Chapter 117 Smarter in Comparison (Z &U)

Start from the beginning
                                    

Unicode
C-117 Smarter in comparison.
အခန်း ၁၁၇  နှိုင်းယှဉ်မှုတွင် စမတ်ပိုကျခြင်း
WuFengမြို့လေးကို ၀င်ရောက်ပြီးသည်နှင့် လူနှစ်ယောက် ကရိုးရှင်းစွာပင် အဓိကလမ်းမကြီး ကနေ WuFeng မြို့လေးရဲ့ အခြားထွက်ပေါက်ကို ဦးတည်ကြသည်။
You XiaoMo ရဲ့ ခိုင်မာစွာ ငြင်းဆိုမှုကြောင့် Ling Xiao က WuFengမြို့လေးမှာ နေ့လည်စာစားမယ့် အစီအစဉ်ကို ဖျတ်လိုက်သည်။ ပြီးတော့ သူကလဲ You XiaoMoကို စယုံသာဖြစ်သည်။ သူကိုယ်တိုင်လည်း နေ့လည်စာ မစားချင်ပေ။
အဓိကလမ်းက လူတွေအပြည့် စကားသံအပြည့်ဖြစ်သည်။ ခြေလှမ်းတိုင်းမှာ လူတိုင်းက ၀ံပုလွေစွယ်အဖွဲ့ကိစ္စအကြောင်း သာပြောနေကြသည်ကို ကြားရသည်။ You XiaoMoလဲ နားစွင့်လိုက်ပြီး အနည်းငယ်နားထောင်လိုက်သည်။ နောက်ဆုံးမှာတော့ ၀ံပုလွေစွယ်အဖွဲ့ရဲ့အကြောင်းသူနားလည်သွားသည်။
ဒီ ၀ံပုလွေစွယ်အဖွဲ့သည် တကယ့်ကို သူတို့ HunJiမြို့ကြီးမှာ တွေ့ခဲ့တဲ့ ၀ံပုလွေစွယ်အဖွဲ့ပင်ဖြစ်သည်။ ခေါင်းဆောင်က အသတ်ခံရပြီးနောက်မှာ ၀ံပုလွေအဖွဲ့အခြေအနေမှာ ပရမ်းပတာဖြစ်ခဲ့သည်။ လအဆင့်သိုင်းသမားအဖွဲ့ခေါင်းဆောင်က လွဲရင် သူ့အောက်တစ်ဆင့်မှာ နေအဆင့်အားအင်အဆင့်ဖြစ်သည်။ ရလာဒ်အနေနဲ့ကတော့ ခေါင်းဆောင်သေသည်နှင့် အခြားတစ်ယောက်ကို ခေါင်းဆောင်မြှောက်ရမှာဖြစ်ပေပေမယ့် ဘယ်သူကမှ အခြားတစ်ယောက်ကို အခွင့်အရေးမပေးချင်ရာမှ အခြေအနေတွေက ရှုပ်ရှက်ခက်ကုန်သည်။
ပဋိပက္ခတွေက အထူးသဖြင့် တင်းမာလှကာ စစ်ဖြစ်ဖို့ထိတောင် ပေါက်ကွဲထွက်တော့မလိုဖြစ်သွားသည်။ ပြီးခဲ့တဲ့ညက ထူးဆန်းတဲ့ အင်အားကြီးလူတစ်ယောက်ပေါ်လာသည်။ သူက အပြင်လူဖြစ်သည်။ ၀ံပုလွေစွယ်အဖွဲ့မှ နေအဆင့်သိုင်းသမားတစ်ယောက်နှင့် စတင်ပြီး ရင်ဆိုင်တိုက်ခိုက်ကြသည်။ နှစ်ဖက်စလုံးပါဝင်ခဲ့ကြသည်။ အဆုံးမှာတော့ နေအဆင့်သိုင်းသမားကို အနိုင်တိုက်ခဲ့သည်။
ဒါတင်မကသေး အပြင်လူက သူတို့ခေါင်းဆောင်သေသွားတာကို ကြားကာ သူတို့ပါ ခေါင်းဆောင်အသစ်ဝင်ပြိုင်သည်။ ဒါနှင့်ပဲ အပြင်လူက ၀ံပုလွေစွယ်အဖွဲ့ထဲ ရောက်သွားပြီး ခေါင်းဆောင်အသစ်တစ်ယောက်ဖြစ်သွားသည်။
ထိုအပြင်လူက အလွန်စာနာစိတ်မရှိသော စရိုက်လဲရှိသည်။ WuFeng မြို့လေးက အခြေအနေတွေကို ထိန်းပြီးသည်နှင့် မနေ့က ညက WuFeng မြို့လေးသည် သူ့ပိုင်နက်ဖြစ်သွားပြီ ဟု ကြေညာလိုက်သည်။ သူ့ကို ဆန့်ကျင်ရဲသူတိုင်းကို သတ်ပစ်မည်ဟုဆိုသည်။
WuFengမြို့လေးသည် မည်သူတစ်ဦးတစ်ယောက်၏ အုပ်ချုပ်မှုကိုမျှမခံစားရတာ နှစ်ပေါင်းများစွာကြာပြီဟု ဆိုနိုင်သည်။ ၀ံပုလွေစွယ်အဖွဲ့ရှိလာသည် သူ့အဓိပ္ပါယ်မှာ အခြားအဖွဲ့များလည်းရှိသည်ဟုဆိုနိုင်သည်။
သူ့ကြေညာချက် ထုတ်ပြီး တစ်ညပင်မရှိသေး အခြားအဖွဲ့များမှ ခေါင်းဆောင်များစုစည်းကြသည်။ သူတို့တွေအားလုံး တစ်စုတည်းဖြစ်ရန်အတွက် သူတို့အဖွဲ့တွေပါ ၀ံပုလွေစွယ်အဖွဲ့ရဲ့ အသိုက်ကို ဦးတည်ကြသည်။ ရလာဒ်ကတော့ မျှော်လင့်ထားသထိုဖြစ်သည်။ အဖွဲ့ပေါင်းစုံမှ အားကောင်းသော တိုက်ခိုက်သူများစုပေါင်းပြီး တိုက်ခိုက်ခြင်းက အကယ့်ကို ပြင်ပလူကို ရှုံနိမ့်သွားသည်။ မျောက်ကို ခြောက်ဖို့ ကြက်ကို သတ်သလိုမျိုးပဲ ပြင်ပလူက အဖွဲ့ခေါင်းဆောင်ပေါင်းများစွာကို သတ်ပစ်ခဲ့သည်။ ပြီးတာနှင့် သူတို့ရဲ့ အဖွဲ့ဝင်တွေကို ၀ံပုလွေစွယ်အဖွဲ့ထဲကို သွတ်သွင်းလိုက်သည်။
ထို့နောက် WuFengမြို့လေးရဲ့ အတွင်း အပြင် နှစ်ပေါင်းများစွာ နေသူများက WuFengမြို့လေးရဲ့ အခြေအနေတွေ ပြောင်းလဲသွားတာကို နောက်ဆုံးမှာ သိရှိသွားကြသည်။
WuFengမြို့လေးရဲ့ အ၀င် အထွက်ကို ၀င်ကြေးကောက်ခံသည်မှာ WuFengမြို့လေးကို ၀ံပုလွေစွယ်အဖွဲ့၏ ပထမဆောင်ရွက်ချက်ဖြစ်သည်။
You XiaoMo နှင့် Ling Xiao ကတော့ လှလှလေးကံဆိုးသွားတာဖြစ်သည်။ သူတို့က ဒါကို နဖူးတွေ့ဒူးတွေ့ကြုံရသည်မကပဲ ပထမဆုံး ၀င်ကြေးအကောက်ခံရသူများဖြစ်သွားသည်။
You XiaoMo ကတော့ သူနှင့် ၀ံပုလွေစွယ်အဖွဲ့မှာ ကံဆိုးတဲ့ဆက်နွယ်မှုရှိသည်ဟု ခံစားရသည်။ ပထမ သူ့အမှားမရှိပဲနှင့် ပြဿနာထဲ ပါဝင်မိသည်။ အခုတော့ သူ့အမှားနည်းနည်းပါတယ်ဆိုပေမယ့် သူတို့ကို ဘယ်သူက ဒီလောက်မတန်တဆ ၀င်ကြေးကောက်ခိုင်းသလဲ။ အကယ်လို့ ငါးပြားဆယ်ပြားဆိုရင် ကိုယ့်ကိုကိုယ် တွန်းအားပေးပြီး သူပေးမိမှာပင်။
'ကိုကြီးLing, ၀ံပုလွေအဖွဲ့ခေါင်းဆောင်အသစ်က ဘယ်လောက်ခွန်အားကြီးမယ်လို့ မှန်းမိသလဲ´ You XiaoMo သိချင်စိတ်အပြည့်နဲ့ Ling Xiao  ကို မေးလိုက်သည်။ သူက သိုင်းသမားများရဲ့အဆင့်တွေကို သိပေမယ့် အတန်းစားအလိုက် ခြားနားချက်တွေကို သူသေချာမသိချေ။
Ling Xiao နှုတ်ခမ်းတွေ အပေါ်ကို ကွေးတက်သွားသည်။ သက်သက်သာသာလေး လမ်းဆက်လျှောက်ပြီး ရှင်းပြလိုက်သည်။ '၀ံပုလွေစွယ်အဖွဲ့ခေါင်းဆောင်က လအဆင့်ခွန်အားရှိတယ်။ အခြားခေါင်းဆောင်တွေကလဲ လအဆင့်ပဲ။ နောက်တစ်မျိုးပြောရရင် WuFengမြို့လေးမှာ ၀ံပုလွေစွယ်အဖွဲ့နဲ့ အတူယှဉ်ပြီး နေလို့မရဘူး။ ခေါင်းဆောင်အသစ်က သူတို့ကို အနိုင်တိုက်နိုင်ကတည်းက သူက အနည်းဆုံးတော့ ကြယ်အဆင့်နဲ့ အထက်ဖြစ်လိမ့် မယ်။ ဒါပေမယ့် သူကအာကာသအဆင့်ထက်တော့ မြင့်မှာ မဟုတ်ဘူး´
You XiaoMo က သူ့ရဲ့ ရှင်းလင်းတဲ့ကျိုးကြောင်းဆီလျော်တဲ့ ဖြေရှင်းချက် ကို နားထောင်ပြီး ခေါင်းညိမ့်လိုက်ကာ ထပ်မေးသည်။ 'ဘာလို့လဲ´
Ling Xiao က ပီတိအပြုံးနှင့် ဆက်ပြောသည်။ 'အကယ်လို့သူက အာကာသအဆင့် ဆိုရင် သူက အပြင်မှာတောင် အရှင်သခင်အသေးစားလေးဖြစ်နေပြီ။ အကယ်လို့ အဲလိုမဟုတ်ဘူးဆိုရင် အကယ်လို့ သူက အခြားခွန်အားကြီးအဖွဲ့တွေက ခိုကိုးရာရှာနေပြီး သူ့ကို ဂုဏ်ထူးဆောင်ဧည့်သည်အဖြစ်တောင် ဆက်ဆံဦးမယ်။ သူက ဒီလိုမဟုတ်တဲ့အပြင် သူက WuFeng မြို့လေးကိုပဲ လာခဲ့တယ်လေ။ ဒါ့အပြင် သူက ၀ံပုလွေစွယ်အဖွဲ့ကိုတောင် လက်လွှဲယူလိုက်သေးတယ်။ ဒါက သူ WuFeng တောင်တန်းဒေသမှာ နေဖို့ အစီအစဥချထားတယ်ဆိုတာ ရှင်းနေတာပဲ။ ဒီလိုအပြုအမူအတွက်က ရှင်းလင်းချက်က တစ်ခုပဲ ရှိတယ်။ သူက လူတစ်ယောက်ရဲ့ လိုက်ဖမ်းတာကို ခံနေရတယ်။ သူ့ကို လိုက်ဖမ်းနေတဲ့သူကလဲ အင်အားနည်းတဲ့သူမဟုတ်ဘူး အင်အားကြီးဂိုဏ်းတစ်ခုကဖြစ်လိမ့်မယ်။ ဒါ့ကြောင့် သူ့မှာ WuFeng မြို့လေးကို ထွက်ပြေးဖို့ကလွဲပြီး ရွေးချယ်စရာ မရှိဘူး´
ဥာဏ်ကောင်းလွန်းတယ် ကြောက်ဖို့တောင် ကောင်းလွန်းတယ်။
သဲလွန်စနည်းနည်းလေး အပေါ်မှာကို အခြေခံပြီးတော့တောင် သူက ဒီလောက်အချက်အလက်တွေကို တကယ်ကို ကောက်သင်းကောက်နိုင်သည်။ You XiaoMo က ရုတ်တရက်ကြီး Ling Xiao မှာ တော်တဲ့အချက်တွေရှိတာကို   ခံစားမိသည်။ အနည်းဆုံး…. အနည်းဆုံးတော့ သူနဲ့ယှဉ်ရင် ပိုပြီး တော်တယ်……။
ဒါက သူလုံးဝကို လက်ခံချင်သော အချက်ဖြစ်သည်။
'သူတို့ပဲ။ အပေါက်မှာ ၀င်ကြေးကောက်နေတဲ့ ၀ံပုလွေစွယ်အဖွဲ့ ညီအကိုတွေကို သတ်လိုက်တာ အဖြူရောင်နဲ့တစ်ယောက်´
တခဏအတွင်းမှာကို ၀ံပုလွေစွယ်အဖွဲ့မှ လူတွေက အကြမ်းဖက်မယ့် အရိပ်အယောင်တွေနဲ့ သူတို့ဆီ ဦးတည်လာကြသည်။ ပြောရင်းနဲ့ အရှ့ကနေ ဦးဆောင်ပြေးလာသူကအတော်အသင့် ပြည့်ဖြိုးသူတစ်ယောက်ဖြစ်သည်။ အနည်းငယ် ရင်းနှီးတယ်လို့လဲ ထင်ရသည်။ You XiaoMo ရှင်းအောင်လို့ သေချာကြည့်လိုက်သည်။ သူ့ကို WuFeng မြို့လေးအပြင်ဘက်မျာ တွေ့ခဲ့သည်ဟုထင်သည် ဘာကြောင့်လဲဆိုတော့ သူ့သွင်ပြင်က အတော်အသင့် ထင်သာသည်။ မမျှော်လင့်စွာနဲ့ပဲ သူက အခြားလူနှစ်ဦးနှင့် အတူလာသည်။ အတကယ်ကို မရိုးသားတာပဲ။ သူ့ကို စိတ်ထဲကနေ ကျိန်ဆဲလိုက်ပြီးနောက် သူLing Xia နောက်ကို ခုန်ဝင်လိုက်သည်။ သူက သူရဲဘောကြောင်သူမဟုတ် တကယ့်ကို သူရဲဘော ကြောင်သူ မဟုတ်ပါ။ သူ့မှာ သူ့မြင်းကို စိတ်ကြီးဝင်ပြီး စီးနိုင်တဲ့ စွမ်းရည် အခုလက်ရှိမှာ ရှိမနေသေးသောကြာင့်သာ ဖြစ်သည်။
Ling Xiao က ရပ်တန့်သွားအောင် လုပ်ဖို့ထွက်လာချိန်မှာပဲ ထိုလူစုကလဲ သူ့ဆီ အပြေးအလွှားရောက်ရှိလာပြီဖြစ်သည်။ အားလုံးပေါင်း ခုနစ်ယောက်ရှိသည်။ အမြင့်ဆုံးက လအဆင့် ကြယ်တစ်ပွင့်ဖြစ်သည်။ ရိုင်းစိုင်းတဲ့သန်မာတဲ့လူတစ်ယောက်  ဖြစ်သည်။ ဒါပေမယ့် သူ့ရဲ့ အနေအထားကတော့ မတည်မငြိမ်ဖြစ်နေလွန်းသည်။ ဖြစ်နိုင်တာကတော့ သူကမကြာသေးမီကမှ အဆင့်ကူးထားတာဖြစ်လိမ့်မည်။ ထိုလူစုထဲမှာတော့သူတို့ သိသည့်သူတစ်ယောက်မှ မပါနေချေ။ ဒီလူစုက သူ HunJiမြို့ကြီးမှာ တိုက်ခိုက်တုန်းက မပေါ်လာခဲ့ပါ။
အေးစက်ပြီး စိတ်ထားကောင်းပုံမရတဲ့လူထွားကြီးက ခြေလှမ်းခပ်ကြဲကြဲကြီး နှစ်လှမ်းတိုးလာသည်။ ကျားတစ်ကောင်ရဲ့ ကျောပြင်နဲ့ ၀က်ဝံတစ်ကောင်ရဲ့ခါး နဲ့တူတဲ့လူကြီးက အရမ်းကို ကြည့်ရတာ ကြောက်ဖို့ကောင်းသည်။ Ling Xiao ကိုကြည့်တဲ့အကြည့်တွေက အထင်သေးသည့်အမြင့်တွေ ပါဝင်နေသည်။ သူ့ပခုံးပေါ်မှာ ပုစိန်ကြီးတစ်လက်ကိုတင်ထားပြီး အေးစက်စက်လေသံနှင့် 'မင်းဘာသာပဲ ကိုယ့်ကိုကိုယ် အဆုံးသတ်မလား ငါလိုကြီးမြတ်တဲ့သူကပဲ မင်းအစားလုပ်ပေးရမလား´
Ling Xiao ရဲ့မျက်နှာမှာ အပြုံးလေးပေါ်လာသည် 'ဒါပေမယ့် ငါက တတိယမြောက်ကိုပဲ ရွေးချယ်ချင်တာ´
လူထွားကြီးရဲ့ စကားသံကိုတောင် မစောင့်နိုင်ပဲ You XiaoMo က Ling Xiao ရဲ့လက်မောင်းအောက်ကနေ တိုးထွက်လာပြီး သိချင်စိတ်အပြည့်နဲ့ မေးလေသည်။ 'တတိယမြောက်ရွေးချယ်ဖို့က ဘာလဲ´
Ling Xiao ပြုံးကာ ' သူတို့သေမယ်´
You XiaoMo ကြက်သီးတွေထလာပြီး ချက်ချင်း အနောက်ကို ပြန်ကျုံဝင်သွားသည်။
လူထွားကြီးက ချက်ချင်းကို လူသတ်ချင်တဲ့ စိတ်တွေထက်သန်စွာ ဖြစ်တည်လာသည်။ စကားတစ်ခွန်းတောင် နှုတ်ဆက်ခြင်းမရှိပဲ ပုစိန်ကြီးကို မြှောက်ကာ Ling Xiaoခေါင်းကို အားထဲ့ပြီး ထုထဲ့လိုက်သည်။ ရလာဒ်ကတော့ မှန်းထားသလိုပါပဲ။ လအဆင့် ကြယ်တစ်ပွင့်သိုင်းသမားတစ်ယောက်မှာ ဘယ်လောက်စွမ်းရည်ရှိနိုင်မလဲ။ WuFengမြို့လေး ကို ခြယ်လှယ်နိုင်ရုံပဲ ရှိတာပါ။
Ling Xiao က သူ့ရဲ့ ခပ်ဆတ်ဆတ် ရိုက်ချက်နဲ့တင် ထိုလူကို ပျံတက်သွားစေသည်။ သူက လေးလား ပေါ့လားတောင် သူမသိ သူ့အပြုအမူမှာ စာသားနှစ်လုံးသာ ရေးသားထားသည်။ ဒါနှင့်ပင် နှစ်ရာကတီ(တရုတ်ရိုးရာ အလေးချိန်တစ်မျိုးပါ ပေါင်နှစ်ရာ့နှစ်ဆယ်ကျော် အလေးချိန်ရှိပ်တယ်) ကျော် လေးတဲ့ လူထွားကြီးက ချက်ချင်းကို နရံပေါ်ကို ပျံသန်းသွားသည်။ နံရံပေါ်မှ သွေးတွေ စီးကျလာသည်။ မြေပြင်ပေါ် ပြန်ကျလာချိန်မှာတော့ အပေါက် ခုနစ်ခု (မျက်လုံးနှစ်လုံး နားနှစ်ဖက် နှာခေါင်းနှစ်ဖက် ပါးစပ်တစ်ပေါက်) တို့မှ သွေးတွေထွက်လာသည်။ နံရိုးလေးချောင်းကလဲ မဆုံးနိုင်အောင် ဆန့်ငင်ဆန့်ငင်ဖြစ်ကာ အသက်ရှူသံတွေက ၀င်လေထက် ထွက်လေက ပိုများလာသည်။
လူတိုင်းက ပြင်းထန်တဲ့လေအေးတွေက သူတို့ခြေထောက်ကနေ သူတို့နှလုံးသားအောက်ခြေထဲ တိုးဝင်လာသလိုမျိုး ရုတ်တရက် ခံစားလိုက်ရသည်။
အဆိုပါ လအဆင့် သိုင်းသမားမှာ တကယ်ပင် မကြာသေးခင်ကမှ အဆင့်တက်ထားတာ ဖြစ်သည်။ သူ့ကို အဆင့်တက်အောင် ကူညီပေးသူမှာလဲ သူတို့ရဲ့ အဖွဲ့ခေါင်းဆောင်အသစ်ဖြစ်သည်။ သူ့အတွက် ယုံကြည်ရတဲ့ လက်အောက်ခံတစ်ယောက်ကို မွေးမြူဖို့အတွက်ထိုလူထွားကြီးရဲ့ခွန်အားတိုးတက်အောင် သူကူညီထားခြင်းဖြစ်သည်။ သူကတော့ သူရဲ့ ယုံကြည်ရတဲ့ လက်အောက်ခံက တစ်ရက်တောင် မကြာပဲ သေသွားလိမ့်မယ်လို့ သူကတော့ တွေးထားမည်မဟုတ်ပေ။ အကယ်လို့သာ ခေါင်းဆောင်အသစ်သာ သိရှိသွားမယ်ဆိုရင် မိုးခြိမ်းသလိုမျိုး ဒေါသထွက်တွေ ထွက်လာမည် အမှန်ဖြစ်သည်။
လူကြောက်များကတော့ တုန်လှုပ်ခြောက်ခြားသွားက ချက်ချင်းကို မီးခိုးတန်းတွေလို ထွက်ပြေးသွားကြသည်။ အရမ်းဝေးတဲ့ နေရာရောက်သည်အထိ ပြေးလွှားသွားကြပြီးမှ သူတို့ထဲ တစ်ယောက်က ရပ်တန့်ပြီး မုန်းတီးမှုအပြည့်ဖြင့် 'မင်းသာ ခံနိုင်ရည် ရှိရင် ထွက်မပေးနဲ့။ အဲဒိမှာ စောင့်နေ ငါတို့ အဖွဲ့ခေါင်းဆောင်က မင်းကို သေချာပေါက်ကို ကောင်းကောင်း လာရိုက်လိမ့်မယ်´
ပြောပြီးသည်နှင့် သူကိုယ်တိုင်ကတော့ ထွက်ပြေးသွားသည်။
'ကိုကြီးLing ကျွန်တော်တို့ အခုသွားတော့မှာလား´ You XiaoMo Ling Xiao နောက်ကနေ မျက်မှောင်ကြုပ်ကာ ထွက်လာသည်။ ဒီလူတွေရဲ့ အပြုအမူတွေကို ကြည့်တာနှင့် သူတို့ကို ထွက်သွားခွင့်မပေးမှာ သေချာနေသည်။
'ငါတို့က အခုထွက်သွားနေတာ မဟုတ်ဘူးလား´
Ling Xiao က သူ့ကို ဖျတ်ခနဲက ကြည့်ကာ ရယ်လိုက်သည်။ ပြီးတာနဲ့ သက်တောင့်သက်သာပဲ ရှေ့ဆက်လျှောက်သွားတော့သည်။ You XiaoMo က သူ့နှာခေါင်းကို ခါးသီးစွာ သပ်ပြီး 'ကျွန်တော်ပြောတာက အခုချက်ချင်း သူတို့ပြန်မလာခင်လို့ ပြောချင်တာ´
Ling Xiao လမ်းလျှောက်နေတာကနေ ရုတ်တရက်ကြီး ရပ်လိုက်သည်။ လေးနက်တဲ့ မျက်လုံးတစ်စုံက You XiaoMo ကို စိုက်ကြည့်နေသည်။ သူ့နှုတ်ခမ်းတွေက တော့ ပေါ်ကို ကွေးတက်လာကာ 'မင်း ဘာကို စိုးရိမ်နေတာလဲ။ သူတို့ကို အနိုင်မတိုက်နိုင်မှာကို ကြောက်နေတာတော့ မဟုတ်ပါဘူးနော်´
မဟုတ် ဘူးလေ………
ဒီစကားတွေကြာတာနဲ့ You XiaoMo တစ်ခုသွားသတိရလိုက်သည်။ သူက အခုချိန်မှာ ဒီလိုကြီးမားတဲ့ Long Xiaoတိုက်ကြီးက လူဖြစ်နေပေမယ့် သူ့အတွေးတွေကတော့ အတိတ်မှာ ညပ်နေသေးကာ နည်းနည်းတောင် မပြောင်းလဲသေးဘူးဖြစ်နေသည်။ အကယ်လို့သာ ဒီလိုအခြေအနေမျိုးနဲ့ နှစ်ဆယ့်တစ်ရာစု မှာ တိုက်ခိုက်မယ်ဆိုရင် လူအများစုက အသေအချာကို သတိမထားပဲ သူ့တို့ကို ရှောင်ရှားကြမှာ ဖြစ်သည်။ ဒါပေမယ့် ဒီအပြုအမူက ခွန်အားနှင့်သာ သုံးသပ်တဲ့ Logn Xiao တိုက်ကြီးမှာ ဆိုရင်တော့ အားနည်းတဲ့လက္ခဏာလို့ ယူဆနိုင်သည်။
မင်းရဲ့ခွန်အားက ပြိုင်ဖက်ထက်ကို မမြင့်မချင်း အကယ်လို့ မင်းသာ ထပ်တလဲလဲ နောက်ဆုတ်မယ်ဆိုရင် အခြားသူတွေက မင်းက စက္ကူကျားတစ်ကောင် သာဖြစ်ပြီးတော့ ဂုဏ်သိက္ခာ လုံးဝ ကျဆင်းသွားမှာ ဖြစ်သည်။
သူတိတ်ပြီး အတွေးတွေ နက်နဲနေတာကို ကြည့်ပြီး Ling Xiao မျက်ခုံးတွေ အံသြစွာနဲ့ မြင့်တက်သွားသည်။
ပုံမှန်ဆိုရင် သူက သေချာပေါက်ကို သူ့မျက်နှာတွေ လုံးဝကို နီမြန်းသွားသည်အထိကို ငြင်းဆိုမှာဖြစ်သည် ။ အခုတော့ သူက တိတ်နေသည်။ ဒါက နည်းနည်းတော့ ထူးဆန်းသည်။
'ညီလေး´
Ling Xiao သူ့ကို မယုံသင်္ကာဟန်ဖြင့် ခေါ်လိုသည်။ သူဘာကို သိချင်နေလဲဆိုတာကိုတော့ ဘုရားသခင်သာလျှင် သိလိမ့်မည်။
You XiaoMo ရုတ်တရက်ကြီး ခေါင်းမော့လာကာ သူ့ကို စပ်ဖြဲဖြဲ ရယ်ပြသည်။ သူ့ဆီ လျှောက်လာက သူ့လက်မောင်းကို တွန်းကာ လမ်းဆက်လျှောက်ရင်းနှင့် 'ကိုကြီးLing ကျွန်တော်က ဘာမှ မစိုးရိမ်ဘူး ကိုကြီးက အရမ်းတော်တာ သိတာပေ့ါ ၀ံပုလွေစွယ်အဖွဲ့က အဲဒိ ခြေသုံးချောင်းနဲ့ကြောင်တွေက ကိုကြီးနဲ့မှ မကိုက်ညီပဲဟာ။  ဒါပေမယ့် သူတို့ကလဲ ကိုကြီး ဂရုစိုက်တာကို လဲ ခံရဖို့ မထိုက်တန်ဘူးလေ.. အဲ့တော့ ကျွန်တော်တို့ မြန်မြန်ထွက်သွားတာ ကောင်းတယ်မလား ဒီမှာ ပျော်ဖို့မှ မကောင်းတာ´
'ဒါ အမှန်ပဲလား ……´
Ling Xiao က သူ့ကို သဘောတူလိုက်တာလား။ ဒါပေမယ့် အခုချိန်ထိ လက်ရှိ You XiaoMo က နည်းနည်းထူးဆန်းသည်။ သူ့ကို ကြည့်ရတာ တစ်ခုခု ဖုံးထားသလိုပဲ ရုတ်တရက်ကြီး ကို ပေါ့ပေါ့ပါးပါး အေးအေးဆေးဆေးဖြစ်သွားတာ။
သို့သော် ပြဿနာ တွေက တော့ နည်းနည်းတောင် မလျော့နည်းပဲ သူတို့ဆီ လာနေသည်။
၀ံပုလွေ အဖွဲ့ခေါင်းဆောင်အသစ်က သူ့ရဲ့ အာဏာကို ထူထောင်ချင်နေသည်။ ဒီတော့ သူချထားတဲ့ စည်းကမ်းကို ထိရဲတဲ့သူကိုတော့ ရှင်းပစ်ရလိမ့်မည်။ သူတို့က သူ့ရဲ့ပထမလှေခါးထစ်ဖြစ်သည်။
သူတို့တွေ ဂိတ်တံခါးနား ရောက်ခါနီးတွင် အဆိုပါအဖွဲ့ခေါင်းဆောင်က နောက်ဆုံးမှာတော့ သူ့လူတွေနဲ့ ပေါ်လာတော့သည်။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now