အခန်း ၆၉

Start from the beginning
                                    

စီးကရက်ကို မီးညှိနေတာတောင် ချောင့်ကို အကြည့်မပျက်ပေ။



သူ့ဘေးက ကားပြတင်းမှန်ကို ချ၏။









**************************

ဝက်ဝက်ကွဲလူကြိုက်များပြီး တန်ဖိုးအနှစ်သာရရှိသော သရုပ်ဆောင်ချက်

လုမွာ သူ့စာကြည့်ခန်းထဲဝင်သွားပြီး စာရွက်စာတမ်းတစ်ခုကို ယူကာ အောက်ဘက်ကို ပြန်ဆင်း၏ ။

အဒေါ်ချန်ဟာ ဓာတ်လှေကားထဲက ထွက်လာသည့်လုကို မြင်တဲ့အခါ သူမလုပ်နေသည့်အလုပ်ကိုပင် ချက်ချင်းရပ်လိုက်ပြီး...

"သခင်လေးလု ထွက်လာပြီလား?"

လု ခေါင်းညိတ်သည်။

မျက်နှာအမူအယာမှာ ဘာခံစားချက်မှ မရှိဘဲ သူ့ဖိနပ်လဲဖို့ ဖိနပ်ခန်းငယ်ဆီကို လမ်းလျောက်သွားသည်။

အခန်းသော့ကို ဖွင့်ဖို့လက်လှမ်းနေတုန်း သူနောက်လှည့်ကြည့်ခဲ့တဲ့အခါ ရှေးခေတ်ကြွေပန်းအိုးတစ်လုံးကို သန့်ရှင်းရေးလုပ်နေသည့် အဒေါ်ချန်ကို တွေ့သည်။

စက္ကန့်အနည်းငယ်လောက်ရပ်ပြီး မေးလိုက်သည်။

"ဒီရက်တွေမှာ သခင်မလုရဲ့ ကျန်းမာရေးအခြေအနေ ဘယ်လိုနေလဲ?"

"သခင်မလေးလုက မနေ့ကပဲ ပြန်နေကောင်းလာပြီ သခင်လေး...သူ့စိတ်လည်း တော်တော်လေးကို လန်းဆန်းတက်ကြွလာတယ် သခင်လေး...သခင်မလေးမှာ တစ်ခြားထွေထွေထူးထူးကိစ္စတော့ရှိမယ်မထင်မိဘူး" ဟူ၍ မှန်မှန်ကန်ကန် အစီရင်ခံတင်ပြ၏ ။

အဒေါ်ချန်တောင် စကားမဆုံးသေး...လုတစ်ယောက် သူ့ကားသော့တွေကိုင်ပြီး ထွက်သွားတော့သည်။

သူဟာ ချောင့်အခြေအနေကို မေမးခဲ့သလို ဟန်ဆောင်ခဲ့ပေမယ့် သူ့ကိုသတင်းတင်ပြဖို့ အဒေါ်ချန်ကို တွန်းအားပေးခဲ့သည်။

လု ကားတံခါးကို ဖွင့်လိုက်ပြီး ဝင်သည်။

ပြောင်ရှင်းနေသောလမ်းမထဲသို့ မောင်းကွေ့ခဲ့၏ ။

ကားဘက်မှန်ကနေ လမ်းမကိုကြည့်ခဲ့တဲ့အခါ ချောင့်ကို မြင်သွားသည်။

ချောင်းဟာ ထီးဆောင်းထားလျက် ပန်းများခူးလို့နေသည်။

ကားကို ဘရိတ်အုပ် အရှိန်လျော့လိုက်ပြီး စီးကရက်မသောက် ချောင့်ကိုအတော်ကြာ စူးစိုက်ကြည့်နေခဲ့သည်။

စီးကရက္ကို မီးညှိနေတာတောင် ချောင့်ကို အကြည့်မပျက်ပေ။

စီးကရက်မီးက အောက်ခြေရောက်လာပြီး သူ့လက်ထိပ်ကို ပူလာတော့မှသာ သတိဝင်လာသည်။

ဆေးလိပ်ပြာခွက်ထဲ ထည့်ပြီး ဘက်မှန်ကို ကြည့်နေဆဲပင်။

သူ့ဘေးက ကားပြတင်းမှန်ကို ခ်၏။

သူ့နူတ်ခမ်းကို ကိုက်နေလျက် ဘက်မှန်မှ အဝေးကိုကြည့်ဖို့ သူ့ကိုယ်သူ တွန်းအားပေးလျက်။

တွန်းအားပေးရင်းနဲ့ပင် စတီယာတိုင်ကို ကိုင်ပြီး မောင်းတော့သည်။

ချောက်ဟာ ပန်းများကို ပွေ့ပိုက်ပြီး အိမိကို ပျော်လျက် သယ်လာသည်။

အဒေါ်ချန်ယူလာပေးတဲ့ ကြွေပန်းအိုးထဲမှာ အလှဆင်၏ ။

သူမကျေနပ်ပြီဆိုမှ ညစာစားပွဲပေါ်မှာ ထားသည်။

ချောင် သူမရဲ့လက်တွေကို ဆေးကြောပြီးနောက်မှာ အဒေါ်ချန်က "သခင်လေးလု စောစောကလေးတင် စာရွက်စာတမ်းတစ်ခုယူပြီး ထွက်သွားတယ် သခင်မလေးလု"

ချောင့်ကို အဒေါ်ချန်ကနေ ပြောလိုက်တဲ့အခါမှာ တစ်ခဏတုံ့ဆိုင်းသွားပြီး မကြားသလိုနေသည်။

သူမ လက်တွေကိုသာ ဆက်ဆေးနေခဲ့ပြီး သူမရဲ့ပင်ကိုယ်စိတ် ပြန်ရောက်လာတော့သည်။

**************************











ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now