"......လာပြီလား?"

ကျွန်တော်အရှင်မင်းကြီးရဲ့မျက်နှာကိုနောက်ဆုံးမြင်လိုက်ရတာ ၁၁ ရက်လောက်ရှိနေပြီ။ ကျွန်တော်ပြုံးပြီး သူ့ကိုကြိုဆိုလိုက်တယ်....သူတစ်ခါမှ ဒီအချိန်မလာဖူးဘူး အဲ့တော့ကျွန်တော် ဘာမှပြင်ဆင်ချိန် မရလိုက်ဘူး....အရှင်မင်းကြီးက တင်းမာတဲ့မျက်နှာနဲ့ ကျွန်တော့ကို ဆူပူတော့တာပဲ။

"မင်းငါ့ကို ဒီလိုပြုံးပြနေရင်တောင် ဒီတစ်ခါတော့ ဒီအတိုင်းမကျော်သွားနိုင်တော့ဘူး....ဒီမှာ မိုးရာသီဆိုဘယ်လောက်တောင် အေးလဲသိရဲ့လား?"

ကျွန်တော်ရှက်ရွံ့စွာနဲ့ပဲ ကျွန်တော့ရဲ့အေးစက်နေတဲ့ လက်တွေကို ဖွက်ထားလိုက်ရတယ်... သူကသက်ပြင်းချပြီး တံခါးကို ပိတ်လိုက်တယ်....ဒီတော့ကျယ်လောင်လှတဲ့ မိုးသံက တိုးညှင်းသွားတော့တာပေါ့။

အရှင်မင်းကြီးကကျွန်တော့ရဲ့လက်တွေကိုဆွဲယူလိုက်တယ်။ သူကအားထည့်ဆွဲတာ မဟုတ်ပေမဲ့လည်းကျွန်တော် မရုန်းကန်နိုင်ဘူး....

"ကြည့်ဦး..အေးစက်နေတာပဲ မင်းနောက်တစ်ခါထပ်ပြီး အအေးမိရင်ဘယ်လိုလုပ်မလဲ? ဟန်? ရဲဟို"

သူ့အသံကကျွန်တော့ကိုဆူနေသလိုပဲ....ဒါပေမဲ့ကျွန်တော်ရှက်ရွံ့စွာနဲ့ပဲပြုံးနေလိုက်ပါတယ်။

"အဲ့ဒီလိုပြုံးပြမနေနဲ့"

သူကကျွန်တော်ရဲ့အေးစက်နေတဲ့လက်တွေကိုသူ့ရဲ့နွေးထွေးခြောက်သွေ့နေတဲ့လက်တွေနဲ့ဆုပ်ကိုင်ပြီးအနွေးထပ်လွှဲပေးနေတယ်...သူ့ရဲ့ပုခုံးတွေစိုနေတာကိုတွေ့တော့ကျွန်တော်နည်းနည်းလန့်သွားတယ်..

"ထီးမဆောင်းလာဘူးလား?"

သူကကျွန်တော့ကို မေးခွန်းထုတ်တဲ့ အကြည့်နဲ့ကြည့်လာပြီး ကျွန်တော့်အာရုံက သူ့ပုခုံးပေါ်မှာ ရှိနေတာကိုတွေ့တော့မှပဲ ပြုံးလိုက်တော့တယ်..

"အထိန်းတော်ကြီးကတော့ ထီးကိုင်ပြီး လိုက်ရှာပါတယ်...ငါသူတို့ကို တွန်းထုတ်ရင်တောင်မှ သူတို့နားထောင်မှာမှမဟုတ်တာ။ ပြီးတော့ငါထီးမဆောင်းရင်တောင်မှ ငါ့ပုခုံးတစ်ခုတည်းစိုစရာအကြောင်းမရှိဘူးလေ"

(Completed) YehoWhere stories live. Discover now