလဲ မသိ။ သူ့ အားလျော့စွာနဲ့ ' တပည့်…. ကန့်ကွက်ဖို့ မရှိပါဘူး´
TianXinဂိုဏ်းရဲ့ စာကြည့်တိုက်က အလွန်ပြည့်စုံကာ အမျိုးအစားအစုံက စာအုပ်တွေအကုန်ရှိတယ်လို့တောင် ထင်ရစေသည်။ လိုအပ်တဲ့ အချက်အလက်တွေရှာတာ အနားယူတဲ့အနေနဲ့ စာအုပ်တွေ ဖတ်တာ ဒါတွေအားလုံးက ကျင့်စဉ်ကျင့်ဖို့အတွက် ကောင်းကျိုးဖြစ်ထွန်းစေသော အရာများဖြစ်သည်။ ဒီတော့ စာကြည့်တိုက်ထဲ တစ်နှစ် ၀င်ခွင့် မရှိဘူးဆိုတာက လူအများအတွက်တော့ နှိပ်စက်တာထက်တောင် ပိုပြီး ဆိုးရွားသေးသည်။
Li Jun ကို အပြစ်ပေးပြီးတာနှင့် အကြီးအကဲ Sun က You XiaoMo ကို ကြည့်လိုက်သည်။   လူသတ်ချင်နေသည့် အရိပ်ယောင်နောက်မှာ သူ့မျက်နှာက အေးချမ်းသွားသည်။ သူ့မျက်နှာမှာ အပြုံးလေးတစ်ခုဖြတ်သန်းသွားကာ ကွဲပြားခြားနားခြင်းမရှိတဲ့ လေသံနှင့် 'မင်းက စာကြည့်တိုက်ထဲမှာ ဆူညံဆူညံလုပ်တယ်ဆိုတော့ ပြစ်ဒဏ်အနေနဲ့ မင်း စာကြည့်တိုက်ထဲ သုံးရက်တိတိ ၀င်ခွင့်မရှိဘူး´
You XiaoMo ကြောင်သွားသည်။ ဒါက…. သက်ညှာလွန်းတာ။ ဒါက သူ့ကို မနာကျင်စေယုံသာမက ယားတောင် မယားစေဘူး။ သူ အမြန် သူ့အာရုံတွေကိုပြန်ဆွဲယူကာ လက်နှစ်ဖက်ကိုအရိုအသေပေးဟန် ပြုပြီး လေးစားသမှုနှင့် ' ဟုတ်ကဲ့ အကြီးအကဲ´
လူတိုင်း ကျောက်ရုပ်ဖြစ်သွားသည်။ အကယ်လို့ ဒါကို အကြီးအကဲSun က You XiaoMo ကို အနည်းငယ် သဘောကျတာလို့ သူတို့ မပြောနိုင်ရင် သူ့တို့နားတွေမကြားတော့ဟုသာ ပြောနိုင်လိမ့်မည်။ အကြီးအကဲSun လိုခက်ထန်တဲ့သူတောင် တကယ်ကြီး You XiaoMo ကို အနည်းငယ်သဘောကျသည်။ ဒါက အမှန်တကယ်ကြီးကို အံ့အားသင့်စရာကြီး ဖြစ်သည်။
You XiaoMo ကို TianXin ဂိုဏ်းရဲ့ အငယ်တန်းလူသိများသူအဖြစ် ထည့်သွင်းစဉ်းစားနိုင်နေပြီ ဖြစ်သည်။ စစ်သည်ပိုင်းကော မှော်ဆရာပိုင်းကရော ကလူတိုင်း သူ့နာမည်ကို သိပြီးသားလို့ ထင်ရသည်။ Li Jun က သူ့နာမည်ကို မပြောတာတောင် သူ့ကို လူတိုင်းက မှတ်မိသွားပြီ ဖြစ်သည်။
သူတို့ရင်ထဲမှာ ဘာမှ မဟုတ်တဲ့ ကောင်လေးက စာကြည့်တိုက် အကြီးအကဲSun တကယ်ကြီး သဘောကျတဲ့သူတဲ့လား။ ဒါ လုံးဝ မယုံနိုင်လောက်တဲ့ သတင်းပဲ။
နက်မှောင်နေတဲ့အရိပ်အယောင်တစ်ခုက Jiang Liuမျက်လုံးထဲ ဖြတ်ခနဲ ဖြစ်သွားသည်။ အကြီးအကဲSun ထွက်သွားတာကို စောင့်နေပြီးမှ You XiaoMo ကို တောင်းပန်သည့် အမူအယာနှင့် 'အကိုYou တောင်းပန်ပါတယ်။ အကိုLi က အဲလိုလူစားမှန်း မသိလို့ပါ။ အစောထဲက အစ်ကို့အပေါ်မှာ ဒီလိုမှန်း သိရင် အစ်ကို့ကို စွပ်စွဲတာကို သေချာပေါက် ကျွန်တော် ဘယ်လက်ခံမလဲ´
You XiaoMo ပြုံးဖို့ အားထုတ်ထားရမှန်းသိသာကာ 'ရပါတယ်။ မင်းမသိလို့ ဖြစ်တာလို့ပဲ မျှော်လင့် တာပါ´
'အကို You, ကျွန်တော့ကို အပြစ်မတင်ဘူးလား?´
'Jiang Liu စကားပြောနေတုန်းသူ့မျက်နှာကို သတိကြီးစွာ ထားပြီး ကြည့်နေသည်။
'ငါမင်းကို ဘယ်တုန်းကမှ အပြစ်မတင်ပါဘူး။ ဒီမှာ ဘာဖြစ်တယ်ဆိုတာ မင်းမသိတာ ငါသိတယ်။ ဒါ့ကြောင့် မင်းဒီစကားတွေ ပြောတာတော့။ အခုတော့ အမှန်အတိုင်းဖြစ်သွားတာ ကံကောင်းတာပေါ့´
You XiaoMo ခေါင်းခါလိုက်သည်။
'ဒါ ပေါ့´
Jiang Liu ချက်ချင်းကို စိတ်သက်ရာ ရသွားကာ သက်မချလိုက်သည်။ ပြီးတော့ အဲဒိ ပြဿနာ ရှာလှသည့် အဆင့်မြင့် မှော်ဝင်သားရဲများအကြောင်းရေးထားသော စာလိပ်ကို မျက်နှာချိုသွေးကာ ပေးလိုက်သည် ' အကိုYou ကျွန်တော် အကိုကြီးကို ပဲ အရင်ကြည့်ဖို့ ပေးလိုက်မယ်နော်။ ကျွန်တော်မှားသွားတဲ့ အတွက် တောင်းပန်တယ်လို့ပဲ ယူဆပြီး ယူလိုက်ပါ။ လက်ခံပေးပါ။ မဟုတ်ရင် ကျွန်တော့်ကို ခွင့်မလွှတ်ဘူးလို့ပဲ ယူဆလိုက်တော့မယ်´
'အ…….. ကောင်းပြီလေ ငြင်းနေရင်လဲ ကျွန်တော်ပဲ မယဉ်ကျေးရာကျသွားမှာ´
သူအလေးအနက် ပြောနေတာ မြင်တော့ You XiaoMo လက်ခံလိုက်ဖို့ကလွဲပြီး မလုပ်နိုင်တော့။
တကယ်တော့ သူက ထို စာလိပ်ကိုမှ ကြည့်ချင်နေတာတော့ မဟုတ်ပေ။ ဒီမှာ သူမဖတ်ရသေးတဲ့ အလယ်အလတ်အဆင့် မှော်ဝင်သားရဲအကြောင်းရေးထားသော စာလိပ်အနည်းငယ် ရှိသေးသည်။ အခြားအစ်ကိုတွေ သူတို့စာလိပ်တွေ ဖတ်လို့မပြီးသေးတာကို စောင့်ရင်းနဲ့ သူအဲဒါတွေကို အရင်ဖတ်ချင်သည်။ မမျှော်လင့်ပဲနှင့် Jiang Liu နှင့် တွေ့ကာ နောက်ဆက်တွဲ ရလာဒ်အနေနဲ့  ဒီကိစ္စတွေ လိုက်လာတာ ဖြစ်သည်။
Jiang Liu သူ့အတွက် တစ်ခုတောင် မရှာနိုင်တဲ့ နောက်စောစောပဲ ထွက်သွားတော့သည်။
You XiaoMo သူ့ကိုပေးတဲ့စာလိပ်ကို ယူလိုက်သည်။ သူက စိတ်ထဲမထားဘူး ပြောလိုက်ပေမယ့် ဒါကလဲ ပြဿနာမှ မဟုတ်တာ။
သူနဲ့ Jiang Liu က တစ်နေရာထဲက လာခဲ့ကြပေမယ့် အရမ်းကြီးတော့ မရင်းနှီးခဲ့ ။ ထို့အပြင် Li Jun မှားတယ်ဆိုတဲ့ အချက်ကို မဖော်ပြလို့လဲ မဟုတ်ဘူး။ သူ့ကို မကူညီယုံမကပဲ သူ့ကို စွပ်စွဲဖို့တောင် အဖွဲ့ ဖွဲ့ပြီး သူ့ဆီက တောင်းပန်ဖို့ကိုတောင် တောင်းခံလိုက်သေးသည်။
ဒီစကားလုံးတွေက သက်ညှာပေးဖို့ တောင်းဆိုတယ်လို့ ထင်ရသည်။ အခု သေချာပြန်စဉ်းစားကြည့်လျှင် ဒါက မမှန်မှန်း သူခံစားမိနေပြီဖြစ်သည်။ သူ့ကို မီးတွင်းထဲ တွန်းချနေတာ ထင်ရှားနေတာပဲဟာ။ တကယ်တော့ ထိုအချိန်က သူ့ရင်ထဲမှာ အစိုင်အခဲအကြီးကြီး ချက်ချင်းပေါ်ပေါက်လာခဲ့သည်။
တောင်းပန်ပြီးတာနှင့် သူလက်ခံလိုက်သော်လည်း အချို့အရာတွေက ထွက်ပေါ်လာပြီးတာနှင့် ဖယ်ရှားဖို့ ခက်ခဲသည်။ ထို့ကြောင့် You XiaoMo တိတ်တခိုး ဆုံးဖြတ်ချက် ချလိုက်သည်။ အကယ်လို့ သူသာ သူ့JL ကို ထပ်ပြီးတွေ့ခဲ့လျှင် သေချာပေါက်ကို သူနှင့် ခပ်ဝေးဝေးမှာ နေမှ ဖြစ်မည်။
Jiang Liu သူ့ရဲ့ဟန်ဆောင်မျက်နှာလုပ်လိုက်တဲ့ အပြုအမူက အကျိုးသက်ရောက်မှု အနည်းငယ်တောင် မရှိတာကို သူထွက်ခွာချိန်အထိ ဘာလို့မှန်း မသိခဲ့ပေ။
မြေကမ္ဘာတောင်ထွတ်ကို ပြန်ရောက်ပြီးနောက် You XiaoMo သူ သုံးရက်တောင် စာကြည့်တိုက် သွားလို့မရတာကြောင့် စိတ်ဓါတ်အနည်းငယ် ကျဆင်းနေသည်။
အကိုကြီးက သူ့ကို သုခဘုံနယ်မြေအကြောင်းပြောပြီးကတည်းက သူက စာကြည့်တိုက်တစ်ခုထဲ မှာ ရက်အနည်းငယ်လောက် ပုန်းချင်နေတာဖြစ်သည်။ (စာကြည့်တိုက်ထဲက မထွက်ချင်တာ) သူ အချို့အချက်တွေ သိဖို့ အရေးတကြီးကို လိုအပ်နေသည်လေ။
Li Jun ရဲ့ တစ်နှစ်ပြစ်ဒဏ်ကို စဉ်းစားမိတာနဲ့ သူစိတ်ဓါတ်မကျတော့ပဲ ပိုပြီးနေလို့ ကောင်းသွားသည်။
ထိုညမှာ You XiaoMo သူအမြန်မှတ်သားခဲ့တဲ့ အချက်အလက်တွေကို သေချာကျေညက်နားလည်သွားအောင် နှစ်နာရီကြာ အချိန်ပေးလိုက်ရသည်။ နောက်တစ်နေ့မိုးလင်းတော့ သူ့ကိုယ်လက်သန့်စင်ဖို့အတွက် ရေသွားယူတဲ့အချိန်မှာပဲ သူမနေ့က ဖြစ်ပျက်ခဲ့တဲ့ မတော်တဆမှုက ပျံနှံ့ပြီး ဖြစ်နေတာ သူသိလိုက်သည်။
လူအများကတော့ အကြီးအကဲSunဘယ်လောက်ဒေါသကြီးကာ ဒဏ်ပေးနေသလဲဆိုတာပြောဆိုနေကြသည်။ ပြီးတော့ သူဘယ်လို You XiaoMo ကို အပြစ်တွေလွှဲချတာ။ လူအများစုက ပွင့်ပွင့်လင်းလင်း မပြောရဲပေမယ့်လဲ သူတို့က သူတို့အချင်းချင်းကြားမှာတော့ တီးတိုးတော့ ပြောနေဆဲ ဖြစ်သည်။ အများစုက လဲ You XiaoMo ဘယ်လောက် ကံကောင်းသလဲဆိုတာလဲ ပြောနေကြတုန်းဖြစ်သည်။
You XiaoMo ကို ပေးတဲ့အပြစ်ဒဏ်က အလွန်နည်းပါးသော်လည်း သူပေးတဲ့ အပြစ်ဒဏ်က သမာသမတ်ကျသည်။ Li Jun ဟာလည်းပဲ စာကြည့်တိုက်က စည်းမျဉ်းအများအပြားကို တကယ်လဲ ချိုးဖောက်တာမို့ တစ်နှစ်ဆိုသော အပြစ်ဒဏ် ရသင့်သည်။
TianXinဂိုဏ်း၏ စပ်စုစိန်များက အရမ်းကို အံ့သြဖို့ကောင်းတာကိုတော့ သူမမျှော်လင့်ထားခဲ့ပါ။ သူ့နဲ့ပတ်သတ်ပြီး တစ်ခုခုဖြစ်တိုင်း အချိန်တိုအတွင်းမှာကို အနီးအနားကို ပျံ့နှံ့သွားတာကတော့ သူ့ကို အလွန့်အလွန်စိတ်ဓါတ်ကျစေသည်။
သို့သော် You XiaoMo ကတော့ Ling Xiao သာ ဒီအကြောင်းကို တစ်ခါပဲကြားမယ်ဆိုရင် သူ့ကို လာရှာလိမ့်မည်ဟု မျှော်လင့်ချက်လေးအနည်းငယ်တော့ ထားမိသည်။ သူ တစ်ရက်စောင့်ပြီးချိန်တွင် Ling Xiao၏ အရိပ်အယောင်တောင် မမြင်ရတာမို့ သူစိတ်မပျက်ဘူးလို့ပြောမိမယ်ဆိုရင် သူလိမ်ပြောနေတာပဲ ဖြစ်လိမ့်မယ်။
သို့သော် သူ့ကို Ling Xiao လာမရှာရသော အကြောင်းရင်းက Tang Fan က သူ့(LX)ကို မြေကမ္ဘာတောင်ထွတ်ကို အချိန်တိုင်း ပြေးသွားမနေနဲ့ဟု ဆိုကာ အမိန့်ထုတ်ထားခြင်းကိုမူ သူလုံးဝမသိချေ။ Lin Xiao အဖြစ်ဟန်ဆောင်နေခြင်းအရ Ling Xiao ကလဲ ဒီရက်တွေမှာ အဖိုးတန် တပည့်လေးအဖြစ် နာခံစွာ သရုပ်ဆောင်နေခြင်းဖြစ်သည်။
နှစ်ရက်ကြာပြီးသော် You XiaoMo အဆင့်နှစ်ဆေးလုံး အပုံလိုက်ကြီး ဖော်စပ်ပြီးနောက်မှာတော့ နောက်ဆုံးမှာ အဆင့်သုံးမှော်ဆရာအဖြစ် တက်လှမ်းနိုင်ရန်အတွက် အဆင့်သုံးဆေးလုံးကို စမ်းဖော်ကြည့်ဖို့ ဆုံးဖြတ်လိုက်တော့သည်။


အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now