Chapter 118 Hand it all over (Z & U)

Começar do início
                                    

UNICODE
C-118 Hand it all over.
အခန်း ၁၁၈ အားလုံးလွှဲ ပေးလိုက်
မကြည့်လျှင် မမြင်ဘူး တစ်ချက်ကြည့်လိုက်တာနှင့် ကြောက်ရွှံ့မှုကြောင့် တစ်ချက်ခုန်မိသည်။
၀ံပုလွေစွယ်အဖွဲ့ခေါင်းဆောင်သည် လူတိုင်းစိတ်ကူးထားသလို ရိုင်းဆိုင်းပြီး ခေါင်းမာသော လူတစ်ယောက်မဟုတ်ချေ။ သူက ငယ်ပုံရကာ သူ့ပုံစံက နှစ်ဆယ့်ခုနစ် နှစ်ဆယ့်ရှစ်နှစ်လောက်ဟု ထင်ရသည်။ သူ့မျက်နှာက အတော်ကြည့်ကောင်း ကာ ဓါးနှင့် ထုဆစ်ထားသလိုမျိုးဖြစ်သည်။ အနီရောင်ဖီးနစ်ငှက်မျက်လုံးများနှင့် တူသော သူ့မျက်လုံးအစုံက သူ့ကို မိန်းမပိုဆန်စေကာ သူ့တစ်ကိုယ်လုံးကို ခြုံကြည့်လျှင် လိမ္မာပါးနပ်ပုံရစေသည်။
သူတို့တွေ WuFengမြို့လေးကနေ ထွက်သွားမှာကို သိသည့်နောက်တွင် သူ့လက်အောက်ငယ်သားတွေ ပေးတဲ့ သတင်း ရရှိပြီး အမြန်လိုက်လာသည်မို့ မြို့တံခါးဝမှာတင် အချိန်မီရပ်တန့်နိုင်ခြင်းဖြစ်သည်။
ဒီလိမ္မာပါးနပ်တဲ့လူက You XiaoMo ကို တစ်ချက်အပေါ်ယံကြည့်ပြီး Ling Xiao ဆီမှာ အကြည့်တွေ တန့်လိုက်သည်။ သူမျက်မှောင်ကြုပ်သွားသည် ။ ဒီလူရဲ့ အဆင့်ကို သူမပြောနိုင် သည်က သူ့မျက်နှာကို ကျသွားစေသည်။ သူမမှန်းဆနိုင်တဲ့ ခွန်အားရှိသူတွေက သူနှင့် အဆင့်တူ သို့မဟုတ် ပိုမြင့်သော သူများဖြစ်သည်။ အဲ့လိုမှ မဟုတ်ရင် သူတို့ရဲ့ အရှိန်အ၀ါကို ဖုံးကွယ် မထားနိုင်။
သူ့ကိုယ်ပေါ်က တန်ဖိုးကြီးအ၀တ်အစားများကို ကြည့်ပြီးနောက်မှာတေ့ာ ဦးညွတ်ပြီး လေးစားသမှုပြုလိုက်သည်။ ဒီလူက အပြင်ပန်းကကြည့်လျှင်အရမ်းငယ်သေးသည်ဟု ထင်ရသည်။ အကယ်လို့သာ သူသည် ကြယ်အဆင့်နှင့် အထက်ဖြစ်မည်ဆိုလျှင် သူက ထူးထူးခြားခြားထူးချွန်ပြောင်မြောက်သူဖြစ်နိုင်သည်။ ဒါပေမယ့် အကယ်လို့ သူက ထူးချွန်သူဖြစ်လျှင် သူ့အကြောင်းကိုတော့ သူကြားမည်အမှန်ဖြစ်သည်။
ဒီလိုတွေးလိုက်တာနဲ့ ပါးနပ်ပုံရသူက အဆိုပါလူက ကြယ်အဆင့်ထက်တော့ မမြင့်နိုင်လောက်ဟု ကိုယ့်ကိုကိုယ်ပိုပြီး ယုံကြည်ချက်ရှိပုံရလာသည်။ သူ့မျက်လုံးထဲက ကြောက်ရွံ့မှုတွေ ချက်ချင်းပျောက်ကွယ်သွားကာ 'ကျုပ်Kung TianLing ရဲ့လက်အောက်ကလူကိုများသတ်ရဲတယ်တယ်လား။ ခင်ဗျားမှာ သတ္တိရှိပုံရတယ်။ အကယ်လို့သာ WuFengမြို့လေးကနေ ထွက်သွားခွင့် ပေးလိုက်မယ်ဆိုရှု ကျုပ်မျက်နှာကို ဘယ်လိုထပ်ပြရတော့မလဲ။´
'ဒီတော့ ခင်ဗျားဘာလုပ်ချင်တာလဲ´
You XiaoMo သက်တောင့်သက်သာမရှိပဲ စကားသံထွက်လာသည်။ နောက်တစ်ကြိမ် ဒီလိုအခြေအနေမျိုးနှင် ကြုံရမည်ဆိုရင် သူသေချာပေါက်ကို ဖြတ်သန်းခ ပေးလိုက်မည်ဖြစ်သည်။
'လက်နက်တွေ ရွှေပြားတွေ ကျင့်စဉ်တွေ မှော်ဆေးလုံးတွေ အကုန်ထုတ် ပြီး ကျုပ်တို့လက်ကို အားလုံးလွှဲပေးလိုက်။ ပြီးတော့ ခင်ဗျားတို့ လက်တစ်ဖက်နဲ့ ခြေတစ်ဖက် စီလဲ ထားခဲ့ရမယ်။ ဒါဆို ကျုပ်က မြင်းတစ်ကောင်ထားပေးဖို့ စဉ်းစားပေးမယ် (လွှတ်ပေးမယ်)´
ပါးနပ်ပုံရတဲ့လူရဲ့ မျက်နှာအမူအယာက အရမ်တည်ငြိမ် ပေမယ့် သူ့ ရဲ့ကတ္တရာစေးတွေလဲ နက်မှောင်နေတဲ့ မျက်လုံး တစ်စုံ ကတော့ စိတ်ထားမကောင်းမှု နှင့် အေးစက်နေသည်။
You XiaoMo က ပြောစရာ စကားများပင်မဲ့သွားသည်။ ဒီလူက အတော်ကို စာနာစိတ်မရှိ တာပဲ။ သူတို့ငွေတွေကို အကုန်လိုချင်တာကို ဘေးဖယ်ထားရင်တောင် သူက သူတို့ရဲ့ ခြေတစ်ဖက် လက်တစ်ချောင်းကို ထားခဲ့ခိုင်းဖို့တောင် တကယ်လုပ်ချင်တာပဲ။ ဒါက သူချက်စားလို့ ရတဲ့ အရာလဲ မဟုတ်ဘူး………။
Ling Xiao ကတော့ ထိုလူနှင့် မလိုအပ်ပဲ စကားပင် မများချင်အောင်ဖြစ်နေသည်။ သူအစောပိုင်းက အင်အားကြီးအဖွဲ့တွေကို ခြောက်လှန့်ဖို့ အရှိန်အ၀ါတွေ ထုတ်လိုက်သလိုမျိုးပဲ ထုတ်လိုက်သည်။ ချက်ချင်းကို ထိ်တ်လန့်ခြောက်ခြားဖွယ်ကောင်းတဲ့ တည်ငြိမ်ခန့်ညားတဲ့ အရှိန်အ၀ါက သူ့ကိုယ်ကနေထွက်လာကာ ထိုလူနှင့်တကွ သူ့လူများဆီကို တန်းဝင်သွားသည်။
အရှေ့ကနေ လာသည့်အတွက် ထိုလူကို ပထမဆုံး ထိခိုက်လေသည်။ သူ့ခံစားလိုက်ရတဲ့ ခွန်အားက အစိမ်းရောင်လွင်ပြင်က အင်အားကြီးအဖွဲ့တွေ ကြုံရသည်ထက်ကို အများကြီးပိုပြီးတော့ ထိတ်လန့်ဖွယ်ကောင်းသည်။ ထိုအရှိန်အ၀ါ၏ ဖိအားအောက်တွင် ခေါင်းဆောင်မှာ အသက်ရှုပင် ရပ်သွားသလို ခံစားလိုက်ရကာ သူ့ရဲ့ ခန္ဓာကိုယ်ထဲ စိတ်ဝိဥာဏ်အားတွေကို ထပ်မံပြီး ရွေ့အောင်လုပ် ၍မရတော့ချေ။ အဓိက ကတော့ သူ့ရဲ့ အတွင်းအားတွေက ၏တဖြည်းဖြည်းချင်းနဲ့ မလှုပ်မယှက်ဖြစ်လာသည်။
ဒါ ဒါက အာကာသအဆင့် အရှိန်အ၀ါ ဆိုတာ သေချာလှသည်။ တကယ့်ကို ထိတ်လန့်ဖို့ကောင်းတာပဲ။
လိမ္မာပါးနပ်တဲ့လူရဲ့ မျက်နှာက ချက်ချင်းဖြူဖျော့လာသည်။ သူက ကြယ်သုံးပွင့် ကြယ်အဆင့်သာဖြစ်သည်။ အာကာသအဆင့် ကို သွားပြီးတော့ ဆန့်ကျင်တယ်ဆိုတာ သေခြင်းတစ်ခုပဲ ရှိသည်။ သူ နောက်ဆုံးတော့ ဘာ့ကြောင့် ထိုလူနှစ်ယောက် WuFengမြို့လေးကနေ အမြန်ပြန်ထွက်သွားဖို့မရွေးတာလဲဆိုတာကို အခုတော့ နားလည်သွားပြီဖြစ်သည်။ သူတို့မှာ တစ်ချိန်လုံး ပါရှိနေကို ။ အကယ်လို့သာ သူ့မှာ ဒီလို အဆင့် ခွန်အားရှိရင် ဒီအချက်ကို မရှာပဲ နေမည်ဖြစ်သည်။
ဒီအချိန်မှာတော့ ပါးနပ်ပုံရတဲ့လူက နောင်တရနေပြီဖြစ်သည်။
'အခု ငါတို့ လက်နက်တွေ ကျင့်စဉ်တွေ ရွှေပြားတွေ မှော်ဆေးလုံးတွေ ခြေ နဲ့လက်တွေကို ထားခဲ့ဖို့ လိုသေးလား´
You XiaoMo တစ်ခစ်ခစ်ရယ်သံထွက်လာကာ  စကားဖြည်းဖြည်းမပြောခင် ချောင်းတစ်ချက်ဟန့်လိုက်သည်။
'မလို မလို မလိုတော့ပါဘူး ကျွန်တော် သေသင့်ပါတယ် သေဖို့ထိုက်တန်ကလဲ ကျွန်တော်ပါပဲ ကျွန်တော့် သခင်နှစ်ယောက် ကျွန်တော့ကို လွှတ်ပေးပါနော် ´
ပါးနပ်တဲ့လူက ခွန်အားကြီးပဲအာဏာရှိပုံရတဲ့ ပုံကနေ ဘာမှမရှိတော့ဟန် ဖြစ်သွားကာ ကြေအေးပေးဖို့တောင် ထိတ်လန့်စွာနဲ့ တုန်လှုပ်ရင်း တောင်းဆိုနေသည်။ သေခြင်း နှင့် ရှင်ခြင်းကြားမှာ ဂုဏ်သိက္ခာကို အဝေးကို ဖယ်ထုတ်လိုက်သည်။ သူ့နောက်က သူ့လက်အောက်ခံလူတွေက သူ့ထက်တောင်ပိုပြီးတော့ အသုံးမ၀င်ပုံပေါ်နေသည်။
'ခင်ဗျားကို လွှတ်ပေးလို့ မရဘူး မဟုတ်ပါဘူး ဒါပေမယ့်……´ You XiaoMo ပီတိပြုံးနှင့် သူ့ကို ကြည့်လိုက်သည်။
'ဒါပေမယ့်က ဘာလဲ။ သခင်တို့ပြောလိုက်တာနဲ့ သခင်တို့အတွက် အကုန်လုံးကို သေချာပေါက်လုပ်ပေးမှာပါ´
လိမ္မာပါးနပ်တဲ့လူက ကတိုက်ကရိုက်နဲ့ လေးလေးနက်နက် ကို ဆိုလာသည်။ သူ့အရည်ပြားကို ကယ်တင်ဖို့ကလွဲရင် ကျန်တာ ဘာမှကို သူဂရုမစိုက်တော့။ မဟုတ်လျှင် ဒီ WuFengမြို့သေးသေးလေးထဲမှာ သူပုန်းမနေနိုင်။
You XiaoMo စကားပြောနေတုန်း ပီတိပြုံးလေးနှင့် 'လက်နက်တွေ ရွှေပြားတွေ ကျင့်စဉ်တွေ မှော်ဆေးလုံးတွေ အကုန်ထုတ် ပြီး ကျုပ်တို့လက်ကို အားလုံးလွှဲပေးလိုက်။ ဒီလိုဆိုရင် ဒါဆို ကျုပ်က မြင်းတစ်ကောင်ထားပေးဖို့ (လွှတ်ပေးဖို့) ကို အကောင်းဆုံး စဉ်းစားပေးမယ် ´
လိမ္မာပါးနပ်ပုံရတဲ့သူ '………..´
Ling Xiao မျက်ခုံးတွေ မြင့်တက်လာကာ 'မပေးသေးဘူးလား´
လိမ္မာပါးနပ်ပုံရတဲ့သူရဲ့ မျက်နှာက ပိုပြီးဖြူဖျော့သွားကာ အလွန်စိတ်ဆင်းရဲနေသော မျက်နှာနှင့် ဆိုသည် 'ပေးပါ့မယ့် ကျွန်တော့် ပေးပါ့မယ်……´
ပြောပြီးသည်နှင့် သူ့ခါးက မှော်အိတ်ကို ဖြုတ်ကာ You XiaoMoထံသို့ ကတုန်ကရီနှင့် ကမ်းပေလိုက်သည်။ သူ့နှလုံးသားထဲမှာတော့ သွေးရှင်ရှင်ထွက်နေသည်။ ဒီရတနာတွေက သူနှစ်ပေါင်း ဆယ်စုများစွာ စုဆောင်းထားသည်များဖြစ်သည်။ အခုတော့ အကုန်ပေးလိုက်ရပြီ သူကတော့ လူမွဲတစ်ယောက်လုံးလုံးအဖြစ်ပဲ ကျန်ခဲ့တော့သည်။ သူက ပိုပြီးတောင် နောင်တတွေရလာသည်။ အကယ်လို့သာ ဒီလိုရလာဒ်မျိုးဖြစ်မယ်ဆိုတာ သိခဲ့ရင် အခြားသူတွေပြောတဲ့ ရူးမိုက်တဲ့ကိစ္စတွေကို သူမလုပ်ပါဘူး။
You XiaoMo မှော်အိတ်ကို ပျော်ရွှင်စွားနဲ့ လှမ်းယူလိုက်ပြီးတော့ တစ်ချက်တောင် မကြည့်ပဲနဲ့ သူ့ရဲ့ မှော်အိတ်ထဲကို ထဲ့လိုက်သည်။ ပြီးတော့မှ ' ခင်ဗျားက အရမ်းကိုနာခံတာဆိုတော့ ဒီနေ့တော့ ခင်ဗျားကို လွှတ်ပေးလိုက်ပါ့မယ်လေ ဒါပေမယ့် ထင်သလို ၀င်ကြေးကောက်တာမျိုးတွေ ဘာတွေ တော့ ထပ်မလုပ်ဖို့ မှတ်ထားနော် မဟုတ်ရင်….´
'မလုပ်တော့ပါဘူး ကျွန်တော် နောက်ထပ်မလုပ်ရဲတော့ပါဘူး…….´
သူပြောလို့မပြီးခင်ပဲ ပါးနပ်ပုံရတဲ့လူက စကားဖြတ်ပြောလေသည်။ တစ်ကြိမ်တည်းနှင့် သူ့ကြွယ်ဝမှုအားလုံး အကုန်ပြောင်သွားသည်။ အကယ်လို့သာ ဒုတိယအကြမ်ဆိုတာ ရှိမယ်ဆိုရင် သူ့နာမည်ကို ပြောင်းပြန်သာ ရေးသင့်တော့သည်။
'အပြောကောင်းတယ်´ You XiaoMo သူ့မျက်လုံးတွေ ပျောက်သည်အထိ ပြုံးတော့သည်။ သူက ဒီလူကို ဒီလောက်ထိ စဉ်းစားတတ်သူလို့ မမျှော်လင့်ထားချေ။
ပါးနပ်ပုံရတဲ့လူက သူ့မကျေနပ်ချက်တွေကို အသံမထွက်ရဲချေ။ သူက အဲဒိစကားတွေကို အဖွဲ့က အခြားလူတွေကို မနေ့ညကမှ ပြောခဲ့ခြင်းဖြစ်သည်။ သူတို့က သူ့ကို ဒီနေ့မှာ ဒီလိုပြောလိမ့်မယ်လို့ ဘယ်တော့မှ မထင်မှတ်ခဲ့ချေ။ တကယ်မှ တကယ့်ကို တန်ပြန်လာတတ်တာပဲ ..အား…..။
You XiaoMo က လူဆိုးတစ်ကြိမ်လုပ်ရတာကို အလွန်အမင်းကို ပျော်ရွှင်နေသည်။ သူ ထိုလူရဲ့မှော်အိတ်ကို သူ့ထဲမှာဖုံး ကွယ်ထားပြီး Ling Xiao နဲ့အတူ စီစဉ်ထားတဲ့အတိုင်းပဲ WuFengမြို့လေးကနေ ထွက်သွားကြသည်။ နေ၀င်ရီတရောအချိန်ရောက်ခါနီးမှာမှ သူတို့နောက်ဆုံးမှာ အခြားမြို့လေးတစ်မြို့ကို ရောက်ရှိသွားကြသည်။ ဒီမြို့လေးက WuFeng မြို့လေးထက်ပင် ပိုပြီးတော့ သေးပေမယ့် လွှမ်းခြုံထားသောလေထုကတော့ အရမ်းကောင်းလှသည်။ အကြမ်းဖက်တဲ့ မနှစ်မြို့စရာတွေ မရှိနေပါ။
သူတို့နှစ်ယောက်က ကြုံရာ အလတ်တန်းစားတည်းခိုခန်းတစ်ခုကို ညဘက်တည်းခိုဖို့ ရွေးလိုက်ကြသည်။ ညစာ စားပြီးသည်နှင့် You XiaoMo ကုတင်ပေါ်မှာ တင်ပလ္လင်ခွေထိုင်ပြီး ဟိုပါးနပ်ပုံရတဲ့လူရဲ့ မှော်အိတ်ကို ထုတ်လိုက်သည်။ ပြီးတာနဲ့ သူသိမ်းလာတဲ့ပစ္စည်းတွေကို စတင် စစ်ဆေးတော့သည်။
အဆိုပါ လိမ္မာပါးနပ်ပုံရတဲ့ထိုလူရဲ့ ပြင်ပပုံပန်းသဏ္ဍာန်က နှစ်ဆယ်ကျော်လို့သာ ထင်ရပေမယ့် သူ့ရဲ့ အသက်အမှန်က ဒိထက်ပိုသည်။ ပြီးတော့ သူက အကယ်လို့သာ ကြယ်အဆင့် သိုင်းသမားအဖြစ်ကို သူ့အသက် နှစ်ဆယ်ကျော်မှာသာ ရခဲ့မယ်ဆိုရင် သူ့ထူးချွန်သူတစ်ယောက်ဖြစ်မှာ အမှန်ပင်ဖြစ်သည်။ ဒီလိုမျိုး ထူးချွန်တဲ့သူတွေက နာမည်မရှိဘူးဆိုတာ မဖြစ်နိုင်ချေ။ သူက အစောထဲက အင်အားကြီးအဖွဲ့တစ်ခုခုရဲ့ အဖွဲ့ဝင်အဖြစ်ဖြစ်နေလောက်ပါပြီ။ ဒီလိုမျိုးလဲ အမဲလိုက်သလို ခံနေရမှာ မဟုတ်ချေ။ ဒါ့ကြောင့်မို့ သူ့အသက်အမှန်က သူ့ပြင်ပသွင်ပြင်ထက်ကြီးမှာပင် အနည်းဆုံးတော့ နှစ်တစ်ရာလောက်တော့ ရှိလောက်ပြီ။
You XiaoMo ရွှေပြားတွေက လွဲရင် အားလုံးကို သွန်ချလိုက်သည်။ အကြမ်းဖျင်းတွက်ကြည့်ရင်တော့ ထိုလူရဲ့ ကြွယ်ဝမှုအားလုံးပေါင်းက ရွှေပြားနှစ်သိန်းသာ ရှိသည်။ ဒါက နည်းတယ်လို့ ဆိုနိုင်ပေမယ့် သူ့ရဲ့ ကိုယ်ပိုင်မှော်အိတ်ထဲကို ရွှေပြားတွေ ပြောင်းထဲ့လိုက်သည်။ ပြီးတာနှင့် ကုတင်ပေါ်က ပစ္စည်းတွေကို စပြီး စစ်ဆေးတော့သည်။
လိမ္မာပါးနပ်ပုံရတဲ့ထိုလူက သိုင်းသမားဖြစ်သည်။ ဒါ့ကြောင့် သူ့မှော်အိတ်ထဲက ပစ္စည်းတွေက များသောအားဖြင့် လက်နက်များဖြစ်သည်။ အထဲမှာ မှော်ဆေးပင် အနည်းငယ်သာရှိပြီး အကုန်လုံးက အဆင့်နိမ့်ဆေးပင်တွေဖြစ်သည်။ You XiaoMo က ဖြုန်းတီးတတ်တဲ့သူမဟုတ်တာမို့ အဲဒါတွေကို သူ့နယ်မြေထဲ ပစ်ထည့်လိုက်သည်။ မှော်ဆေးလုံးတွေ အနေနဲ့ကတော့ ပုလင်းအနည်းငယ်တောင် ရှိပေမယ့် အရည်အတွက်ကတော့ အများကြီးမဟုတ်ချေ။ အများစုက အဆင့်သုံးနဲ့ အဆင့်လေးများဖြစ်သည်။ အဆင့်ငါးဆေးလုံးက တစ်လုံးသာရှိသည်။ အဲဒါကလဲ လအဆင့်သိုင်းသမားများသာ ထိရောက်နိုင်သည်။ ပြန်တွေးကြည့်ရင် Ling Xiao  WuFengမြို့လေးမှာ လက်တစ်ချက်အဝေ့နဲ့ ပျံအောင်လုပ်ခဲ့တဲ့ လူထွားကြီးက ဒီဆေးလုံးမျိုးကို သုံးပြီး လအဆင့်ကို တက်ခဲ့ပုံပေါ်သည်။
You XiaoMo မှော်ဆေးလုံးတွေကို သွန်ထုတ်လိုက်ပြီး နှာခေါင်းနားထားကာ အနံခံကြည့်သည်။ ညစ်ညမ်းမှုအတောများများနဲ့ သန့်ရှင်းမှုမရှိသည်မှာ သေချာလှသည်။ ဒါက အဆင့်နိမ့် ဆေးလုံးများဖြစ်သည်။ သူပြန်သိမ်းမလို့ လုပ်ပြီးမှ ရုတ်တရက်ကြီး Ling Xiao ကိုစဉ်းစားမိသည်။ တစ်ချက်ခိုးကြည့်လို်က်တော့ စားပွဲဝိုင်းမှာ ရေနွေးထိုင်သောက်နေကို တွေ့လိုက်ရသည်။ သူ့အကြည့်တွေ ပို့ပြီး စိတ်ကျေနပ်စေရန် ရည်မှန်းကာ 'ကိုကြီးLing ဒီမှော်ဆေးလုံးတွေ ယူမလား´
Ling Xiao သူ့ဖက်ကို လှည့်ကြည့်ပြီး အပြုံးလေးနဲ့ ' ဒီ အဆင့်နိမ့်မှော်ဆေးလုံးတွေရဲ့ ငါ့ကို အဝေးပို့ချင်တာလား´
You XiaoMo ရှက်ရှက်နဲ့ ဆေးလုံးတွေကို အိတ်ထဲ ပြန်ထဲ့ရင်း 'မဟုတ်ပါဘူး……..´
တကယ်တော့ သူနည်းနည်းတော့ ရည်ရွယ်ခဲ့သည်။ သူဖော်သမျှ ဆေးလုံးအများစုက Ling Xiao ရဲ့ဗိုက်ထဲမှာ အဆုံးသတ်သွားတာ များသည်။ ဒါ့ကြောင့် ဒီအဆင့်နိမ့်ဆေးလုံးတွေကို အစားပေးဖို့ အကြံပေါ်လာတာဖြစ်သည်။
မှော်ဆေးပင်တွေနဲ့ ဆေးလုံးတွေပြီးသွားတော့ You XiaoMo ကျင့်စဉ်စာလိပ်အနည်းငယ်ကိုကောက်ယူလိုက်သည်။ အဆင့်နိမ့် အလတ်တန်းစား ကျင့်စဉ်တစ်ခုကလွဲရင် ကျန်တာတွေက အဆင့်နိမ့် အခြေခံများသာဖြစ်သည်။ သူ့အတွက်အသုံးမလိုသောကြောင့် စုပြီး စည်းကာ သူ့နယ်မြေထဲက ထောင့်တစ်နေရာကို ပို့လိုက်သည်။ အခုတော့ သူက မှော်အိတ်ကို အခြေခံအားဖြင့် မသုံးတော့။ သူယူသမျှကို သူ့နယ်မြေထဲကိုပဲ ထည့်သည် အဘယ့်ကြောင့်ဆိုသော် နယ်မြေက ပို လုံခြုံသည်။ မှော်အိတ်ဆိုတာက အချိန်မရွေး အလစ်သုတ်တာ အခိုးခံရတာဖြစ်နိုင်သည်မို့ မလုံခြုံ။
အဲဒိနောက်မှာတော့ ထိုလူရဲ့ မှော်အိတ်ထဲက ရသမျှက လက်နက်အနည်းငယ်နှင့် မှော်ဝင်သားရဲအချို့ရဲ့ သားရည် သားမွှေးလိုမျိုး သိုင်းသမားတွေ သုံးသော ပစ္စည်းများ သာဖြစ်ကြသည်။ အဆိုပါ ပစ္စည်းတွေအကုန် သူထုတ်ပိုးပြီးတာနဲ့ သူ့နယ်မြေထဲကို ပို့လိုက်သည်မို့ အိပ်ယာပေါ်မှာပစ္စည်းတစ်ခုသာ ကျန်တော့သည်။
You XiaoMo ထိုပစ္စည်းကို အံ့သြစွာနဲ့ ကြည့်ရင်း သူ့မျက်ခုံးတွေ မြင့်တက်သွားသည်။ သူလက်တစ်ဖက်နဲ့ ကောက်ကိုင်လိုက်ပြီး ဖွင့်ကြည့်လိုက်သည်။ သိုးသားရည် မြေပုံအပိုင်းအစ ဖြစ်သည်။ ရတနာ မြေပုံ များ….ဖြစ်နိုင်မလား။
You XiaoMo မျက်လုံးထဲ မျှော်လင့်ချက်တွေ ဖျတ်ခနဲ တောက်ပသွားသည်။ စိတ်လှုပ်ရှားမှုအပြည့်နဲ့ ကုတင်ပေါ်လှဲချလိုက်ပြီး မြေပုံကို စူးစမ်းလေသည်။ အပေါ်မှာ ဆွဲထားတာကတော့ မြေမျက်နှာသွင်ပြင်များဖြစ်သည်။ သို့သော် အပိုင်းတစ်စထဲ ဖြစ်သည်မို့ ပုံတစ်ခုလုံးကိုတော့သူမမြင်နိုင်ချေ။
တစ်ချိန်တည်းမှာပဲ သူ့ခေါင်းပေါ်ကနေ အလင်းကို ပတ်ဆို့ထားကာ မှောင်ရိပ်တစ်ခု လွှမ်းခြုံလာသည်။
You XiaoMo ခေါင်းမေ့ာကြည့်လိုက်တော့ Ling Xiao ကို မြင်လိုက်ရသည်။ ချက်ချင်းကို သူ့အရှေ့မှား သိုးသားရည်မြေပုံကို ချပြပြီး စိတ်လှုပ်ရှားခြင်းများနဲ့ မျှော်လင့်ချက်များစွက်ကာ 'ကိုကြီးLing ကြည့်ကြည့်ပါ ဒါရတနာမြေပုံနဲ့ တူတယ်မလား´
Ling Xiao မှတ်ချက်မပေးပဲနှင့် သိုးသားရည်မြေပုံကို ယူလိုက်သည်။ မြေပုံပေါ်က ကန့်လန့်ဖြတ် အနားသတ်မျဉ်းများကို တစ်ချက်ကြည့်ပြီး သူ့လက်ထဲကို သိုးသားရည်မြေပုံကိုပစ်ပေးလိုက်သည်။ သူ့ဖိနပ်တွေ ချွတ်ပြီး ကုတင်ပေါ်တက်လာတာ အထင်သေးဟန်နဲ့ 'ဒါက မြေပုံတစ်ပိုင်းပဲ ရှိသေးတာ သိသာနေတာပဲ။ ဘယ်လိုလုပ်ပြီးတော့ ရတနာမြေပုံလို့ ကောက်ချက် ချရတာလဲ ဒါက သာမာန် မြေပုံတစ်ခုလဲ ဖြစ်နိုင်တာပဲ။ ပြီးတော့ ဒါက ရတနာမြေပုံဆိုရင်တောင် မင်းမှာ တစ်ပိုင်းပဲ ရှိသေးတာ ငါ့ကို ကျန်တဲ့ အပိုင်းသုံးပိုင်းကို တကယ်ကြီး ထပ်ရှာဖို့ မင်း စဉ်းစားနေလို့ မပြောနဲ့´
You XiaoMo သူ့စကားတွေက မှန်နေတာ့ မငြင်းဆိုနိုင်ပဲ အချည်းနှီးမို့ နှုတ်ခမ်းစူ သွားသည်။
တကယ်လဲ သူက တွေးနေတာဖြစ်သည်။ ဘာရတနာဖြစ်ဖြစ်ဆိုပြီး သွားရှာချင်တာမျိုးမဟုတ်ပေ။ ဒါပေမယ့် သူက ဒီတိုင်းပြည်မှာက နည်းနည်းတော့ သဘာဝမကျဟု သူခံစားနေရသည်။ အကယ်လို့ ဒါက ရတနာမြေပုံဆိုရင် ထူးဆန်းတဲ့ အဖွဲ့အစည်းမရှိသည့်လူရဲ့လက်ထဲ ရောက်နိုင်စရာ မရှိ။
'ငါတို့ မနက်ဖြန်လဲ ခရီးဆက်သွားရဦးမှာ အိပ်တော့´
Ling Xiao သူ့ခါးကို ရစ်သိုင်းပြီးတော့ သူ့ရင်ခွင်ထဲကို ဆွဲခေါ်ကာ သူတို့ကိုယ်ကို စောင်လွှမ်းခြုံလိုက်သည်။
စောင်ထဲကို သိပ်ထဲ့ခံလိုက်ရပြီးနောက်မှာတော့ You XiaoMo၏ အကြိမ်ပေါင်းများစွာ ကန်ထုတ်ခြင်းကို ခံရလေသည်။ တစ်ချိန်တည်းမှာပဲ  သတိပေးသံထွက်လာသည် 'အိပ်မယ်ဆို အိပ်လေ ဘာလို့ ကျွန်တော့ အ၀တ်တွေ လာချွတ်………´
'အို…….မင်းကိုယ်လုံးတီးလေး အိပ်တာ ပိုကြိုက်တယ်လေ …..´
" ....... "


အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Onde histórias criam vida. Descubra agora